Saturday, November 15, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 2 New Entries: တိုက်ပွဲခေါ်သံ (၇)

တိုက်ပွဲခေါ်သံ (၇)

လုပ်လိုက်ပြန်ပါပြီ ။

သိလိုက်ရတော့ နင့်ကနဲခံစားမိလိုက်တယ်။ ဒေါသတွေ ထောင်းကနဲ ထလာတယ်။
(၆၅)နှစ်ဘဲလား ဆိုတဲ့ အာဇာနည်တွေရဲ့ တုန့် ပြန်မှူတွေကလည်း ကြက်သီးထစေခဲ့တယ်။ သြော် အာဇာနည်မျိုး သေရိုးမရှိဆိုတာ ဒါပါဘဲလေ။  အာဇာနည်တို့ ရေ ------------
တစ်ဗိုလ်ကျရင် ဗိုလ်တစ်ထောင်တက်လာတော့မယ်ဆိုတဲ့စကားနဲ့  အားပေးလိုက်ပါရစေ။

ဒီတခါလုပ်လိုက်တာ သေချာစဉ်းစားကြည့်တော့ ကောင်းသလိုတော့ရှိသား။
ဘာဖြစ်လို့ လဲဆိုတော့ ပျားအုံတုတ်နဲ့ ထိုးလိုက်တာလေ။ ပျား ဆိုတဲ့အဆိပ်ပြင်းသတ္တ၀ါတွေဟာ ချိုမြတဲ့ ပျားရည်ကို ပေးဆောင်ရင်း ဖါသိဖါသာနေလေ့ရှိပေမယ့် သူ့ ကိုတော့လာမထိလေနဲ့  အုံနဲ့ ကျင်းနဲ့  တိုက်ခိုက်ပြီသာမှတ်ပေတော့ ။

အာဇာနည်တို့ ကို ဖမ်းဆီးအကျဉ်းချစဉ်ကတော့ ဖါသိဖါသာနေလာခဲ့တဲ့ ကျုပ်တို့ ပြည်သူတွေ၊ သွားလုပ်တာကိုး ထိမှာပေါ့လို့ ဂရုဏာမှတ်ချက်ပေးသူတွေက စိတ်ထဲမှာတော့ သူတို့ကို ရဲစွမ်းသတ္တိရှိသူများ၊ ကိုယ်ကျိုးစွန့် ပြီး တိုင်းပြည်ကောင်းဖို့ စွမ်းနိုင်သလောက် အခွင့်အရေးတွေရနေသလောက် ဆောင်ရွက်သူများလို့  ချီးကျူး လေးစားပြီးသားပါ။
အခုတော့ ဖါသိဖါသာနေ နေတဲ့ ပြည်သူ ပျားပိတုန်းတွေကို တုတ်နဲ့ ထိုးလိုက်ပြီပေါ့။

သူတို့ ကတော့ သူတို့ လုပ်ထုံးလုပ်နည်းဟောင်း လမ်းရိုးကြီးအတိုင်း မစဉ်းစားမဆင်ခြင်ဘဲ နောက်လူတွေ မလုပ်ရဲအောင် မှတ်လောက်သားလောက်အောင် လုပ်လိုက်မယ်ဆိုပြီးလုပ်လိုက်တာဘဲ။ ရုတ်တရက်ကြည့်လိုက်ရင် ရီစရာလို့ တောင်ပြောလို့ ရပေမယ့် (ရူးကြောင်ကြောင် အကြောက်ကြီးတဲ့စိတ်တွေနဲ့ လုပ်နေတယ်ဆိုတာ သိနေလို့ ပါ) ကြွက်ကိုဆင်နင်း သလိုမျိုး မို့ လို့  ပြည်သူတိုင်းရဲ့ ရင်ထဲတော့ နင့်နေအောင်ခံစားသွားစေတယ်ဆိုပါဘဲ။
အဲဒါ ပြည်သူဆိုတဲ့ ပျားအုံကို ဒုတ်နဲ့ ထိုးလိုက်တာဘဲ။မကြာခင် ပျားတုပ်ခံကြရတော့မယ်။
အဲဒါဟာ နအဖတို့ ဟာ ဥာဏ်နည်း-ဥာဏ်မွဲ တွေစုနေကြတဲ့ လက်တဆုပ်စာလူတွေဆိုတာ တမျိုးပြီး တမျိုး အထင်အရှားပြနေတာဘဲ ဖြစ်တော့တယ်။ ကမ္ဘာပေါ်မှာ ဥာဏ်အနည်းဆုံး အစိုးရ ဟာ နအဖ အစိုးရဘဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး ပြည်သူတွေဟာ ဥာဏ်အနည်းဆုံး နအဖ ရဲ့ အနှိပ်စက်ခံ မြန်မာပြည်သူတွေဘဲ ဖြစ်ပါတယ်။ ကိုယ့်ကံကိုကောင်းအောင် ကိုယ်ကိုယ်တိုင်ကဘဲ ပြုပြင်စီရင်ရတော့မယ် ပြည်သူတို့ ရေ လို့ ဘဲ ဟစ်အော်ကြွေးလို့်  သတိပေးလိုက်ချင်ပါတယ်။


နောက်ထပ် ၆၅ နာရီ၊ ၆၅ ရက်၊ ၆၅ လတောင်နေရတော့မှာမဟုတ်တဲ့ သက်ကြားအို (မ) တရားသူကြီးဆိုတဲ့သူက သူ့ သား-သမီးအရွယ်၊ မြေးအရွယ်တွေကို ဘာမှမလုပ်တာလဲ သိရက်ကြီးနဲ့  ထောင်ဒါဏ် ၆၅ နှစ်ချမှတ်တဲ့ အမိန့် ကို ဖတ်ပြနေတဲ့အချိန် ဘယ်လိုများခံစား နေပါ့မလဲ လို့ မေးလိုက်ချင်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီအမိန့် ကို မဖတ်ဖူးဆိုပြီး ငြင်းမယ် ဆိုရင်ငါ့ကို ရာထူးချလို့ ငါ့ မယား၊ ငါ့သား၊ ငါ့သမီး တွေ ဒုက္ခ ရောက်ရချည်ရဲ့ ဆိုပြီး တွေးမိမယ်ဆိုရင်အပြစ်မရှိတဲ့ ဒီအာဇာနည်မောင်မယ်တို့ ရဲ့  မိသားစုတွေကော ဘယ်လိုခံစား နေပါလိမ့်မလဲလို့ များ တွေးမိပါလေစ ။ ငါမဖတ်ဘဲ ငြင်းလိုက်ရင်လဲ ဖတ်မဲ့ကောင်ကတော့ ရှိနေမှာဘဲ ဆိုတဲ့ ဖြေသိမ့်မှုနဲ့ လုပ်နေတဲ့ လူမျိုးတွေ၊ ဒီကောင်အ လို့ မလုပ်တာ ငါဝင်လုပ် လိုက် မယ်ဆိုတဲ့ လူမျိုး တွေများနေသရွေ့  ဒီ နအဖ တွေဟာ သက်တမ်းရှည်နေဦးမှာဘဲ။

အာဇာနည်တွေကို (ဟန်ဆောင်ပြီး)သွား သနားမနေနဲ့  (မ)တရားသူကြီးတို့ ရေ။ ကိုယ့်ကိုယ်ကိုသာ သနားတတ်ဖို့ ကြိုးစားကြပေတော့။ ပြည်သူတွေက ခွင့်လွှတ်ချင်လွှတ်ပေမယ့် သမိုင်းကတော့ ခွင့်လွှတ်လိမ့်မယ်မထင်ကြပါနဲ့ ။ နောက်တော့မှ တဆွေလုံးတမျိုးလုံး သမိုင်းစာမျက်နှာမဲမှာ ကျန်ရစ်ခဲ့ကြတော့မယ်။ အဲဒီအခါကျရင် ငါ့ကို ဆဲနေကြမှာလားလို့ အခုကထဲကမေးထားကြဦးနော်။ ခင်ဗျားတို့ ကို မွေးခဲ့တဲ့အမေသာရှိနေရင်တော့ ဒီလိုမှန်းသိရင် နင့်ကိုယ်ဝန်ကို ဖျက်ပစ်ခဲ့မှာ လို့ များ ပြောနေမလားဘဲ။ အနည်းဆုံး နင့်ကို မွေးရတာ ဗိုက်ကြောနာတာဘဲအဖတ်တင်တယ်ဟေ့ လို့ တော့ ပြောမှာမလွဲပါဘူး။
အခုအချိန်မှာ အာဇာနည်တို့ ရဲ့ မိခင်များကတော့ မျက်ရည်များကြားကနေ ဂုဏ်ယူနေကြပြီပေါ့

ကဲ ပျားအုံကို တုတ်နဲ့ တော့ထိုးပြီ ပြည်သူတို့ ရေ။
သေချာလည်း စဉ်းစားကြည့်ကြပါဦး။ မဟုတ်တာလုပ်တာတွေ ကြားရလွန်းလို့  မြင်ရလွန်းလို့ ရိုးတောင်နေပြီဆိုတဲ့စကား ပြောနိုင်ဦးမလား။ ခင်ဗျားတို့ ရင်ထဲ ဘယ်လိုနေမလဲ။ ခင်ဗျားတို့ ကျုပ်တို့ စက်ဆုပ်ရွံရှာတဲ့ လူသတ်မှူ၊ မုဒိမ်းမှူတရားခံတွေတောင် နောက်ထပ်အပြစ်ကျူးလွန်နိုင်ဖို့  ထောင်သက်မရှည်ကြပါဘူး။ 
မှတ်ထားကြပါ။ ကြာရင် အမှားတောင်အမှန်ဖြစ်သွားတယ်ဆိုတဲ့စကား ဒီမှာအကြုံးမ၀င်ဘူးဆိုတာဘဲ ။ ၀ဋ်ကြွေးကြမ္မာ မလွတ်သာ ဆိုတာ အထင်အရှားပြပါတော့မယ်။
ခင်ဗျားတို့  ကျုပ်တို့ ဒီလို တင်းကြပ်တဲ့စိတ်တွေနဲ့ သာဆက်နေသွားလို့ ကတော့ မြန်မာလူမျိုး သက်တမ်းတွေ တိုကုန်ကြတော့မှာဘဲ။
ပြည်သူတွေရဲ့ ပြင်းထန်တဲ့ အဆိပ်နဲ့  မဆလ စံနစ်ကို သေအောင်သတ်ခဲ့ပြီးပါပြီ။  ဒီတခါ နအဖ အညစ်တွေရဲ့  အလှည့်ဘဲပေါ့ ။

ဇွဲမောင်

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,15th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )Asian giants drawn into energy row

( 2 )Myanmar's roadmap to undemocratic polls

( 3 )ထောင်ဒဏ်ချခြင်းသည် ရာဇ၀တ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး

( 4 )Activists jailed in Myanmar swoop

( 5 )Myanmar courts jail 9 monks for roles in anti-junta protests

( 6 )အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ

( 7 )Young Female Journalist Jailed for 2 Years

( 8 )နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ

( 9 )Shock tactics in Burma

( 10 )Life in exile in Myanmar

( 11 )Mobile school for Myanmar kids

( 12 )Myanmar jails 9 monks over protests

( 13 )50 dissidents jailed this week

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.