Saturday, December 13, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: "50 Cent"

"50 Cent"

ဒီကမ္ဘာကို
ခြေချမိရာကအစ
ငါ့ဘ၀မှာ
မမြင်ရတဲ့ သူငယ်ချင်းတွေကို
အပြင်လောက အပေါင်းအသင်းထက်
ပိုမက်မောခင်တွယ်လာခဲ့တယ် ....

ဒါပေမဲ့
တချို့တချို့သော Blogger လေးတွေ
ဒါကို အခွင့်ကောင်းယူလို့
ဘယ်သူမှ (ဗုံနဲ့) မမြှောက်ရပဲ
တစ်ယောက်တည်း ရွေးကောက်ပွဲကျင်းပနေလေရဲ့ ...

စိတ်ထားဖြူဖြူ
Blogger သူလေးတွေကတော့
ညဏ်နုံနဲသူလေးကို ဗွေမယူရှာပါဘူး
မထူးခြားတဲ့ ရွေးကောက်ပွဲကြီးရဲ့
အစီအစဉ်မှူး အရူးအပေါကိုသာ
Comment များနဲ့ ထောမနာပြုလို့
ဝိုင်းဝန်းဆုတောင်းပေးပုံက
"ဘ၀ကံအကျိုးပေး မကောင်းရှာသူရယ်
ဒီ့ထက်ပိုပြီး ပေါနိုင်ပါစေကွယ်" ..တဲ့ ...

by ....DecemberCinderella
( ကိုယ့်စရိတ်နဲ့ကိုယ် ဦးနှောက်အစားခံ၊ အချိန်ကုန်ခံပြီး blogger သူလေးများ အလကားနေရင်း နာမည်မကြီးကြီးအောင် ကူညီစွမ်းဆောင်ပေးသော မောင်လေး အိမ် သို့ ..ကျေးဇူးတင် အမှတ်တရ ....)

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.