Saturday, November 15, 2008

[လှုပ်ရှားနေသော မိုးကောင်းကင်] 1 New Entry: တောအုပ်၊ တောင်တန်း၊ မြစ်များနဲ့ သူရဲကောင်းတို့ရဲ့ အိမ်မက်များ

တောအုပ်၊ တောင်တန်း၊ မြစ်များနဲ့ သူရဲကောင်းတို့ရဲ့ အိမ်မက်များ

ဟောဟို ရိုးမတောထဲက
မိုးမခနဲ့
မြရာပင်တွေထက်မှာ
နွေဦးရဲ့သက်ရောက်မှုတွေနဲ့အတူ
တောက်ပတဲ့ကြယ်ဖူးတွေ
ကြွေသက်ခဲ့တဲ့ ရာဇ၀င်တွေအထပ်ထပ်
မြင့်မြတ်ဗိမ္မာန်အဖြစ်နဲ့
သူရဲကောင်းတို့စံရာဖြစ်ခဲ့..။

အဲဒီတောင်တန်းတွေမှာ
သစ္စာနဲ့အတိပြီးတဲ့ ရာဇ၀င်တွေတည်ခဲ့
ဒီဝီဇံ တပ်မကြီးတခုလုံးကို ချေမှုန်းခဲ့
တရုတ်ဖြူတပ်တွေကို သုတ်သင်ခဲ့
ဖောက်ပြန်တဲ့ အာဏာရှင်တွေကို တော်လှန်ခဲ့
ကျောင်းသားလက်နက်ကိုင်တဲ့ခေတ်ကို ထမ်းပိုးခဲ့
အဲဒီတောင်တန်းတွေမှာ
တောက်ပတဲ့ကြယ်ဖူးတွေ
ကြွေသက်ခဲ့ဖူးကြတယ်..။

အဲဒီမြစ်ပြင်တွေမှာ
နွေဦးရဲ့သင်္ကေတနဲ့
ရှင်ကွဲ ကွဲကြသူတွေ
သေကွဲ ကွဲကြသူတွေ
သစ္စာနဲ့ အလှပဆုံးထုဆစ်ခဲ့တဲ့
အိမ်မက်မြစ်များ..။

သစ္စာတည်ရာ
ဧရာဝတီ သံလွင်
ဒုတ္ထ၀တီ သောင်ရင်း
ချင်းတွင်း စစ်တောင်း
သူရဲကောင်းတို့ ၀ိညာဉ်
ရှင်သန်ဖူးသစ်
ပရမတ္ထ ဖြစ်တည်ခဲ့…။

မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားက
အနိစ္စ လက္ခဏာသဘောမှ
နိစ္စသဘောကို သစ္စာနဲ့စီရင်ရင်း
ရာစုသစ်ရာဇ၀င်တိုင်းမှာ
ထာဝရ ထင်ကျန်ခဲ့ကြသူတွေ
အဲဒီမြေမှာ ရှင်သန်ဆဲ …။

နီလွင်သွေး(ဒဿနိကဗေဒ)

You received this email because you are subscribed to the real_time feed for http://nyeinsuu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.