Saturday, December 13, 2008

[mAunG mYo] 1 New Entry: လွမ်းဆွတ်ခြင်းအမှတ်တရ

လွမ်းဆွတ်ခြင်းအမှတ်တရ


"မေ"
မင်းရဲ့အပြာရောင် ညလေးမှာ
ငါ့ချစ်ခြင်းတွေ ဂျွမ်းထိုးမှောက်ခုံ
နှစ် ၂၀ကျော် မာကျောခဲ့တဲ့
နှလုံးသား လဲပြိုခဲ့တယ်။


"မေ"
မေ့ရက်ပြီလား ငါချစ်တဲ့သူရယ်

ပေးခဲ့တဲ့ ဒဏ်ရာတွေ
အနာမကျက်သေးတာ
ဒီလို ဆောင်းရောက်တိုင်းပေါ့


"မေ"
မင်းရဲ့ဆံနွယ်တွေကို ခုချိန်ထိမေ့မရတာ

ငါ့မှာ ဒဏ်ရာတွေနဲ့မလှပတဲ့ နောင်တတစ်ခုပါပဲ ။


P>S= မနှစ်ကဒီလိုအချိန် ကျနော့်နှလုံးသားထဲ တစ်ကြိမ်သာ လှုပ်ခတ်ခဲ့ပြီး လာခြင်းမကောင်းတဲ့ ချစ်ခြင်းအတွက် လွမ်းဆွတ်ခြင်းအမှတ်တရပါ ။



You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.