Saturday, October 18, 2008

[Dawnmanhon( ဒေါင်းမာန်ဟုန် )] 2 New Entries: မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

ကိုကျော်စိုး မခင်မိုးအေး
၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုးရင်ပြင်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင်ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆိုခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က "သူတို့ကို စဖမ်း ကတည်းက ဘာကြောင့်ဖမ်းတယ်ဆိုတာ အကြောင်းပြချက်မရှိဘူး၊ စစ်ဆေးတွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ" ဟု ပြောသည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

"၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာလုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်" ဟု ဦးတိတ်နိုင်က ပြောသည်။

မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉ ၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း မြန်မာ နိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ကိုအောင်ထွန်းက ရေးသားပြုစုနေစဉ် အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ်အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒုတိယအကြိမ် ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း ဒီမိုကရေစီရေးလုပ်ငန်းများကို အားပေးကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေးခံရမှုများ ကြုံခဲ့ရသည်။

ကိုကျော်စိုးသည်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ကြောင့် တခြားကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။
ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာကိစ္စများကို ဆက်လက်လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

ပြည်တွင်း လူငယ်များ၏ အခြေနေမှန် အားတင် ပြ လိုက် သည်

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။ ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။ မီဒီယာများတွင် ပါရှိလာသည့်  လူငယ်( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။
ခွပ်ဒေါင်းသွေး ဘလော့မှ

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.