ကျွန်တော်နှင့်နောက်ဆုံးစက္ကူရုပ်
- ဖျက်သုန်းပစ်လိုက်ပြီ...
အခုတော့လဲ ငါ့ယာခင်းမှာ
အလွမ်းကြွေတွေသာ မြင်ရက်စရာမရှိအောင်
ပြန့်ကျဲလို့ပေါ့... - ငါ့ခရီးမိုင်တိုင်မှာ....
နိုဝင်ဘာမှတ်တိုင် တခုစိုက်ထူခဲ့ဖူးကြောင်း
အဲဒိတောင်တန်းတွေသာ သိနိုင်ကြလိမ့်မယ်... - ကိုယ့်ကိုကိုယ် ငြင်းပယ်ရင်း
ငါဟာ ဘယ်တော့မှ... ဘယ်ချိန်မှ...
အဖြစ်မရှိတဲ့ မြစ်တစ်စင်းရယ်ပေါ့... - တနံတလျား ချစ်မိတော့လဲ
နှလုံးသားဗုံသံတွေက
ကြာတော့... ပြာအက်လို့.... - နဝေတိမ်တောင်နဲ့ အ၀ှက်လွန်သွားတဲ့
နှစ်နှစ်ကာကာများကို ဖွင့်ဖောက်
ရာသီဥတုဒဏ်တွေကိုက ..ညိုးငယ်ခြောက်ကုန်ကြရဲ့... - မှော်လေးရေ...
အိပ်ရာဝင်ပုံပြင်လဲမဟုတ်
အပျော်ဖတ်သက်သက်လဲ မဟုတ်ခဲ့ပါဘူး...
စကားလုံးဟောင်းတချို့ခပ်တင်းတင်းပိုက်ရင်း
တချိန်ချိန်ကိုပေါ့...
ငါလေ...ထီးရိပ်လေးမိုးရင်း စောင့်လို့...။
You received this email because you are subscribed to the real_time feed for http://www.minnyoonthit.net/feeds/posts/default. To change your subscription settings, please log into RSSFWD.