Saturday, November 15, 2008

[Laminkhin] 1 New Entry: NCGUB ဘယ်လဲ ဘာလဲ ( MAHARMY ဘလော့ မှကူးယူတင်ပြသည်)

NCGUB ဘယ်လဲ ဘာလဲ ( MAHARMY ဘလော့ မှကူးယူတင်ပြသည်)

ပြည်သူ့ ဘက်တော်သားတဦး

၁၉၉၀ခုနှစ် ဇူလိုင်လက ကျင်းပခဲ့တဲ့ ဂန္ဓီ ခန်းမ ဗိုလ်အောင်ကျော်လမ်း မှာ ရွေးချယ်ခံ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်များနဲ့ NLD ပါတီ အလုပ်အမှုဆောင်ကော်မတီများ၊ခေါင်းဆောင်များအားလုံးစုံညီ ဂန္ဓီခန်းမ
အစည်းအဝေးကြီး ကျင်းပပြုလုပ်ပြီးနောက် အချို့ ဟာ ယှဉ်ပြိုင်အစိုး ရဖွဲ့ ဖို့  မန္တလေးမှာ အစည်းအဝေး
လုပ်ခဲ့ကြတယ်။

ဒီအစည်းအဝေးမှာ ၀န်ကြီးချူပ်ရွေးဖို့ စဉ်းစားကြတာဟာ ဒေါက်တာ စိန်ဝင်း မဟုတ်ပါဘူး။ အခြားCEC
အဖွဲ့ ဝင် တယောက်ပါ။ ပေါက်ခေါင်း အမတ် ၀န်ကြီးချူပ်ဖြစ်ရမယ် ဆိုတဲ့ ဒေသစွဲ၊ ဦးဘ၀င်းသား ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် သချာင်္ ဒေါက်တာ ဦးစိန်ဝင်းကို ရွေးတဲ့
လူက ရွေးခဲ့ကြတာပါ။



ဦးစိန်ဝင်းဟာသူနဲ့ အတူ ရာသက်ပန်ဝန်ကြီး ဖြစ်နေတဲ့ ဦးဘိုလှတင့်၊ဦးစန်းအောင်စသည်တို့ နှင့်KNUရဲ့ 
မေတ္တာရိပ်ကို ခိုလှုံပြီးနိုင်ရွှေကျင၊် ဦးခိုင်စိုးနိုင်အောင်၊ဦးကျော်လှ တို့ တတွေက ပြည်ပရောက် အစိုးရဖွဲ့ 
ဖို့ အဆင်သင့် လုပ်ကိုင်ထားတဲ့ အစိုးရတံဆိပ်တော်တွေ အသုံးပြုပီး ရွေးကောက်ပွဲ အနိုင်ရ Mandate
ကိုအသုံးပြုပြီး အမျိုးသားညွန့် ပေါင်း ဆိုတဲ့ အစိုးရဆိုတဲ့ နာမယ်ခံခဲ့တယ်။ ညွန့် ပေါင်း ဆိုတဲ့ အတိုင်း
တိုင်း ရင်းသားခေါင်းဆောင်တွေပါ ပါဝင်ဖွဲ့ စည်းဖို့ သဘောတူခဲ့ကြတယ်ဆိုပေမယ့်နောင်မှာရွေးချယ်ခံ
တွေဘဲ ပါ ပါရစေဆိုတဲ့ငြင်းဆိုချက် ရှိတယ်လို့  ပြောစမှတ် ပြုခဲ့ကြပါတယ်။

အစိုးရဖွဲ့ စမှာတော့ MPU တွေ မရှိုပါဘူး။ ရောက်လာသမျှ (၈)ဦး၊ (၁၁)ဦး စသည့် ၀န်ကြီး တွေပါဘဲ။
နာမယ်တွေတောင်မှည့်ခဲ့ပါသေး တယ်။ကျန်းမာရေးဝန်ကြီး၊အလုပ်သမားဝန်ကြီး စသည်ပေါ့။ ရာသက်
ပန် ၀န်ကြီးချူပ် ဦးစိန်ဝင်းကတော့ နိုင်ငံခြားရေး တာဝန်ယူပီး ရာသက်ပန် ဘဏ္ဍာရေး ၀န်ကြီးက
ဦးဘိုလှတင့်ပါ။

ဝန်ကြီးများ(၁၁)ဦးရှိရာက ၂၀၀၄-၂၀၀၅ မှာ (၅)ဦးဘဲ ရှိပါတော့တယ်။ ၂၀၀၃ခုနှစ်အကုန်အထိ (၇)ဦး
ရှိရာကနေ ၂၀၀၄ ခုနှစ် မတ်လ ညီလာခံ မှာ တရားရေးဝန်ကြီး ဦးသိန်းဦးနဲ့ ပြန်ကြားရေး ၀န်ကြီး
ဦးမောင်မောင်အေးကို ဖြုတ်ပြစ်ပါတယ်။

ပိုက်ဆံမရှိလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ အဖြုတ်ခံရမှာ မသိတဲ့ ဦးသိန်းဦးက ပိုက်ဆံဆို တာ သူတို့ 
ပဲရှာကြ၊ ရနေကြတာပါလို့ ပြောတယ်။သူတို့ ဆိုတာက (၅)ဦးကော်မတီဝန်ကြီး၊( အရှေ့ / အနောက်/
ဘော်ဒါဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဝန်ကြီးချူပ်ပါ။ )

ဝန်ကြီးချူပ်နဲ့ ဝန်ကြီးတွေက တသွေး၊တသံ၊တသားတည်းပါ။ ၀န်ကြီး ချူပ်က Credential Challenge
မှာညီလာခံခေါ်ပြီး အမတ်အများဆုံး အကုန်လုံးကလက်မှတ်ထိုးပြီး အရေးဆိုသည်ဖြစ်စေ၊ ဟိုလူ ဒီလူ
လာပြောပြော၊ ဗိုလ်ချူပ်တာမလာဘော ဘဲပြောပြော၊ လက်မှတ်ထိုးဖို့  မပြောကြနဲ့ ၊ ပြောရင်သာမော
ကြမယ် ကျနော်ကတော့ မထိုးရေးချ မထိုးလို့ … …. ။

ဒီမိုကရေစီ ဆိုတာဘာလဲ၊

"ဦးစိန်ဝင်းရဲ့ ဒီမိုကရေစီ"လို့ ဝိတ္တာရပြုရမယ့် ဒီမိုကရေစီအရတသွေး၊တသံ၊တမိန့် လို့ ပြောရမယ့်အစိုးရ
ပါဘဲ။
အစိုးရဖွဲ့ စည်းစဉ်က" မြန်မာနိုင်ငံစစ်အာဏာရှင်စနစ်အမြန်ဆုံး ချူပ် ငြိမ်းရေး ၊အားလုံးပါဝင်တဲ့ညီလာခံ
ပေါ်ထွန်းရေး၊ ပြည်ထောင်စု အစိုးရ တရပ် ပေါ်ထွန်းရေး" ဆိုတဲ့ ကြွေးကျော်သံနဲ့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာ
၁၈ ရက်မှာ ဖွဲ့ စည်းခဲ့တယ်။

၁၉၉၄ခုနှစ် UNGA မှစပြီး သုံးပွင့်ဆိုင်၊သုံးပွင့်ဆိုင်လို့ တကျော်ကျော် ဟစ်အော်ပြီး၊ UNGA မှာ ဆုံးဖြတ်
ချက်
သုံးပွင့်ဆိုင်ဆွေးနွေးဖို့ စစ်အာ ဏာရှင် အစိုးရအား တိုက်တွန်းလိုက်သည်ဆိုတဲ့ ယခုထိ ရာသက်ပန် ရှင်
သန်နေဆဲဖြစ်တဲ့ (ဆုံးဖြတ်ချက်)(တိုက်တွန်းချက်)အရ " သုံးပွင့် ဆိုင်" ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားခဲ့
တယ်။

သုံးပွင့်ဆိုင် ပါတနာ၊ Dialogue Partner ဖြစ်တဲ့ချစ်လှစွာသော နအဖ ငြိုငြင်မှာ ကို မလုပ်ခဲ့။ ဒီပဲယင်း
တရားခံလည်းမလုပ်ခဲ့။ ရွှေဝါရောင်စစ်ဆင်ရေးမှာလည်း R 2 P မလုပ်ခဲ့။ အမျိုးမျိုး အနစ်နာခံ၊ မျက်စ
ပစ်ခဲ့သော်လည်း မောင်မင်းကြီးသား နအဖ တုတ်တုတ်မှ မလှုပ်။ "သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မမျှော်လင့်နဲ့ 
" လို့ ဗိုလ်ကျော်ဆန်း တိုင်းသိပြည်သိ ပြောခဲ့သော်လည်း ရွှေပြည်တော်မျှော်တိုင်းမဝေးလေ ဘူး ဆိုပြီး
မသိကျိုးကျွန်။ ဒါလေးနဲ့ ပဲ အနောက်တိုင်း ၊အရှေ့ တိုင်း ၊ EU တခွင်ပြဲပြဲစင် (တရုတ်ပြည်ကလွဲလို့ )
Lobby လုပ်လို့ Donor ငွေ တွေဖြုန်းခဲ့တယ်။

Good Governance ဆိုသည်မှာ ပွင့်လင်းရိုးသားမှု၊ ပြည်သူ့ ဆန္ဒလိုက် လျောမှု၊ ဝေဖန်ခံနိုင်မှု၊
Transparency – Accountability – People desire -လိုက်လျောမှု စသည်တို့ နဲ့  သတ်မှတ်စံထိုးရ
မှာပါ။ ဒီစံတွေ ရှိသလားဆိုတော့ ဘယ်ညီလာခံပဲလုပ်လုပ်၊ ဘဏ္ဍာရေးမှာ ရငွေဆိုပြီး စာရွက်တစ်ရွက်
ပြတယ်။ ဘယ်ကဘယ်လောက်ပဲ ရတယ်ပေါ့။ သုံးစွဲငွေဆိုတာ ပြရိုးထုံးစံမရှိ ။ ရငွေစာရွက်တောင် ပြ
ပီးတာနဲ့  လက်မှတ်ထိုး သိမ်းဆည်းသွားတယ်။ ဘယ်လောက်သုံးလို့ ဘာတွေ ရလာဒ်တွေ ရှိလဲမသိ။
Strategic meeting -ဘဏ္ဍာရေး အစည်းအဝေး ၀ါရှင်တန်မှာ လုပ်တယ် ပြောသံကြားတယ်။ MPU
ကို ဖိတ်ကြားခြင်းမရှိ။ ဘဏ္ဍာရေးကော်မတီ ဘယ်သူတွေူပါမှန်း မသိ။ မသိ။

ဘက်ဂျက် ကိုလွှတ်တော်တင်ပြ၊လွှတ်တော်က အတည်ပြု ဆိုတာတွေ မလိုက်နာ၊ ပြောမယ့်သူမရှိ၊
ရှိပြန်ရင်လည်း ပေါက်ပန်းဈေး လာမပြောနဲ့  လို့ ဘဏ္ဍာရေးဝန်ကြီးက ဟောက်လိုက်သေးတယ်။

၂၀၀၄- ၂၀၀၅ မှာတစ်နှစ်ကိုဒေါ်လာတသန်းရတယ်။ NCGUB ကWLB ကို ဒေါ်လာ၆သောင်း စွန့် ကြဲ
တယ်။ နိုင်ငံတကာ အစည်းအဝေး မှာ Lobby လုပ်ဖို့ ဘောင်ဘီတို နံ့ နဲ့ တီရှပ်ဝတ် အမျိုးသမီး ခေါင်း
ဆောင်ငယ်ငယ်လေးတွေ တွေ့  ရင် NCGUB က ထောက်ပံ့ငွေနဲ့  WLB အမျိုးသမီးခေါင်းဆောင်တွေ
လို့  မှတ်ကရောပဲ။ NLD(LA)အမျိုး သမီးအဖွဲ့ ကို ရှိလား၊ဘာလုပ်ပေးရမလဲမေးဖော်တောင်မရပါဘူး။

MPU ငွေရေး ကြေးရေး မိမိဖာသာ မရှာနဲ့ ၊ NCGUB က MPU ပြပြီး ငွေရှာထားတာ ၊ MPU ကိုတော့
တစ်နှစ်ဒေါ်လာ ၃သောင်း အကုန်ခံ တော်ရောပေါ့။ MPU မှာ ရုံးတရုံး ဓါးတစင်းမရှိ။ ၾသစေၾတးလ်
နိုင်ငံ ၊နယ်သာလင် နိုင်ငံတွေမှာ နေခွင့်ရလည်း၊ တော်လှန်ရေး နယ်မြေ ရှိရာ မဲဆောက် MPU မှာ
တာဝန်ထမ်းဆောင်နေပေမယ့်လည်း ၊Movement အတွက်မပါ၊ မဲဆောက် NCGUB ဘော်ဒါရုံးမှာ
စားပွဲမရှိ၊ Staff မရှိ ၊ဧည့် ခန်းစားပွဲရှေ့ ပေါ်မှာရှိတဲ့သတင်းစာဖတ်ပြီး ပြန်ကြရ တယ်။

၂၀၀၆ ခုနှစ် တူရင်း စည်းဝေးပွဲအပြီးမှာ ရုံဖွင့်ခွင့်နဲ့  Staff နှစ်ဦး ထား ခွင့်ရတယ်။ ကွန်ပျူတာ စားပွဲ
ကုလားထိုင်နဲ့ စတိုင်လ် ကျနေတယ်။ ဘန်ကောက် ၊မယ်ဟောင်ဆောင် စသည့်တော်လှန်ရေး တိုင်း
ရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ ချင်ပေမယ့် ၊ မဟာမိတ် ဆက်ဆံရေးလုပ်ချင် ပေမယ့် ၊ ဘယ်မှာ
လည်းငွေ လမ်းစရိတ် စားစရိတ်၊ ဟိုမှာပေးချင်တဲ့ ဆေးလိပ် ကွမ်းယာဖိုးတောင် မပေးနိုင်။

MPU ဘာတွေလုပ်နေသလဲဆိုရင် NCUB ဒေါက်တိုင်ဖြစ်တဲ့ အတွက် ဘုံလုပ်ငန်း၊ ဘုံလမ်းစဉ်တွေမှာ
ပါဝင်တယ်။ မဲဆောက် ရွှေ့ ပြောင်း အလုပ်သမားတွေ လူထုတွေကို ပြည်ထောင်စုစနစ် ၊အလုပ်သမား
ရေး ရာ စသည် ဟောပြောကြရတယ်။ မဲဆောက်ကိုလာတဲ့ NGO သံတမန် တွေ လက်ခံတွေဆုံတယ်။
NCUB နဲ့ ညီညွတ်ရေး၊သံဃာဦးသျှောင် အဖွဲ့ တွေနဲ့ ညီညွတ်ရေး ကြိုးပမ်းတယ်။ မြန်မာနိုင်ငံက NLD
Statement တွေ လူထုဆန္ဒတွေ လေ့လာ ကူညီပေးတယ်။ မဲဆောက် မှာရှိတဲ့ အခြား နိုင်ငံရေး အဖွဲ့ 
အစည်းတွေနဲ့  မျက်မှောက်နိုင်ငံရေး ဆွေးနွေး၊ MPU အကြောင်းသိရအောင်ဟောပြော စသည် လုပ်
ကြရ ပါတယ်။ ကိုယ်ပိုင်Strategy က NCGUB ရဲ့ Strategy ပါပဲ။ ဒါပေမယ့် NCGUB+MPU ပူးတွဲ
အစည်းအဝေးက လေးနှစ်တခါ ၀န်ကြီးချူပ်သက် တမ်းပြည့်မှ ပြုလုပ်တဲ့ညီလာခံမှာမှ တွေ့ ရတာပါ။
ဒီ ညီလာခံကို ၀န်ကြီးချူပ်ကိုယ်တိုင် တက်ရောက်မှ ဖူးမျှော်ခွင့်ကြုံရတာ ပါ။

၂၀၀၈ခုနှစ်သက်တမ်းပြည့်တဲ့အခါ ထိုင်း- မြန်မာနယ်စပ်မှာကျင်းပပေမယ့် ၀န်ကြီးချူပ် ထိုင်းလာလို့ 
မရလို့ စတုတ္ထ အကြိမ်မြောက် ညီလာခံမှာ ၀န်ကြီးချူပ်ကို MPU က ရွေးချယ်ခြင်း မပြုနိုင်ပါဘူး။
စတုတ္ထအကြိမ် နောက်ဆက်တွဲ ညီလာခံကလည်း လတွေရွေ့  လာ လိုက်တာ ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီ
မှာမှ ကျင်းပတော့မှာဖြစ်လို့  ၀န်ကြီး ချူပ်ရဲ့ (၅)ဦးဝန်ကြီး အဖွဲ့ ဟာ (၅)နှစ် စိုးစံသွားတယ် ဆိုရာမှာပါ။

NCGUB ကညီလာခံတွေမှာထုတ်ပြန်ကြေညာချက်Declarationထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအစီရင်ခံ
စာ၊ရှေ့ လုပ်ငန်းစဉ် အစီရင်ခံစာ ပြီးခဲ့တဲ့နှစ်တွေက ဘာ ရလာဒ်ကောင်းတွေ ရခဲ့တယ်ဆိုတာ အစီရင်
ခံစာတွေ မတွေ့ မိပါဘူး။ MPUဆိုတာ တို့ အစီရင်ခံရမဲ့သူ တွေ မဟုတ်ဘူးလို့  သတ်မှတ်ပုံရပါတယ်။
တော်လှန်ရေး နယ်ပယ်မှာ အဖွဲ့ အစည်း တခုခုကို ဝေဖန်ရင် နအဖ အကြိုက်ပြောတယ်မြင်လို့  အပြစ်
အပြောခံရပါတယ်။

ဒီလိုနဲ့ ပဲအနှစ်(၂၀)ရှိခဲ့ပါပြီ ။ နအဖ စစ်အာဏာပိုင်းတွေကိုဖြုတ်ချင်ရင် သူတို့ ပြုတ်ပီး ဘယ်သူ့ ဘယ်
အစိုးရကို အားကိုးပြုရမှာလဲ။ ဖြုတ်ချပီးအစားထိုးမယ့် ရွေးချယ်ခံအမတ်မင်းတို့ အစိုးရကို တိုးချဲ့ ပြုပြင်
ပြောင်းလဲဖို့ မလိုဘူးလား။ အားကောင်းမောင်းသန် တိုင်းရင်းသား ခေါင်းဆောငိများရော၊ စီးပွားရေး
ပညာရှင်တွေရော၊ သတင်းစာ ဆရာ ကြီးများရော ပါဝင်မယ် ဆိုရင်ဖြင့်

" ဒါ ငါတို့ အားထားရာ အစိုးရ
ငါတို့ မှီခို လဲလျောင်းရာ အစိုးရ
ငါတို့ ဂုဏ်ယူရမယ့် အစိုးရ "လို့ 
တနေ့ ၃ကြိမ် ဦးထိပ်ပန်ဆင်မှာပါ။ ။


Posted by mahamay at 1:47 PM

You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.