Saturday, November 15, 2008

[We Fight We Win. -- " More than Media "] 3 New Entries: ဘီလ်ဂိတ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းမှ နေ ကျန်းမာရေးဆေးကုခန်းကိုငွေလှူဒန်း

ဘီလ်ဂိတ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းမှ နေ ကျန်းမာရေးဆေးကုခန်းကိုငွေလှူဒန်း




မက်ကရိုဆော့ပိုင်ရှင်ဟောင်းဘီလ်ဂိတ်ပိုင်ဆိုင်သော ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းမှ ဒါရိုက်တာနဲ့အဖွဲ့ဝင် ၃ ဦးတို့ကမြန်မာနိုင်ငံရှိ နေ ကျန်းမာရေးဆေးကုခန်းများသို့လာရောက်လေ့လာနေကြောင်း ကြားသိရပါတယ်။

နေ ကျန်းမာရေးဆေးကုခန်းက မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဆေးခန်းပေါင်း ၈၅၆ ခန်းဖွင့်ထားပြီး၊ HIV တီဘီနဲ့ ငှက်ဖျားရောဂါသည်များကို ရှာဖွေကုသပေးလျက်ရှိပြီး၊ PSI(အဖေါ်ကွန်ဒုံ) မှ တာဝန်ယူပြီး စီမံခန့်ခွဲလျက်ရှိပါတယ်။

ဘီလ်ဂိတ်ရဲ့အဖွဲက နေ ကျန်းမာရေးဆေးကုခန်း လုပ်ဆောင်နေတဲ့ PSIအဖွဲ့အစည်းကို ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ရန်ပုံငွေ ၅ နှစ်စာ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

၂ဝဝဝ ခုနှစ်ကစတင်ပြီးဖွဲ့စည်းထားတဲ့ ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းအဖွဲ့အစည်းရဲ့ မတည်ငွေက ၂ဝဝ၇ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကန်ဒေါ်လာ ၃၈.၇ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ အလျူ ရှင်တွေရဲ့ လူတန်းမှုတွေက တကယ်ဒုက္ခရောက်နေတဲ့ 
ပြည်သူတွေလက်ထဲကို ရောက်နိင် မနိင်ဆိုတာတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။





Rest of your post

မူးယစ်ဆေးဝါးထုတ် ၀သဖ ခေါင်းဆောင်တွေ ကို အမေရိကန် အစိုးရ က ဖမ်း ၀ရမ်း ထုတ်ပြီ


ဝေရှောက်ခန် ( Wei Hsueh Kang )

မွေးနေ့: ၅/၂၉/၁၉၅၂
မွေးရပ်: တရုတ်နိုင်ငံ
အရပ်: ၅'၆" အလေးချိန်: ၁၂၅ ပေါင်
မျက်လုံး :အညို, ဆံပင်: အမဲ
လူမျိုး : တရုတ်

အမေရိကန် ပြည်ထောင်စု အစိုးရ ဘဏ္ဍာ ရေး ဌာ န က ဒီနေ့ကြေညာချက်တရပ်ကိုထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်မှာတော့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ- UWSA- အဖွဲ့ ဝင် ၂၆ ဦးနဲ့  သူတို့ နဲ့ပတ်သက်နေတဲ့ ကုမ္ပဏီ ၁၇ ခုကိုမူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုနဲ့  အရေးယူဆောင်ရွက်ဖို့  ဆုံးဖြတ်လိုက်ပါတယ်။ ၀ပြည်သွေးစည်ညီညွတ်ရေးအဖွဲ့ က မူးယစ်ဆေးဝါးထုတ်လုပ်ရေးမှာ အရှေ့ တောင်အာရှမှာ အကြီးမားဆုံး အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ ခေါင်းဆောင်က ဝေရှောက်ခန် ( Wei Hsueh Kang ) ဖြစ်ပြီး၊ သူ့ကို မိရင် ဒေါ်လာ ၂သန်း ဆုချီမြင့်မယ်လို့အမေရိကန်အစိုးရက ၂၀၀၃ မေလ၂၉ ရက်နေ့နှင့် ၂၀၀၅ဇန္န၀ါရီလတွေတုန်းကကြေညာချက်ထုတ်ထားခဲ့ပါတယ်။။

ဝေရှောက်ခန်း မှာ ညီအကို ၂ ဦးရှိတယ်။ ဝေရှောင်လန်း နဲ့ ဝေရှောင်းရင် တို့ ဖြစ်တယ်။ သူတို့  ကို ဇန်န၀ါရီ ၂၀၀၅ ခုနစ် ကတည်းက နယူးယောက် တရားရုံးမှာ ဝေရှောက်ခန်နှင့်အတူ တရားစွဲဆိုထားပါသေးတယ်။ ဒီနေ့ အဓိပြစ်မှတ်ထားသောမူးယစ်ရာဇာ ၃ဦးကတော့ Pao Yu Hsiang, Ho Chun Ting and Shih Kuo Neng. Pao Yu Hsiang တို့ကိုဘဲဖြစ်တယ်။ အမေရိကန်အစိုးရအနေနဲ့ ဝခေါင်းဆောင်တွေကို ပြစ်မှတ်ထားပြီး အရေးယူ ဆောင်ရွက် သွားမယ်လို့ဆိုတယ်။ သူတို့ ရဲ့ ငွေကြေးစီးဆင်းမှုတွေကိုလည်း ခြေရာခံလိုက်မယ်။ တခြားနိင်ငံတွေကလည်း သူတို့ လုပ်သလို လုပ်ကြဖို့  ဒုတိယဒါရိုက်တာ ဘာရာ စီ၊ ဟာမာလီ (Barbara C. Hammerle) က ဆိုပါတယ်။

၂၀၀၇ခုနစ်အောက်တိုဘာလမှာ ဟောင်ကောင် ရဲအရာရှိတွေက ဖမ်းဝါးရမ်းထုတ်ထားတဲ့ ဟူချမ်တိန် ကို ဖမ်းမိထားသော် လည်း ပြန်လွတ်ပေးခဲ့ပါတယ်။ အမေရိကန် တရားရုံးတော်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားသူတွေနဲ့  စီးပွားရေး အရ မပတ်သက်ဖို့ ပိတ်ပင်တားမြစ် ထား ပါတယ်။ တကယ်လို့  အမေရိကန် ပြည်သူတယောက်က သူတို့ နဲ့  သွားရောက် ဆက်ဆံခြင်း စီးပွားရေး ပြုလုပ်ခြင်းတွေ ရှိရင် ထောင်ဒဏ် နဲ့ ငွေဒဏ် ၁သန်း ၇ သောင်း ခွဲ ချမှတ်ခံရမှာဖြစ်ပါတယ်။ စီးပွားရေး ကော်ပိုရေးရှင်းအရာရှိတွေကလည်း စီးပွားရေးအရ ဆက်ဆံ မှုရှိခဲ့လျင် ထောင်ဒဏ် နစ် ၃၀ နဲ့ ငွေ ဒဏ် ၅ သန်းကို ချမှတ်မှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ကော်ပိုရေးရှင်း အနေနဲ့  ဒီလူတွေနဲ့ ပတ်သက်နေမယ်ဆိုရင် ထောင်ဒဏ် ၁၀ နစ်နဲ့  ဒဏ် ငွေ ၁သန်း ချမှတ်မယ် လို့ ဆိုပါတယ်။

မှတ်ချက် - အမေရိကန် နိင်ငံသား မြန်မာ လူမျိုးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်နေသူတွေနဲ့ 
မြန်မာပြည်သို့ သွားပြီး လူမှုရေးစီးပွားရေးအရ ဆက်ဆံမှု များ ရှိပါက
ကျနော်တို့  We Fight We Win ကို အကြောင်းကြား နိင် ပါတယ်။

Linkdata Document






Rest of your post

ဲနေစင်္ကြာဝဠာ ပြင်ပ မှာ ဂြိုလ် သစ် ၄ လုံး ထပ်မံတွေ့ ရှိ


CNN -
နာဆာ က စင်္ကြာဝဠာကိုစူးစမ်းလေ့လာနေတဲ့ သိ ပ္ပံ ပညာရှင်တွေက နောက်ဆုံးပေါ် နည်းပညာတွေကို သုံး ပြီး နေစင်္ကြာဝဠာ အပြင်ဖက်မှာ ဂြိုလ် အသစ် လေးလုံးကို ဓါတ်ပုံမှတ်တမ်းတင်နိင်ခဲ့ကြပါတယ်။ ရူပဗေဒပညာရှင် ဘရုစ်မဂ္ဂတခ်ျ ( Bruce Macintosh ) က ကျနော်တို့ နစ်ပေါင်းများစွာ စူးစမ်းလေ့လာပြီးတဲ့နောက်မှာ တွေ့ရတဲ့ ပုံကတော့ သိပ်ကို အံသြစရာကောင်းပါတယ်ဗျာ လို့ ဆိုပါတယ်။ ဒီပြိုလ်တွေကို ကြယ်တွေဝိုင်းရံလျက်တွေ့ ရတယ်။ အိပ်ခ်ျအာ ၈၇၉၉ လို့ အမည်ပေးထားတဲ့ စနစ် ကိုရှာဖွေ တွေ့ ရှိမှုကတော့ အရေးပါတဲ့ခြေလှမ်းသစ်တခုကတော့ တောနောက်ထပ်ကမ္ဘာ သစ် တခုဆီသို့  ဦးတည်ရေးဖြစ်တယ်။ ဒါဟာ အဆုံးစွန်သောရည်မှန်းချက်ဖြစ်ပါတယ်လို့သူက ပြောပါတယ်။အခုတွေ့ တဲ့ ဂြိုလ်တွေကတော့ လူသားအနေနဲ့ သွားရောက်ခြေချနေထိုင်ရေးအတွက် အခြေအနေမရှိသေးဘူးလို့ သိပ္ပံ ပညာရှင်များက ဆိုပါတယ်။ ဒီ ဂြိုလ်သစ် သုံးလုံးကို အမေရိကန်နိင်ငံ ဟာဝိုင်အီ ပြည်နယ်မှာ ရှိတဲ့ မူနကီရာ တောင်ထိပ်ပေါ်က မြောက် ဂျင်မနီ နဲ့  ကီဆခ် လို့ အမည်ပေးထားတဲ့ အကာသကြည့် မှန်ပြောင်းကြီးနစ်ခု ကိုသုံး ပြီး အမေရိကန်နဲ့  ဗြိတိသျ အာကာသ သိပ္ပပညာရှင်တွေက တွေ့ ရှိခဲ့တာဖြစ်ပါတယ်။


သိပ္ပံပညရှင်တွေ ရဲ့ ခန့် မှန်းချက်ကတော့ အိပ်ခ်ျအာ ၈၇၉၉ လို့ အမည်ပေးထားတဲ့ ဂြိုလ်ဟာ နေထက်တောင် ၁ ဆခွဲ ကြီး မားတယ်။ ဂျုပီတာ ဂြိုလ်ထက် ၇ ဆကနေ ၁၀ အထိကြီးနိင်တယ်လို့ ဆိုပါတယ်။ ဒီဂြိုလ် က ကမ္ဘာနေ အလင်းနစ် ၁၃၀ အကွာမှာ ရှိနေပါတယ်။ လူမျက်စိနဲ့ ကြည့် နိင်ဖို့ က အတော်လေးကို မှိန်ဝါးလွန်းတယ်။ မှန်ပြောင်းနဲ့ ကြည့် ရင် မြင်ရနိင်တယ်လို့ ဆိုတယ်။ ဒီဂြိုလ်တွေကို လောလော ဆယ်မှာတော့ HF ၈၇၉၉ A ၊ HF၈၇၉၉ B HF ၈၇၉၉ C လို့ နာမည်ပေးထားပါတယ်။ Extra-Solar Encyclopedia နေစင်္ကြာဝဠာ ပြင်ပရှိ ပြိုလ်များ စွယ်စုံကျမ်းအရ တော့ နေ၀င်္ကြာဝဠာ ပြင်ပမှာ ဂြိုလ်ပေါင်း ၃၂၂ခုရှိနေတယ်လို့ ဆိုတယ်။ ဒီနေ့ တွေ့ ရှိတဲ့ ဂြိုလ် ၄ လုံးနဲ့ ထပ်ပေါင်းရင်တော့ ၃၂၆ လုံးဖြစ်လာပါတယ်။ အာကာသ သိပ္ပံပညာရှင်တွေ က ဂြိုလ်တွေကို သည်းကြီးမဲကြီးလေ့လာနေတဲ့ တခုတည်းသောရည်မှန်းချက်ကတော့ ကမ္ဘာလုံး ဂြိုလ်မျိုး ရှိရမယ်ဆိုတဲ့ ယုံကြည် မျော်လင့်ချက်ကြောင့်ပဲဖြစ်ပါတယ်။

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.