Sunday, November 30, 2008

[ဆောင်း] 1 New Entry: ကိုယ်တွေ့ပုံပြင် - စိတ် -၁

ကိုယ်တွေ့ပုံပြင် - စိတ် -၁


အခုတလော မမြင်ရတဲ့ ဘလော့ရွာမှာ.... ဟိုက ... ဒီက .. အသံတွေ ညံနေလို့ ...

သိရပြန်တော့ .. ရယ်စရာလည်း ဖြစ်မိသလို တဖက်ကလည်း သနားတဲ့စိတ် ၀င်လာ မိပါတယ်။

ကျမ ကျောင်းတက်တဲ့ အခါတုန်းက တွေ့ခဲ့ဘူးတဲ့ ကိုယ်တွေ့ မျက်မြင် အဖြစ်အပျက်လေးကို သတိရမိသွားလို့ပါ။

ကျမ စတွေ့တဲ့ အချိန်မှာ ကျောင်းမှာ အလုပ်လုပ်နေတဲ့
ကိုယ်ဝန်ဆောင်အမ တစ်ဦးဟာ မျက်နာ သိပ်မကောင်းလှပါ။ ၀မ်းနည်းနေတာလား။ ကိုယ်ဝန်ကြောင့် ပင်ပန်းနေတာလားမပြောတတ်ပါဘူး။ ဗိုသီ ဖတ်သီနဲ့ ဘယ်သူနဲ့မှ စကားပြောတာလည်း မတွေ့ပါဘူး။

နောက် အတန်ကြာ ပျောက်သွားပါတယ်။ ကျမအထင်တော့ ကလေးမွေးတာလို့ ထင်ပါရဲ့ ကျမတို့လည်း စာမေးပွဲအပြီး နဲ့ ဆိုတော့ နောက် ၅လ-၆လလောက် မှ အဲဒီအမကို ရုံးမှာ ပြန်တွေ့ပါတယ်။

လုံးဝပြောင်းလဲသွားပါတယ်။ မျက်နာမှာ မိတ်ကပ်တွေ လိမ်းတာမှ ပုံထားတယ်ထင်ရလောက်အောင် ပြင်ပါတယ်။ အ၀တ်အစားတွေက မင်္ဂလာဆောင် သွားသလား အောင်းမေ့ရပါတယ်။

(လက်နာလာပြီ နောက်နေ့မှ ဆက်ရေးမယ်။ စိတ်ရှည်ရှည်နဲ့ သည်းညှည်းခံပေးပါနော်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.