Saturday, December 13, 2008

[သက်တန့် ရောင်စဉ် စိတ်ကူးများ] 1 New Entry: နည်းနည်း ကြွားမယ်နော်

နည်းနည်း ကြွားမယ်နော်

ကျွန်မက နားကပ်၊ နားဆွဲ၊ နားကွင်းတွေကို ပုံစံစုံ အရောင်စုံ ကြိုက်တာတွေ့တိုင်း ၀ယ်တတ်ပါတယ်... အ၀တ်အစားရဲ့ အရောင်အလိုက် နားဆွဲကိုလည်း ၀တ်တတ်ပါတယ်... မမ၀ါဝါက အကြိုက်ဆုံး ပစ္စည်းလေးဆိုတော့ ဒါလေးတွေပဲ အကြောင်းပဲ တင်လိုက်တော့တာ... :)

ကြယ်ပုံ၊ ထောင့်မှန်စတုဂံပုံ၊ ဘဲဥပုံ၊ အသည်းပုံ၊ ဒိုင်းမွန်းပုံ၊ တြိဂံပုံ နားကွင်းတွေပါ...
နားကွင်းကို ပုံစံမျိုးစုံ ၀ယ်စုရတာ ၀ါသနာပါပါတယ်...

ခပ်ကြီးကြီး နားဆွဲတွေပါ...
သစ်သားနားဆွဲနဲ့ ပုလဲတွေပါတဲ့ နားဆွဲက နည်းနည်းလေးလို့ သိပ်မဆွဲဖြစ်ဘူး...


ဒါကတော့ နားဆွဲအရှည်တွေပါ...
နားဆွဲအရှည် ဆွဲပြီး နားရွက်နားမှာ ဘီးဖီးရင် ဘီးထဲကို နားဆွဲက ပါပါသွားတတ်သေးတယ်...


ဒါကတော့ နားဆွဲရောင်စုံပါ...
သဘောကျလို့ ကြိုက်လို့ ၀ယ်ထားတာလေးတွေပေါ့...


ငွေနားဆွဲနဲ့ ဖန်စီနားဆွဲလေးတွေပါ...
ထောင့်ဘက်က ခပ်သေးသေး နားကပ်လေးက အရိုးခေါင်းပုံလေးပါ...
လက်ရာက အရမ်းပီပြင်လို့ ၀ယ်ထားတာ... သိပ်မဆွဲဖြစ်ဘူး... အရိုးခေါင်းပုံဆိုတော့လေ...

ကဲ... အကြွားပို့စ်လေး တင်ပြီးပြီဆိုတော့ နားကပ်တွေကို ပိုင်ရှင်တွေဆီ ပြန်ပေးလိုက်ဦးမယ်နော့... :P

You received this email because you are subscribed to the real_time feed for http://www.yellowish-rainbow.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.