Saturday, October 18, 2008

[Laminkhin] 2 New Entries: ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန် သုံးသပ်ချက်များ (၂)

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန် သုံးသပ်ချက်များ (၂)

၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပါတယ်။ သခင် သန်းထွန်း ၊ သခင်စိုးတို့ ဦးစီးကျင်းပခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီးလက်ယာ တို့ ကို ဖိတ်ကြား ခြင်းမရှိ။ ဗိုလ်မှူးကြီးဇေယျ ၊
ဗိုလ်မှူးကျော်ဇော ဗိုလ်မှူးရဲထွဏ်တို့ ကိုသာ ဖိတ်ကြားပြီး ဗဟိုကော်မတီဝင် များအဖြစ်အသိအမှတ်ပြုခဲ့ကြတယ်။

ဗ.က.ပ ကွန်ကရက် တွင် ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဗိုလ်မှူးကြီး လင်္ကျာ တို့ ကို ပါတီတွင်းက ထုတ်ပယ်လိုက် တာဟာ
မြန်မာ့နိုင်ငံရေးရဲ့ ဗွေဆော်ဦးအမှားလို့ သုံးသပ်နိုင်ပါတယ်။ အဲဒီကွန်ဂရက်မှ သခင်စိုးကိုလဲ အိမ်ထောင်ရေးအမှား
ကျူးလွန်တာကြောင့် ဗဟိုကော်မတီဝင်အဖြစ်မှ (၂) နှစ်ကြာ ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချလိုက်ပါတယ်။

ကွန်ဂရက်မှာ တင်ပြတဲ့ သခင်သန်းထွန်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ
(၁)စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့ 
(၂)တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃)တိုင်းပြုပြည်ပြုလွတ်တော်မှ ဗမာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ ဖြစ်တယ်။

၁၉၄၅ ခုနှစ်သြဂုတ်လ (၁၆)(၁၇) ရက်တွေမှာ နေသူရှိန်စည်းဝေးပွဲကျင်းပခဲ့တယ်။သဘောတူညီချက်တွေကတော့
(၁) ယာယီအစိုးရဖွဲ့ စည်းရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူရေး
(၂) တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃) မျိုးချစ်ဗမာ့တပ်မတော်ကိုသိမှတ်ပြုပြီး ဗမာ့တပ်မတော်သစ်ပြန်လည်ဖွဲ့ စည်းရေးဖြစ်ပါတယ်။

ဖတပလ အဖွဲ့ အစည်းကြီးကိုလဲ ဗဟိုဦးစီးအဖွဲ့ ဝင်(၂၁) ဦးမှ (၃၆) ဦးအထိ တိုးချဲ့ ဖွဲ့ စည်းခဲ့တယ်။ စောဘဦး ကြီး
မန်းဘခိုင် ဆရာသာတို့ စတဲ့ကရင်ခေါင်းဆောင်များ ၊ ဦးအောင်ဇံဝေ ၊ ဦးကျော်ရင်တို့ လို့ ရခိုင်ခေါင်း ဆောင်များ ၊
ဦးဘဖေ ၊ ဦးပု ၊ ပျော်ဘွယ်ဦးမြစတဲ့ လက်ယာခေါင်းဆောင်ကြီးများလဲပါဝင်ခဲ့တယ်။

၁၉၄၅ ခုနှစ်စက်တင်ဘာမှာ မောင့်ဘက်တန်နဲ့ ဆွေးနွေးဖို့ ဖတပလကိုယ်စားလှယ်များအဖြစ်ဗိုလ်ချုပ်အောင်ဆန်း
သခင်သန်းထွန်; ၊ဗိုလ်မှူးနေ၀င်း ၊ဗိုလ်မှူးကြီးလက်ယာ ၊ဗိုလ်မှူးဇေယျ ၊ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးမောင်မောင်
၊ ဗိုလ်မှူးစောမင်း ၊ ဦးဘဖေ ၊ ဦးဘဦးကြီး ၊ ဦးညိုထွန်းစတဲ့ (၁၁)ဦးတို့ သီဟိုနိုင်ငံ ကန္ဒီ မြို့ ကိုသွားရောက်ခဲ့ကြ
တယ်။

ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ လက်ရွေးစင်တပ်သား(၅၂၀၀) အရံတပ်သား(၃၀၀၀) ဗိုလ်(၂၀၀)
အရံဗိုလ်(၂၀၀) ဖွဲ့ စည်းဖို့ မောင့်ဘက်တန်သဘောတူခဲ့တယ်။ အင်အား(၂၀၀၀၀) ကျော်မှ အင်အား(၅၄၀၀) ကိုသာလက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တယ်။ ဗမာ့တပ်မတော် အဖြစ်ပြောင်းလဲခဲ့ရတယ်။ အဲဒီကန္ဒီသဘော
တူညီချက်ကို ဗိုလ်မှူးကျော်ဇောနဲ့ ဖဆပလ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကကန့် 
ကွက်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ လွတ်လပ်ရေးရရှိရေးအတွက် အထွေထွေသပိတ် တိုက်ပွဲပေါ်ခဲ့ပါတယ်။
ဒါ့ ကြောင့် စက္ကူဖြူစီမံကိန်းပျက်စီးခဲ့ပြီး ဗြိတိသျှဘုရင်ခံချုပ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ဖဆပလ
ခေါင်းဆောင်များကိုယာယီအစိုးရဖွဲ့ စည်းနိုင်ငံရေးအတွက်ကမ်းလှမ်းခဲ့ပါတယ်။ယာယီအစိုးရဟာရွေး ကောက်
်ပွဲကျင်းပဖို့ တိုင်းပြုပြည်ပြုလွှတ်တော်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ဆက်လက်ကြိုးပမ်းကြပါ တယ်။

၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလမှ ဗ.က.ပ ပါတီရဲ့ ဗဟိုကော်မတီ စည်းဝေးပွဲကျင်းပခဲ့ပါတယ်။ ကန္ဒီစာချုပ်ပေါ်
ပေါက်ခြင်းနှင့် ဆက်စပ်ပြီး လမ်းစဉ်ပိုင်းဆိုင်ရာ သဘောကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဗဟိုကော်မတီ(၂၂)ဦးရှိရာ
မှာ သခင်စိုးကို ထောက်ခံသူ(၇)ဦးတို့ က အလံနီပါတီကို ခွဲထောင်လိုက်ပါတယ်။ သခင်စိုးရဲ့  ဂိုဏ်းခွဲရေးဝါဒ
စတင်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အလံနီပါတီဟာ သခင်သိန်းဖေ ၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်တဲ့ ဗ.က.ပ ပါတီကို အချောင်သမားများအဖြစ်တိုက်ခိုက်ခဲ့သလို သခင်အောင်ဆန်း ၊ သခင်မြ ၊ သခင်သန်းထွန်း ၊ သခင်သိန်းဖေ
တို့ ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ ချုပ်ကြီးကိုလဲ အမျိုးသားရေး သစ္စာဖောက်များအဖြစ် ပြင်းထန်စွာ ဝေဖန် ပုတ်ခတ်တိုက်ခိုက်တော့တယ်။ ဒါ့ကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ကြားဖြတ်အစိုးရက အလံနီ
ပါတီကို ၁၉၄၆ ခုနှစ်ကတည်းက မတရားသင်းအဖြစ် ကျေညာလိုက်ရပါတယ်။

သခင်စိုးဂိုဏ်းခွဲလိုက်ခြင်းဟာအမျိုးသားစည်းလုံးညီညွှတ်ရေးကိုများစွာထိခိုက်စေခဲ့ပါတယ်။(၁၉၄၆)
ခုနှစ်ယာယီအစိုးရအဖွဲ့ ကိုခေါင်းဆောင်နေတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ခေါင်းဆောင်အဖြစ်ကနှုတ်
ထွက်ဖို့ ဖြစ်ကတဲ့အခါမှာ သူ့ ကိုယ်စားတပ်မတော် ခေါင်းဆောင်ရာထူးကို ကွန်မြူနစ် ခေါင်းဆောင်တွေဖြစ်
် ကြတဲ့ သခင်ဗဟိန်းနဲ့ သခင်သန်းဖေတို့ ကိုရွေးချယ်ဖို့ ဗိုလ်ချုပ်မှသခင်သန်းထွန်းကို ကမ်းလှမ်းခဲ့ပါတယ်။

သခင်သန်းထွန်းကလက်မခံတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးလက်ယာကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ရပါတယ်။
နောက်ပိုင်းကာလ မြန်မာနိုင်ငံရေး ဖြစ်စဉ် သမိုင်းတွေမှာ အဲဒီတုန်းက သခင် သန်းထွန်းရဲ့  အမှားကြောင့်
မြန်မာ့နိုင်ငံရေး များစွာ ထိခိုက်ခဲ့ရပါတယ်။

၁၉၄၆ ခုနှစ် အောက်တိုဘာမှာ ဗမာပြည်ကွန်မြူနစ် ပါတီက ကန္ဒီ စာချူပ်ကို မှားယွင်းတယ်ဆိုပြီး ဝေဖန်
တိုက်ခိုက်လာခဲ့ပါတယ်၊ ဒီကိစ္စနဲ့  ဆက်စပ်ပြီး ဗကပ နဲ့ ဖဆပလ တို့ အပြန်အလှန် ဝေဖန် တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့ပါတယ်။ စေ့စပ် ညှိနိုင်းမှုတွေ အောင်မြင်မှု မရဖြစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ဖဆပလ
တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒီအဖြစ် အပျက်ကြီးဟာ အမျိုးသား နိုင်ငံရေးရဲ့ 
ဒုတိယပြိုကွဲမှုကြီးဖြစ်တယ်။

အဲဒီ ၁၉၄၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီခေါင်း ဆောင် သခင်ဗဟိန်းနဲ့ ဖဆပလ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်တဲ့ 
ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ နှစ်ဦး ကွယ်လွန်ခြင်းဟာ မြန်မာ့ နိုင်ငံရေးမှာ
လက်ဝဲ ညီညွတ်ရေးအတွက် များစွာ ထိခိုက်စေခဲ့တယ်။

၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၇ခု ဂျူလိုင်လ အထိ လက်ဝဲညီညွတ်ရေးအတွက် ဗကပ ပါတီနဲ့ ဖဆပလ အဖွဲ့ 
ချူပ်တို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် အောင်မြင်မှုမရ ဖြစ်ခဲ့တယ်။

၁၉၄၇ ခုနှစ် ဂျူလိုင်လ(၁၉) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  ၀န်ကြီးအဖွဲ့ ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတယ်။
တမျိုးသားလုံးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ခဲ့တယ်။ဦးနု ဦးဘဆွေ ဦးကျော်ငြိမ်သခင်တင်တို့ က ခေါင်းဆောင်ပြီး
ဖဆပလ အဖွဲ့ ကြီးနဲ့  ၀န်ကြီးအဖွဲ့ ကို ဆက်လက် ခေါင်ဆောင်ခဲ့ကြတယ်။ သူတို့ လက်ထက်မှာ လက်ဝဲညီ
ညွတ်ရေး ကြွေးကြော်သံဟာ အားပျော့ မေးမှိန်သွားပါတယ်။

ဗိုလ်ချူပ်တို့ ကျဆုံးပြီးနောက်ဖဆပလ အဖွဲ့ ချူပ်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေကတော့ ဦးနု ဦးကျော်ငြိမ်း
ဦးဘဆွေ သခင်တင်တို့ ဖြစ်လာတယ်။ ဖဆပလ အဖွဲ့ ကြီးအတွင်းမှာဆိုရှယ်လစ်ပါတီက အင်အားကြီးလာ
တယ်။ ဥက္ကဌကြီး ဦးနုဟာတသီးပုဂ္ဂလမျှသာဖြစ်တယ်။ သူ့ နောက်မှာ ပါတီမရှိပါ။ဆိုရှယ်လစ်ခေါင်းဆောင်
များရဲ့ အရှိန်သြဇာကို လွန်ဆန်နိုင်စွမ်းမရှိပါ။ ကျန်ရှိနေတဲ့ ဖဆပလ ခေါင်းဆောင်များနဲ့  ၀န်ကြီးအဖွဲ့ ဝင်
များ ကလည်း တသီးပုဂ္ဂလတွေသာဖြစ်တဲ့ အတွက် ဆိုရှယ်လစ်ခေါင်းဆောင်တွေကို ကျော်လွှား နိုင်စွမ်း
မရှိကြပါ။ ဒါကြောင့်မို့  ဖဆပလ အဖွဲ့ ကြီးနဲ့ ကွန်မြူနစ်ပါတီတို့ ရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပိုမို သဲသန် ပြင်ထန်
လာပါတော့တယ်။

ဆိုရှယ်လစ် ခေါင်းဆောင်များနဲ့ ပြည်သူ့ ရဲ ဘော် ခေါင်းဆောင်ကြားမှာ အမြင်မတူမှုတွေ ပိုမိုပြင်းထန်လာ
ပါတယ်။အမျိုးသားညီညွတ်ရေးဟာ ပိုမိုဆိုးဝါးလာပါတယ်။ပြည်သူ့ ရဲ ဘော်တွေကို ဗိုလ်မှူးအောင် ဗိုလ်မှူး
ဖိုးကွန်း ဗိုလ်မှူးသာထွန်း ဗိုလ်မှူးအောင်ညွန့် တို့ ဦးဆောင်ခဲ့ကြတယ်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ
အမျိုးသား ပြိုကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်။

အဲဒီဖြစ်ရပ်တွေထဲမှာအရေးကြီးတဲ့၁၉၄၆ ခုနှစ်ဇန်န၀ါရီလ(၂၁) ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ရွှေတိဂုံအလယ်
ပစ္စယံ လူထုဆန္ဒ ပြပွဲကြီးဟာ အထူးအရေးကြီးတယ်။ အဲဒီတုန်းက ညီညွတ်မှုကို ပြသနိုင်ခဲ့သေးတယ်။

တောင်းဆိုချက်တွေက လုံးဝလွတ်လပ်ရေး ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရေး၊ မြေယာပြဿနာ
ဖြေရှင်းပေးရေး၊ နယ်ချဲ့  အရင်းနှီးများကို ပြည်သူပိုင်းသိမ်းပိုက်ရေး၊ အသက်(၁၈) နှစ်ပြည့်သူတိုင်း
မဲဆန္ဒပေး ခွင့်ရရှိရေး၊တိုင်ပြု ပြည်ပြု လွှတ်တော် ခေါ်ယူပေးရေးစတဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်နိုင်ခဲ့ပါ
တယ်။ ဖဆပလ နဲ့ ကွန်မြူနစ်တွေ အဲဒီ စည်းဝေးပွဲတုန်းက ညီညွတ်ခဲ့သေတယ်။

၁၉၄၆ အောက်တိုဘာ (၁၀) ရက်နေ့ မှာ ဖဆပလ အဖွဲ့ ချူပ်မှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။
ဒုတိယမြောက် အမျိုးသားပြိုကွဲမှုကြီးဖြစ် တယ်။သို့ သော်လည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှ ဖဆပလ
အဖွဲ့ ချူပ်က ဗြိတိသျှ အစိုးရထံ တောင်းဆိုချက် (၃) ချက်ကို တင်ပြခဲ့တယ်။ ဗကပ တွေက ထောက်ခံ
ခဲ့သေးတယ်။

အဲဒါတွေကတော့- -
(၁) လက်ရှိ ဘုရင်ခံချူပ် လက်အောက်ခံ အမှုဆောင်အဖွဲ့ ကို ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ၊
(၂) တိုင်းပြု ပြည်ပြုလွှတ်တော် ခေါ်ယူရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ 
(၃) ဗမာပြည်အား တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ပေးရေးတို့ ဖြစ်ပါတယ်၊
အထက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်န၀ါရီ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန်
ဖဆပလ အဖွဲ့ ချုပ်က ဗြိတိသျှ အစိုးရကို တောင်းဆိုခဲ့တယ်။

၁၉၄၇ ဇန်န၀ါရီ (၂၇) ရက်နေ့ မှာ အောင်ဆန်း - အက်တလီ စာချူပ် လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။
စာချူပ်ပါ သဘောတူညီချက်အရ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ
ခဲ့တယ်။ အဲဒီရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေးတယ်။

ဂဠုန်ဦးစော၊ သခင်ဘစိန်၊ ဒေါက်တာဘမော်တို့ က သပိတ်မှောက်ခဲ့တယ်။ သူတို့ က လင်္ကျာဂိုဏ်း ခေါ်
စော၊စိန်၊မော် အုပ်စုဖြစ်ကြတယ်။ ဗြိတိသျှ ဓနသဟာယ နယ်ပယ်အတွင်းမှာ နေလိုသူတွေဖြစ်ကြတယ်။
လုံးဝလွတ်လပ်ရေးကို ဆန့် ကျင်သူတွေဖြစ်ကြတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ညီလာခံ
ကျင်းပပေးတဲ့ (၉-်၆-၄၇)နေ့ မှ (၂၇-၉-၄၇) ရက်နေ့ အထိ ရက်(၁၀၀)အတွင်းအပြီးရေးဆွဲနိုင်ခဲ့တယ်။

ဗြိတိသျှ အစိုးရရဲ့ ဖိတ်ကြားချက်အရ ၁၉၄၇ အောက်တိုဘာလမှာ ၀န်ကြီးချူပ်သခင်နု ခေါင်းဆောင်တဲ့
ကိုယ်စားလှယ် အဖွဲ့ လန်ဒန်ကို သွားရောက်ခဲ့တယ်။ (၁၇-၁၀-၄၇) နေ့ မှာ နု- အက်တလီ စာချူပ်ကို
လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်။

နု- အက်တလီ စာချူပ်အရ သဘောတူညီချက်များမှာ-
- ကိုလိုနီ ခေတ် မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကိုယ်စား ချူပ်ဆိုခဲ့တဲ့
သဘောတူ စာချူပ်မှန်သမျှကို ဆက်ခံ တာဝန်ယူရတယ်။ စာချူပ်ပေါင်း(၁၇၀) ရှိခဲ့တယ်။

- ဗြိတိသျှ ကိုလိုနီ သမားများရဲ့ စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်း သိမ်းပြီဆိုရင် လျော်ကြေးပေးမယ်ဟု
သဘောတူ လိုက်ရတယ်။
- ဗြိတိန် နိုင်ငံသို့ ကြွေးမြေကဋေ (၃၅.၆)သန်းကျပ်ပေးဆပ်ရမယ်။အမေရိကန်ကိုတော့ ချေးငွေဒေါ်လာ
(၅)သန်း ပြန်လည်ပေးဆပ်ရမယ်။
- အိန္ဒိယ နဲ့ ပါကစ္စတန် လူမျိုးများအတွက် ပင်စင် လစာငွေ ကျပ်(၆)ကဋေ (၉)သန်းပေးရမယ်။

အဲဒီ စာချူပ်ကို ကွန်မြူနစ် ပါတီမှ အပြင်းအထန် ရှံ့ ချ ကန့် ကွက်ခဲ့တယ်။ နိုင်ငံရေးအရ လွတ်လပ်သော်
လည်း စီးပွားရေးအရမလွတ်လပ်လို့ ဝေဖန်တိုက်ခိုက်တယ်။မြန်မာနိုင်ငံဟာ ကိုလိုနီတစ်ပိုင်းပဒေသရာဇ်
တစ်ပိုင်း နိုင်ငံဖြစ်သွားပြီးလို့ ကြေညာခဲ့တယ်။ အဲဒီစာချူပ်ကြောင့် အမျိုးသား သွေးစည်းညွတ်မှု ထပ်မံ
ပြိုကွဲစေခဲ့တယ်။

၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးရရှိပြီးနောက် ဗကပ နဲ့ ဖဆပလ တို့ ရဲ့ အပြန်အလှန် ဝေဖန်တိုက်
ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ ပြည်သူ့ ရဲဘော် အဖွဲ့ နဲ့ ဆိုရှယ်လစ်ပါတီတို့ ရဲ့ ပဋိက္ခ ဖြစ်မှုများ
ကလည်း သဲသန်းပြင်ထန်လာတယ်။ ၁၉၄၈ မတ်လ ၂၇ ရက်နေ့ မှာ ဖက်ဆစ်တော်လှန်ရေးကို ဖဆပလ
က ရန်ကုန်မှာဦးစီး ကျင်းပခဲ့သလို ဗကပ တွေကလည်း ကျင်းပခဲ့တယ်။ လူထု တစ်သိန်းခန့် စီ ကျတက်
ရောက်ကြတယ်။ အဲဒီည မှာပဲ ဖဆပလ အဖွဲ့ ချူပ်ရဲ့ အထွေထွေအတွင်းရေးမှူ ဦးကျော်ငြိမ်းက ဦးနု ရဲ့ 
သဘောတူညီချက်နဲ့ ကွန်မြူနစ် တွေကိုဖမ်းဆီးဖို့ တပြည်လုံးရှိ ရဲ စခန်းအားလုံးကို ညွန်ကြားချက်ထုတ
် ပြန်ခဲ့တယ်။

၁၉၄၈ မတ်လ ၂၈ ရက်နေ့ မှာ ဗကပ ပါတီဝင်များနဲ့ ဗဟိုခေါင်းဆောင်များကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့တာ
ပြည်ထဲရေး ၀န်ကြီးနဲ့  ၀န်ကြီးချူပ်တို့ ရဲ့ ဆုံးဖြတ်ချက်အရ ထွက်ပေါ်ခဲ့တာပါ။ ဆိုရှယ်လစ် ပါတီ ဗဟို
အလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ဖဆပလ ဗဟိုအမှုဆောင်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက် ၀န်ကြီးအဖွဲ့ တို့ ရဲ့ 
ဆုံးဖြတ်ချက် မဟုတ်ပါ။ ဒါကြောင့်မို လွတ်လပ်ရေးရရှိအပြီး(၃) လအကြာမှာ ပြည်တွင်းစစ်မီး စတင်
်လောင်ကျွမ်းခဲ့တာ သမိုင်းတရားခံ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဆက်လက်တင်ပြပါမည်

မီဒီယာ များသေချာစေ့ချင် သည်

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ
နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင်
စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက်မှတ်
ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င်
ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင်ပင်
မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။

ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည်
အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ
ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စကို
ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ်များ
ဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ်
လူငယ်ပါတီ ၀င် များ မဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား
စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များ အကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အား ယုတ်လျှော့ စေ ရန်
သပ်လျှို သွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများ အနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင်
သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။


Posted by free for country at 05:01

Labels: ဖြစ်ရပ် မှန် (ပြည်တွင်းလူငယ်များဘလော့မှ)

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.