Saturday, November 15, 2008

[စပ်မိစပ်ရာ] 2 New Entries: သင်လာလိုက လာနိုင်သည်

သင်လာလိုက လာနိုင်သည်

သင့်အား
ကြိုလင့်သောအားဖြင့်
အစာရေစာ
အထည်အဝတ်
အခင်းအကျင်း
နှင်းဆီတစ်ခြင်းနဲ့
ပန်းခင်း ရဲ့ အလယ်ဆီ
ငါ ရောက်လာခဲ့ပြီ။
ငှက်တို့
အိပ်တန်းမတက်မီ
သင် ယုံကြည်သည် ဆိုပါက
မျှော်လင့်ခြင်းနှင့်
အပြစ်ကင်းသော
သင့်ချစ်ခြင်းကို ယူဆောင်ကာ
လိုလားတောင့်တအပ်သော
နေကြာ တို့ မျက်နှာမူရာ အရပ်သို့
သင်လာလိုက လာနိုင်သည် ။ ။

ညိုထက်ညို(1997)

မင်္ဂလာ

အောက်တိုဘာ တစ်လလုံး စိတ်ရှုပ်စရာ ညစ်ညူးစရာ တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ စပ်မိစပ်ရာ ၀ိုင်းတော်သားတွေ နိုဝင်ဘာ လဆန်းက စပြီး ကောင်းသတင်းတွေနဲ့ ပြန်လည်လို့ အသက်ဝင်လာပါပြီ။

ပထမဆုံး ကောင်းသတင်းကတော့ ၀ိုင်းတော်သားကြီး ဂူးဂူး တစ်ယောက် Nov 02 2008 နေ့တွင် လူပြိုကြီး ဘ၀မှ အပြီးအပိုင် ကျွတ်လွတ်သွားပြီ ဖြစ်ကြောင်း စပ်မိစပ်ရာ ဘလော့ဂ်မှ ဂုဏ်ပြုအပ်ပါတယ်။ (သူကတော့ လူပြိုယောင်ဆောင်ချင်နေတုန်း :P ) ။

ဒုတိယ ကောင်းသတင်းကတော့ စာကဗျာရေးကောင်းတဲ့ ကိုညိုထက်ညို တစ်ယောက် ကျန်းမာရေး မကောင်းဟု အကြောင်းပြပြီး ခေတ်မှီကောင်းမွန်တဲ့ ဆေးရုံကြီးမှာ ၂၃ ရက်ခန့် အိပ်လိုက် စားလိုက် အနားယူပြီး သကာလ (မှော်ဆရာ စကား ခဏငှားမယ်နော် :P ) ကျန်းမာရေး ကောင်းမွန်လို့သွားပြီ ဖြစ်ပါတယ်။ အလေးချိန် ၈ ပေါင်ခန့် တိုးလာပြီး စာတိုပေစများကို ဆက်လက် ရေးသားနိုင်တော့မယ် လို့ သိရှိရပါတယ်။

တတိယနဲ့ အကောင်းဆုံး သတင်းကတော့ ကျွန်တော် မောင်သဂျန် တစ်ယောက် လူပြိုကြီး ဘ၀နဲ့ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း စိတ်ဝင်စားသူ အပြိုချောများ အချိန်မှီဆက်သွယ်နိုင်သေးကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ( သတိ…. အတွင်းသိများ အတိုင်တော မထူရ :P )

You received this email because you are subscribed to the real_time feed for http://smsy.mmwordpress.com/?feed=rss2. To change your subscription settings, please log into RSSFWD.