Sunday, November 30, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ Myanmar Info-teach အဆောက်အဦးတွင် ပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

ကျွန်တော်တို့မှ လာမည့် လအတွင်းအောက်ပါရည်ရွယ်ချက်များဖြင့် အင်တာနက်အသုံးပြုသူ လူငယ်များ အနေဖြင့် web နည်းပညာနှင့် ဆက်သွယ်ရေး အချက်အလက်ဆိုင်ရာ များကိုပိုမိုပြန့်ပွားစေရန် အတွက် ယခု ပြပွဲပြိုင်ပွဲကိုကျင်းပမည်ဖြစ်ပါသည်။


၁- အင်တာနက်ပေါ်တွင် တဦးနှင့်တဦး မည်သူမည်ဝါဖြစ်ကြောင်းအလွယ်တကူပြသနိုင်ရန်
၂- ပြည်တွင်းပြည်ပမှ မိတ်ဆွေသူငယ်ချင်း သစ်များတိုးပွားလာပြီး ပညာရေး၊
လူမှုရေး ကဏ္ဍ များတွင် ပိုမို အကျိုးရှိစွာဆောင်ရွက်နိုင်စေရန်
၃- web ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ပေါ်နေသော အချက်အလက်နည်းပညာများ
ကိုအမြဲတစေ ထိတွေ့နေစေရန်
၎- တဦးတယောက်ခြင်းမှ စကာ အင်တာနက်အသုံးပြုပြီး ၀င်ငွေတဖက်တလမ်းမှရရှိစေရန်
၅- နည်းပညာအခြေခံ၍ အခြားစီးပွားရေး ကဏ္ဍ များအတွက် အခွင့်အလမ်းများကို သိသာလာစေရန်

အဆိုပါရည်ရွယ်ချက်များကို အခြေခံ၍ တကိုယ်ရေ အင်တာနက်စာမျက်နှာများကို ယှဉ်ပြိုင်ပြသရန် စီစဉ် ထားပြီး လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များမှ
ရွေးချယ်ပေးသည့် အမှတ်အများဆုံး စာမျက်နှာပိုင်ရှင်အား ဆုချီးမြှင့် ရန် စီစဉ်ထားရှိပါသည်။

ဆုချီးမြှင့်မည့် အစီအစဉ်
အကောင်းဆုံးဆုကို တခုသာသတ်မှတ် ရွေးချယ်သွားမည်ဖြစ်ကာ ဆုကြေးအဖြစ် ကျပ်ငွေ ၁ သိန်းနှင့် အခြားလက်ဆောင်များ ကိုပေးအပ်သွားမည်ဖြစ်ပါသည်။


Your success is our consern

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.