Saturday, November 15, 2008

[မသက်ဇင်] 1 New Entry: ရှမ်းလူမျိုးများ လွှမ်း မိုး ကြီး စိုး သော ခေတ်

ရှမ်းလူမျိုးများ လွှမ်း မိုး ကြီး စိုး သော ခေတ်

ပုဂံခေတ် ပထမ မြန်မာနိုင်ငံတော် ပျက်သုဉ်းပြီး နောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲ ကွဲ အပြား ပြားဖြစ် ကာ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး ကာကွယ်ရေး နှင့် ယဉ်ကျေးမှု တို့ အဖက်ဖက် တွင် ဆုတ် ယုတ်ပျက်ပြားနေခဲ့ရသည်...။ ယင်း ကာလ ကို ဂျီးအီး ဟာဗီနှင့် ပန်း ဟောလ် အစ ရှိသည့် သမိုင်း ပညာရှင်များ က ရှမ်း လူမျိုး များ လွှမ်း မိုး ကြီး စိုး သော ခေတ် ဟု မြန်မာနိုင်ငံ၏ သမိုင်းကို ပိုင်းခြား သတ် မှတ် ခြင်း ပြုကြ သည်...။

ရှမ်းလူမျိုး များသည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တစ်ဝိုက် တွင် အင်အား တိုးတက် ကြီးမား လာ ရုံမျှ မက မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ များ သို့ ထိုးဖောက် ၀င် ရောက်ကာ ကျောက် ဆည် လယ်တွင်း နယ် များ ကို အခိုင် အမာ အုပ်စီး ထားမိကြသည်...။ ပုဂံပြည် ၏ စီးပွားရေး အုပ်ချုပ် ရေး နှင့် ကာ ကွယ် ရေး အင်အား များ ဆုတ်ယုတ် လျက် ပုဂံမင်း ဆက် ဘုရင်များ ၏ တန်ခိုးအာဏာများ လျော့ ပါးစ ပြု နေ သော အ ချိန် လောက် က ပင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ အထူး သဖြင့် ပုဂံမင်းဆက် များ က စဥ့် ကလျား ဖြစ် သွား သည်နှင့် တပြိုက် နက် ကျောက်ဆည်နယ် မှ ရှမ်းလူမျိုး များ သည် မြန်မာနိုင်ငံ တွင် ၄င်းတို့၏ တန်ခိုး အာဏာ နှင့် မင်းဆက် ကို ထူထောင်ခြင်း ပြု ရန်ကြိုးပမ်း အားထုတ်ကြသည်...။

ပုဂံမင်း ဆက် ဘုရင် နရသီဟပတေ့ ၏ ကျောက်ဆည် လယ် တွင်း နယ်စား မြို့ စား များ ဖြစ်ကြ သည့် သီဟသူ အသင်္ခယာ နှင့် ရာဇသင်္ကြန် အစရှိ သော ရှမ်း လူမျိုး အကြီးအကဲ နှင့် ခေါင်းဆောင် ၃ ဦးတို့ သည် အင် အား မရှိ တော့ သော ပုဂံမင်း ဆက် နောက်ဆုံး ဘုရင် ကျော်စွာ ကို နန်းချ ပြီး နောက် ထင်ရှား ကျော်ကြား သည့် မိဖုရား ကြီး ဖွားစော ကို ပင့်ဆောင် ကာ ပုဂံမင်း ဆက် ဘုရင်များ ၏ နေရာသို့ ၄င်းတို့ ကိုယ် ကို အစား ထိုး ရန် ကြိုး ပမ်း အား ထုတ် ကြောင်းတွေ့ ရှိရသည် ...။

အင်းဝ ကို မြို့  တော်ပြု ပြီး မုံရွာ နှင့် ရွှေဘို ခရိုင် ထိ လွှမ်းမိုး ကြီးစိုး ခဲ့ ကြ သော ရှမ်း ပဒေသရာဇ် ဘုရင် များ သည် ပုဂံခေတ် မြန်မာ့ ယဉ်ကျေး မှု အစဉ် အလာ နှင့် အ ဆောင် အယောင်များ ကို ဆက်လက် ထိန်းသိမ်း ခြင်း ပြုရုံ မျှ သာ မက ၄င်း တို့ ကိုယ်ကို လည်း အင်းဝ ရွှေနန်း ရှင် အဖြစ် ဖြင့် ခံယူ ထင်မြင် စေခဲ့ ကြောင်း ဂျီအီး ဟာ ဗီ ၏ စာအုပ် တွင် ရေးသား ဖော်ပြ ထား သည်...။ ပုဂံမင်း ဆက် ဘုရင် များ ၏ မိဖု ရား ဟောင်း များ နှင့် မောင်းမ မိဿံ များ ကို ရှမ်း ပဒေသရာဇ် ဘုရင် များ နှင့် အကြီး အကဲ များ က သိမ်းပိုက် ယူ ငင်လိုက်ကြ သဖြင့် ၄င်းတို့ မှ ဆင်းသက် ပေါက်ဖွားလာ သော ရှမ်း မြန်မာ သွေးနှော သူများ သည် အင်းဝ ကို ဗဟိုပြုပြီး မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ ကို နှစ်ပေါင်း ၂၀၀ ကျော် မျှ စိုးစံခဲ့ကြသည်...။

၎င်း အ ပြင် ရှမ်းမြန်မာ သွေးနှော သော အင်းဝ ဘုရင် များ စိုးစံ ခဲ့ကြ သည့် ကာလ သမိုင်း တစ် လျှောက် တွင် မြန် မာ စာပေ သည် သိသိ သာသာ ကြီး ထွန်းကား ဖွင့်ဖြိုး ပြီး ပင်းယ ငါးစီးရှင် ကျော်စွာ နှင့် အင်းဝ ဒုတိယ မင်း ခေါင် စသော ရွှေနန်း ရှင်ကြီး များ ကိုယ်တိုင် မြန်မာ စာဆိုတော်ကြီး များဖြစ်နေသည် ကို တွေ့ရှိ ရ သည်။

မြန်မာ ရာဇ၀င် ဟောင်း များ တွင် ကျောက်ဆည် လယ်တွင်းနယ် များ ကို အုပ်စီး ထားမိ ကြ သော အင်္သခယာ ရာဇသင်္ကြန် သီဟသူ ညီနောင် အကြီး အကဲ ၃ ဦးတို့ သည် ပုဂံမင်း ကျော်စွာ ကို သုတ်သင် ရှင်းလင်းပြီး နောက် ပင်လယ် မက္ခရာ မြင်စိုင်း အရပ်တို့ တွင် မင်းပြိုင် ပြုခဲ့ ကြသည် ...အငယ်ဆုံး သီဟသူ သည် နောင် တော် များ ကို လုပ်ကြံ ပြီး ၁၃၁၂ ခုနှစ်တွင် ပင်းယမြို့  ကို တည်ထောင် ပြီး လျှင် ၃ နှစ်ခန့် အကြာတွင် ၄င်း ၏ သား တော် အငယ် အသင်္ခယာ စောယွန်း အား စစ်ကိုင်းမြို့  ကိုတည်ထောင်ပေးပြီးနောက် မင်းပြိုင် ပြု စေ သည်။

သို့ရာ တွင် ပင်းယ မြင်းစိုင်း မက္ခရာ နှင့် ပင်လယ် အစ ရှိ သော မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ များ ကို စိုးစံ လျက် ရှိကြသော ရှမ်းမြန်မာ ပဒေသရာဇ်မင်း များ သည် မိမိတို့ အချင်းချင်း တိုက်ခိုက်လျက် မည် သည့် အခါ မျှ စည်းလုံး ညီညွတ်ခြင်း မရှိပေ...။ ပင်းယ တွင် မင်း ၆ ဆက် စစ်ကိုင်း တွင် မင်း ၇ ဆက် စိုးစံကြ ရာ မြန်မာနိုင်ငံ မြောက် ဘက် တလွှား ရှိ မောရှမ်းများ ၏ အကြီး အကဲ သိုချီဘွား က ပင်းယ နှင့် စစ် ကိုင်း ကို ၀င် ရောက် တိုက် ခိုက်ပြီး လူသူ အမြောက်အများ ကို ကျွန်ပြု ဖမ်းဆီးယူဆောင်သွား သဖြင့် ပင်း ယ နှင့် စစ်ကိုင်း မင်း ဆက် များ ပျက်စီး သွားရပြီး လျှင် ယင်း ဒေသတစ်ဝိုက် တွင်ရှိကြ သော မြန်မာလူမျိုး အမြောက် အများ သည် တောင်ငူဘက် သို့ ပြောင်းရွှေ့ ထွက်ပြေးကြသည်...။

ယင်းသို့ မြန်မာ ရာဇ၀င်များ ရေး သား ဖော်ပြ ချက် ကို လေ့လာ ကြည့် လျှင် ပင်းယ နှင့် စစ်ကိုင်း မင်း ဆက် များ ပျက်စီး သွားကြ သည့် သက္ကရာဇ် ၁၃၆၄ ခုနှစ် ထိ ကျောက်ဆည် လယ်တွင်းနယ် များ ကို အုပ်စီး ထား ကြ သော ရှေးမြန်မာ ပဒေသ ရာဇ် မင်းများ နှင့် အကြီး အကဲ များ သည် မြန်မာ နိုင်ငံ တစ်နိုင်ငံ လုံး ကို စည်း လုံး သိမ်း သွင်း နိုင်ဖို့ ဝေးစွ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ တစ်ဝိုက် ကို ပင် စည်းလုံး သိမ်းသွင်းခြင်း မပြုနိုင် ပဲ မိမိတို့ အချင်းချင်း တိုက်ခိုက် လုယက် နေကြသည် ကိုသာ တွေ့ရ သည်...။

ဆက်လက် ပြီး မြန်မာရာဇ၀င် များ တွင် မောရှမ်းများ ၀င်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ မင်း ဆက် များ ပျက်စီး သွား သော အခါ ရှမ်းမြန်မာ အကြီးအကဲ တစ် ဦးဖြစ်သူ သတိုးမင်းဖျား သည် ကျောက် ဆည် လယ် တွင်းနယ် များ ကို ဖြတ်သန်း စီးဆင်း သည့် ဇော်ဂျီ စမုံမြစ် ပန်းလောင်းမြစ်နှင့် မြစ်ငယ်မြစ် ဧရာဝတီမြစ် တို့ ဆုံ ဆည်းမိသည့် အကွက်အကွင်းကျသောဒေသတွင် အင်းဝမြို့ ကို စတင် တည် ထောင်သည်...။

တစ်နယ် တစ်မင်း ဖြစ်နေ သည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ ကို တဖြည်းဖြည်း စည်း လုံး သိမ်းသွင်း ကာ အင်း ၀ မင်းဆက် ကို ထူထောင်ပြီး မြန်မာ နိုင်ငံ ကို စည်းလုံး သိမ်းသွင်း ဖို့ကြိုးပမ်းရာ တွင် သတိုးမင်းဖျား သည် အ ရည်း ကြီး ရှင်ယောင် များ အား သုတ်သင် ပုံ သူခိုးကြီး ငတက်ပြား အား ဖမ်းဆီး ပုံနှင့် ဓါးပြ တစ်ဦး အား သတ် ဖြတ်ပြီး နောက် အလောင်း ၏ ရင်ဘတ်ပေါ် တွင် ထမင်းစားပြပုံ များ ကို မြန်မာ ရာဇ၀င် များ တွင် ဖွဲ့နွဲ့ ရေးသား ဖော် ပြကြသည် ...။
သို့ရာ တွင် မြန်မာနိုင်ငံ မြောက်ဘက်တစ်လွှား ရှိ မောရှမ်း များ ကို ကား စည်းလုံး သိမ်းသွင်း နိုင်ခြင်း မရှိ သေး ချေ...။ ယင်းသို့ မြန်မာနိုင်ငံ မြောက်ဘက် တစ် လွှား တွင် မောရှမ်း များ သည် တန်ခိုး အင်အားကြီးမား လျက် ၄င်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေ သ တ ၀ိုက် တွင် အင်းဝ ကို ဗဟိုပြုသည့် ရှမ်းမြန်မာ ပဒေသရာဇ် မင်းဆက် သည် တစ်စ ထက် တစ်စ တန်ခိုး အင် အားကြီး မား လျှက်ရှိ နေကြချိန် တွင် မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား--- -အ ထူး သဖြင့် တနင်္သာရီ ကမ်းရိုး တန်း တစ်ဝိုက် တွင် တောင်ပိုင်း ယိုးဒယားရှမ်းများ ၏ တန်ခိုး အာဏာ သည် လည်း တစ်ဖြည်းဖြည်းလွှမ်းမိုးစ ပြုလာသည်ကို တွေ့ရှိရသည် ...။ ဆက်ရန်.....



ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

You received this email because you are subscribed to the real_time feed for http://www.mathetzin.com/feeds/posts/default. To change your subscription settings, please log into RSSFWD.