Saturday, November 8, 2008

[We Fight We Win. -- " More than Media "] 2 New Entries: ငရဲရောက်မှတော့ပြာပူမကြောက်တော့ဘူးဆိုတဲ့န၀တစစ်ခေါင်းဆောင်သန်းရွှေနှင့်နောက် လိုက်များ

ငရဲရောက်မှတော့ပြာပူမကြောက်တော့ဘူးဆိုတဲ့န၀တစစ်ခေါင်းဆောင်သန်းရွှေနှင့်နောက် လိုက်များ













မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချတောင်းပန်ခြင်းမရှိသေးတဲ့အကြမ်းဖက်မြောက်ကိုရီးယားအစိုးရကို
န၀တစစ်အုပ်စုကကော်ဇော်နီခင်းကြိုဆိုနေမှု

-မြတ်စိုး-

မြောက်ကိုရီးယားနိင်ငံခြားရေးဝန်ကြီးကင်ယောင်အီးကဒီနေ့ရန်ကုန်ကိုရောက်လာတယ်။၁၉၈၃ခုနှစ်ကမြောက်ကိုရီးယားအစိုးရကိုယ်တိုင်
အကြမ်းဖက်မှုပြုလုပ်ပြီး၊နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာကိုအကြမ်းဖက်စော်ကားခဲ့မှုပြုလုပ်ခဲ့တယ်။ဒီလိုဘဲ၁၉၈၈ခုနှစ်မှာလစ်ဗျားခေါင်းဆောင်
မိုဟာမက်ကဒါဗီဟာအစိုးရကိုယ်တိုင်အကြမ်းဖက်မှုပြုလုပ်ခြဲ့ပီး၊ပန်လေကြောင်းပိုင်လေယာဉ်တစီးကိုဗုံးဖောက်ခွဲခဲ့တယ်။လစ်ဗျားခေါင်းဆောင်
မိုဟာမက်ကဒါဗီဟာသူ့အစိုးရကိုယ်တိုင်အကြမ်းဖက်မှုပြုလုပ်ခဲ့မှုအပေါ်တကမ္ဘာလုံးကိုဝန်ချတောင်းပန်ခဲ့ပြီး၊အသက်ဆုံးသွားတဲ့မိသားစုဝင်တွေကို
လျှော်ကြေးတွေပေးခဲ့တယ်။ဘယ်လိုဘဲဖြစ်ဖြစ်သူ့ကိုကမ္ဘာ့မိသားစုအသိုင်းအ၀ိုင်းကတော့ဒီလိုအကြမ်းဖက်လုပ်ရပ်တွေအပေါ်လုံးဝခွင့်လွှတ်ကြမှာ
မဟုတ်ပါဘူး။သူဟာကမ္ဘာ့အကြမ်းဖက်သမားတယောက်အဖြစ်သမိုင်းမှာဆက်လက်တည်ရှိနေမှာပါ။

မြောက်ကိုရီးယားအကြမ်းဖက်အစိုးရဟာဒီနေ့အချိန်ထိ
ကမ္ဘာကသိအောင်မြန်မာပြည်သူတွေကိုဝန်ချတောင်းပန်ခြင်းမရှိသေးပါဘူး။
သူတို့မျက်နှာပြောင်တိုက်အကြမ်းဖက်လုပ်ရပ်တွေကိုသူတို့ကိုယ်တိုင်တရားဝင်ရှုံ့ချတဲ့လုပ်ရပ်တွေကိုမပြုသေးပါဘူး။ဒါပေမဲ့န၀တစစ်အုပ်စုက
တော့တိုင်းပြည်နဲ့ပြည်သူ့မျက်နှာမထောက်အရှက်တရားကင်းမဲ့စွာနဲ့ဘဲမြောက်ကိုရီးယားနိင်ငံခြားရေးဝန်ကြီးကင်ယောင်အီးကိုကော်ဇော်နီခင်း
ကြိုဆိုနေကြပြန်ပြီ။သူက..ကော်ဇော်နီခင်းကြိုလိုက်၊ငါက..ကော်ဇော်နီခင်းကြိုလိုက်၊ငရဲရောက်မှပြာပူမကြောက်တော့အကြမ်းဖက်အုပ်စုအချင်းချင်း ဗလောက်ဒါငါးအုပ်(flounderfish)တွေလိုခံတပ်ကိုတည်ဆောက်နေကြတာပါ။ဆိုလိုတာက
မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချတောင်းပန်ခြင်း
မရှိသေးတဲ့
အကြမ်းဖက်မြောက်ကိုရီးယားအစိုးရနဲ့တောင်န၀တစစ်အုပ်စုကဖက်လှဲတကင်းလုပ်နေကြပြီ။














မြန်မာပြည်သူတွေကိုတရားဝင်ဝန်ချတောင်းပန်ခြင်းမရှိသေးတဲ့အကြမ်းဖက်မြောက်ကိုရီးယားအစိုးရကို
န၀တစစ်အုပ်စုကကော်ဇော်နီခင်းကြိုဆိုနေမှု


ဒီလိုဘဲမောင်အေးကရုရှားသွားပြီးကေဂျီဘီတွေကိုမျက်နှာချိုသွေးရ၊စစ်အုပ်စုရဲ့ရုပ်သေးအစိုးရ၀န်ကြီးချူပ်မောင်သိန်းစိန်ကလည်း
ဗီယက်နမ်ကိုအစည်းအဝေးသွားလိုက်၊တရုတ်ပြည်ခေါင်းဆောင်တွေကိုမျက်ရည်ခံထိုးလိုက်နဲ့၊မြန်မာပြည်မှာန၀တစစ်အုပ်စုဟာ
ကွန်မြူနစ်အစိုးရတွေနဲ့ပလူးပလဲ၊ပုလင်းတူဗူးစို့လုပ်နေတာတွေ့ရလို့၊သတိတခုရမိပါရဲ့။သူခိုးကလူဟစ်လို့ပြောရမလိုဖြစ်နေပြီ။

၁၉၈၈ခုနှစ်ဒီမိုကရေအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့စဉ်က၊ခွေးမှီးကောက်ကျည်ထောက်စွပ်န၀တစစ်ခေါင်းဆောင်တွေဟာမဆလပါတီကြီးကို
ဘုံးဘုံးလဲအောင်အနိုင်ယူတိုက်ပွဲဝင်ခဲ့တဲ့ဒီမိုကရေစီရရှိရေးတွက်တိုက်ပွဲဝင်ခဲ့သူတွေကိုမြန်မာပြည်ကွန်မြူနစ်ပါတီရဲ့သွေးထိုးလှုပ်ဆော်မှု ကြောင့်လို့ကင်ပွန်းတက်ခဲ့ကြတယ်။မြန်မာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တချို့ကလည်းထင်ရောင်မှားခံလိုက်ရတာကိုဘဲပီတဖြစ်ပြီး
ပြုံးပြုံးကြီးနဲ့မြုံးမိတဲ့ငါးလိုနေခဲ့ကြတယ်။

အမှန်တော့၁၉၈၈ခုကမြန်မာပြည်သူတွေအားလုံးဟာတိုင်းပြည်မှာအမတန်မှပျက်စီးဟောင်းနွမ်းပြီး၊ခေတ်ကာလနဲ့မညီတော့တဲ့မဆလစံနစ်ဆိုးကြီးကို
ပြောင်းလဲသင့်ပြီဆိုတဲ့အသိတရားတွေလူတိုင်းမှာကိန်းအောင်းနေကြတယ်။တတိုင်းပြည်လုံးကဒီစံနစ်ဆိုးကြီးအောက်မှာ၂၆နှစ်လုံးလုံးဆင်းရဲစွာခါးသီးစွာ
နေထိုင်ခဲ့ကြရလို့စိတ်ပျက်နေကြပြီ။ဒီလိုစိတ်ပျက်မခံမရပ်နိုင်ကြလို့ကျောင်းသား၊စစ်သား၊ဘုရားသား၊လယ်သမား၊အပါအ၀င်လူတန်စားအလွှာအသီးသီးက
ဆန့်ကျင်လာပြီး၊ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလိုတဲ့စိတ်ဆန္ဒရင်းတွေနဲ့ပါဝင်လှုပ်ရှားတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။လူနည်းစုတချို့မှာတော့ပုဂ္ဂိုလ်
ရေးကိုးကွယ်မှု၊အဖွဲ့အစည်းတချို့ရဲ့ဝါဒရေးရာလွှမ်းမိုးမှုတွေတော့ရှိခဲ့ကြပါတယ်။သူတို့လည်းနောက်ဆုံးတော့လူထူတရပ်လုံးရဲ့လှုပ်ရှားမှုအောက်
ရောက်လာခဲ့ကြတယ်။ပူးပေါင်းလာခဲ့ကြတယ်။

၁၉၈၈ခုဒီမိုကရေစီအရေးတော်ပုံကြီးကိုတကယ်လို့နိုင်ငံရေးပါတီတခုခုကဦးဆောင်လှုပ်ရှားခဲ့တာလို့လက်ခံနေကြရင်လည်း၊အဲဒီလက်ခံသူတွေ
ပြောဆိုနေတဲ့ပါတီဟာအမတန်မှညံ့ဖျင်း၊အသုံးမကျတဲ့ပါတီဘဲဖြစ်ရမယ်။အဲဒီပါတီခေါင်းဆောင်တွေဟာလူထုကိုဦးဆောင်နိုင်ခဲ့မှုမရှိဘူးဆိုတာ
ထင်ရှားတယ်။အရည်အချင်းညံ့ဖျင်းတဲ့သူတွေဘဲဖြစ်ရမယ်။နောက်ကွယ်ကညီးညူနေတဲ့မီဖိုချောင်နိုင်ငံရေးပါတီသာသာတခုသာဖြစ်မယ်။

အမှန်ကမြန်မာပြည်သူတွေ၊လူငယ်တွေဟာကမ္ဘာ့နိုင်ငံတော်တော်များများမှာခေတ်မှီရေစီးကြောင်းအတိုင်းလုပ်ဆောင်နေကြတဲ့
အခြားတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံတွေကိုအားကျနေတဲ့အချိန်ပါ။အထူးသဖြင့်အာရှကျားငယ်နိုင်ငံတွေအပေါ်အားကျနေကြတာပါ။
ဥပမာ..ဆိုးမြို့လမ်းမတွေပေါ်မှာသွေးညီနံ့တထောင်းထောင်း၊မျက်နှာတင်းတင်း၊ဆင်းရဲမှုတွေကလွတ်မြောက်ဖို့ကျိုးစားခဲ့ကြတဲ့
တောင်ကိုရီးယားပြည်သူတွေရဲ့သူတို့နိုင်ငံမှာလုပ်ဆောင်နေကြတဲ့ပြုပြင်ပြောင်းလဲတိုးတက်နေမှုတွေ၊စစ်ပွဲပြီးရုန်းထွက်လွတ်မြောက်ခါစ
ပြုပြင်ပြောင်းလဲတိုးတက်အောင်လုပ်ဆောင်နေတဲ့ထိုင်ဝမ်နိုင်ငံ၊မလေးရှားနိုင်ငံ၊စင်္ကာပူနိုင်ငံ၊ဂျပန်နိုင်ငံတွေရဲ့တိုးတက် ပြောင်းလဲနေမှုတွေအပေါ်အထူးအားကျခဲ့ကြတယ်။ဒီလိုအားကျနေခဲ့ကြတဲ့အာရှတခွင်ကပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို
တရုတ်ကွန်မြူအစိုးရကပိတ်ဆို့တားဆီးပြီး၊ဒေသတွင်းစစ်အာဏာရှင်နိုင်ငံတွေပေါ်ပေါက်လာအောင်ဖန်တီးပေးခဲ့တယ်။

တချိန်ကကွန်မြူနစ်အယူအဆကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ရင်းမြန်မာ့တပ်မတော်သားတွေဟာအသက်တွေပေးဆပ်ခဲ့ဘူးတယ်။
၁၉၅၆ခုနှစ်ကစခဲ့တဲ့တရုတ်-မြန်မာစစ်ပွဲမှာအသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့မျိုးချစ်တပ်မတော်သားတွေဒီနေ့မြန်မာ့တပ်မတော်မှာ
ခေါင်းဆောင်ပိုင်းတွေတောင်ဖြစ်နေကြပြီ။ဒီလိုအသက်စွန့်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်ရဲဘက်မျိုးချစ်တပ်မတော်သား တွေရဲ့မျက်နှာတောင်မထောက်ထား၊အသက်သေဆုံးသွားတဲ့မိသားစုဝင်ပြည်သူတွေကိုမတောက်ထားဘဲ၊မြောက်ကိုရီးယားအကြမ်းဖက်
ကွန်မြူနစ်အစိုးရခေါင်းဆောင်တွေကိုကော်ဇော်နီခင်း၊ဖက်လည်းတကင်းပလူးပလဲကြိုဆိုမှုတွေမြင်နေရတော့၊မစင်ပုပ်လိုအမတန်မှ
စက်ဆုတ်စရာကောင်းပါတော့တယ်။နောက်လည်း
အာဏာရှင်သန်းရွှေဟာအခြားသောအကြမ်းဖက်အစိုးရတွေနဲ့ညီညွှတ်နေဖို့
ဝန်လေးတော့မှာမဟုတ်ဘူး။




ငရဲရောက်ပြီးပြာပုံမကြောက်တော့တဲ့အာဏာရှုးမောင်သန်းရွှေ

ဒီနေ့တရုတ်နိုင်ငံဟာခေတ်သစ်စာမျက်နှာဖွင့်ပြုပြင်မှုတွေပြုလုပ်နေပြီး။တရုတ်၊ရုရှားလူငယ်တွေဟာတိုးတက်ပြောင်းလဲမှုတွေကိုစိတ်အား
ထက်သန်နေကြတယ်။တရုတ်ခေါင်းဆောင်တွေဟာပွင့်ပွင့်လင်းလင်းနဲ့မှားယွင်းခဲ့မှုတွေကိုဝန်ခံမှုတွေရှိနေကြတယ်။ဆိုလိုတာက
ကွန်မြူနစ်အစစ်တွေတောင်ပြောင်းလဲမှုလိုလားနေကြတယ်။မြန်မာန၀တစစ်အုပ်စုခေါင်းဆောင်တွေကတော့ခေတ်နောက်ကျပြီး
ပြုပြင်ပြောင်းလွှဲလိုမှု့မလိုလားတဲ့ကွန်မြူနစ်ခေါင်းဆောင်တုတွေကို၊ကိုးကွယ်နေတဲ့ဘာသာတခုထက်တောင်ကြည်ညိုလေးစားနေသည်
ထင်ပါရဲ့။

အချစ်ရှုးနေတဲ့အပျိုပေါက်တယောက်လို...သူ့ရဲ့ရည်းစားကပြောတဲ့စကားက၊မိဖပြောစကားတွေထက်တောင်ပေါက်မြောက်နေတယ်
ဆိုတဲ့အတိုင်း၊န၀တစစ်အုပ်စုခေါင်းဆောင်တွေဟာနိုင်ငံတကာမိသားစုတွေရဲ့စကားထက်၊ကွန်မြူနစ်နိုင်ငံတွေရဲ့စကားတွေကိုပိုပြီး
အားကျအတုယူနေကြပြီ။ကျိမ်းသေတာကတော့ဒီနေ့မြန်မာစစ်တပ်မှာကွန်မြူနစ်လိုလားတဲ့စစ်အုပ်စုခေါင်းဆောင်တွေကြီးစိုး
အာဏာယူနေကြပြီ။
တိုင်းပြည်တိုးတက်ဖို့၊ခေတ်ရေစီးကြောင်းနှင့်အတူပြုပြင်ပြောင်းလွှဲမှုတွေလုပ်ဖို၊့ပြည်သူတွေဆင်းရဲနေမှု
အောက်ကလွတ်မြောက်ဖို့၊ကမ္ဘာ့အသိုင်းအ၀ိုင်းထဲပြန်ဝင်လာနိုင်ဖို့အသိတရားရှိကြသောတပ်မတော်သားအားလုံးပြည်သူနဲ့
အတူလက်တွဲတိုက်ပွဲဝင်ကြပါ။


Rest of your post

Exithuman သို့ ဖြေကြားချက် သို့ မဟုတ် အိုဘားမား နဲ့  နောက်ဆက်တွဲ မေးခွန်းများ


-မိုးသီးဇွန် -

အိုဘားမားနဲ့ ပတ်သက်လို့  မြန်မာ စာဖတ်ပရိတ် သပ် တချို့ က မရှင်းတာတွေ မေးမြန်းလားတာတွေရှိနေတဲ့အတွက် ဗဟုသုတ အဖြစ်နဲ့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ မေးလာတဲ့သူကတေ့ Exithum ဖြစ်ပါတယ်။
မေးလာတဲ့ မေးခွန်းတွေကတော့

၁- အိုဘားမားဟာ အာရှ ကလား၊ အာဖရိကလား။
၂- အိုဘားမား အရွေးခံရရင် တခြားလူမျိုးတွေရော သမတ အဖြစ်အရွေးခံပိုင်ခွင့်ရှိလား ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ဒီမေးခွန်း နစ်ခုကို တပေါင်းတည်းဖြေ ပေးလိုက်ပါမယ်။
အိုဘားမားဟာ အာဖရိက နွယ်ဘွားပါ။ သူအဖေဟာ ကင်ညာနိင်ငံသား လူမဲ တဦးဖြစ်ပြီး အမေကတော့ အမေရိကန် ( လူဖြူ ) တယေက်ဖြစ်ပါတယ်။ သူကတော့ အမေရိကန်မှာ မွေးလို့  အမေရိကန် နိင်ငံသား ဖြစ်ပါတယ်။ အမေရိကန် အခြေခံဥပဒေအရ အမေရိကန် မြေပေါ်မှာ မွေးသူတိုင်းဟာ အမေရိကန် နိင်ငံသား အဖြစ်သတ်မှတ်ပါတယ်။ ဒါကို ဥပဒေအရ Natural Born Citizen လို့ ခေါ်ပါတယ်။ ဒီဥပဒေအရ အမေရိကန်မြေပေါ်မှာ တရားမ ၀င်ဝင်ရောက်လာတဲ့ မိဘနစ်ပါး ( ဘယ်နိင်ငံမဆို) က ကလေးတယောက်ကို အမေရိကန် မှာ
မွေးလိုက်တာနဲ့  ဒီကလေးဟာ အလိုအလျောက် အမေရိကန်နိင်ငံသား Natural Born Citizen လို သတ်မှတ်
ပေးပါတယ်။ Birth Certificate ထုတ်ပေးပါတယ်။ မိဘနစ်ပါးက မူရင်းနိင်ငံကို ပြန်သွားဦးတော့ ကလေးဟာ အမေရိကန်နိင်ငံသားဖြစ်နေတဲ့ အတွက် သူဟာ အမေရိကန်နိင်ငံသားဖြစ်နေပါတယ်။ မိဘနစ်ပါးက အမေရိကန်ကိုလာလည်ရင်း
မွေးသွားတဲ့ ကလေးဟာ လည်း အမေရိကန် နိင်ငံသား ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတဦးကို ကျနော်တွေ့ ဘူးတယ်။ သူမိဘတွေက သူငယ်ငယ်က အမေရိကန်လာလည် ရင်း သူ့ ကို မွေးခဲ့တာ။ သူက အမေရိကန် နိင်ငံသားဖြစ်နေမှန်းသူမသိဘူး။

နစ်ပေါင်း ၄၀ ကျော်ကြာမှာ သူသိတော့ အမေရိကန် သံရုံမှာ သူက အမေရိကန်ကိုလာဖို့ လျောက်တော့ အမေရိကန်က သူကို နိင်ငံသားအဖြစ်အသိမှတ်ပြုပြီး သူကိုလာခွင့်ပြုလိုက်ပါတယ်။ အမေရိကန်မြေပေါ်မှာ မွေးခဲ့တဲ့ ဒီကလေးတွေဟာ အသက် ၃၅ နစ်ပြည် ပြီးရင် သမတ အဖြစ် အရွေးခြယ်ခံပိုင်ခွင့်ကို ရကြပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေက အမေရိကန်နိင်ငံသား ဖြစ်ခွင့်ရတယ်
ဆိုပေမဲ့  လူမျိးရေးခွဲခြားမှု က ရှိနေသေးတဲ့အတွက် အရင်က လူဖြူမဟုတ်တဲ့ အနွယ်ဘွားတွေဟာ သမတ အဖြစ်လက်တွေ့ အရွေးမခံခဲ့ရပါဘူး။ ၀င်ရောက်ယျဉ်ပြိုင်တာလည်း မရှိခဲ့ပါဘူး။

၂၀၀၈ ခုနစ် သမတ ဘာရက်အိုဘားမား ကို သမတအ ဖြစ်အရွေးခြယ်ခံလိုက်ရတော့မှ အမေရိကန်မှာ မွေးတဲ့ မည်သည်လူမျိုး
မဆို သမတ ရာထူးအထိ အရွေးချယ်ခံပိုင်ခွင့် ရှိလာပြီဆိုတာ သက်သေပြလိုက်တာပါပဲ။ ထူးဆန်းတာကတော့ ၁၉၇၀ ခုနစ် မတိုင်မှီ အမေရိကန် ဥပဒေအရ ဆိုရင် အိုဘားမားရဲ့  ပြိုင်ဖက် ဂျွန်မက်ကိန်းက အမေရိကန်နိင်ငံသား မဟုတ်ပါဘူး။ အမေရိကန်သမတအဖြစ်အရွေးခြယ်ခံဖို့ အခက်အခဲ ရှိနိင်ပါတယ်။

သူက မိဘတွေက အမေရိကန်နိင်ငံသားတွေဖြစ်ပေမဲ့  သူကို အမေရိကန် မြေမှာ မမွေးပဲ ပနားမားနိင်ငံ မှာ မွေးခဲ့လို့ ဖြစ်ပါတယ်။ သူကိုမွေးတဲ့ ကာလ ( ၁၉၃၀ ၀န်းကျင် )အမေရိကန်တွေက သူကို အမေရိကန်ထိမ်းချုပ်နယ်မြေတခုဖြစ်တဲ့ Cannel Zoneမှာမွေးခဲ့တာဖြစ်ပါတယ်။ ( ပနားမားနိင်ငံ ပနားမားတူးမြောက်ဇုံ ) ဒါပေမဲ့ သူက အမေရိကန် သမတ အဖြစ် အရွေး ခြယ်ခံပိုင်ခွင့်ရှိခဲ့တာကတော့ ၁၉၇၀ ခုနစ်မှာ ပြဌာန်းလိုက်တဲ့  ပထမ နိင်ငံသားဥပဒေ (First Naturalizat-
-ion law on March 16, 1790 ) အရ အမေရိကန် မိဘနစ်ပါးကအမေရိကန် ရေနဲ့ မြေ ပြင်ပ မှာမွေးခဲ့ပေမဲ့ အမေရိကန် နိင်ငံသားဖြစ်တယ်ဆိုတဲ့ဥပဒေကို အရ သူဟာ Natural Born Citizen ဖြစ်လာတယ်။ သမတအရွေးခြယ်
ခံပိုင်ခွင့်ရခဲ့ပါတယ်။

အမေရိကန် မြေပေါ်မှာ မမွေးတဲ့ သူတဦးဟာ အမေရိကန်ကိုရောက်ပြီးနိင်ငံသားလျောက်လာပြီး နိင်ငံသား အဖြစ်အသိမှတ်ပြုလာသူကိုတော့ Neutralize Citizen လို့ ခေါ်ပါတယ်။ ဒီလူတွေက သမတ ရားထူးလို နေရာမျိုး မှာ အရွေးခြယ်ခံခွင့်မရှိပေမဲ့  ဆီနိတ်တာလို့ မြို့ တော်ဝန်လို ကွန်ကရက်မန်းလို နေရာမျိုးတွေမှာ အရွေးခြယ်ခံပိုင်ခွင့်ရှိနေကြပါတယ်။
ကျနော်တို့ ကျောင်းသားထဲက တဦး ဒုက္ခသည် အဖြစ်နဲ့ အမေရိကန် ကိုရောက်လာတယ်။ သူရောက်လာတော့ လေဆိပ်မှာ သတင်းထောက်တွေက ကွန်ကရက်မန်း အဖြစ်အရွေးခြယ်ခံ ဖို့  အစီအစဉ်ရှိပါသလား လို့ မေးခဲ့ဘူးပါတယ်။ ဒါက သူမှာ အခွင့်အရေးရှိနေတာကို ပြတာပါ။

ဝမ်းသာစရာသတင်းကောင်းတခုကတော့ မြန်မာ ဒုက္ခသည်စခန်းမှာမွေးတဲ့ကလေးတွေ ထိုင်းနိင်ငံကိုတရားမ၀င် ၀င်ရောက်ပြီး
မွေးလာတဲ့ကလေးတွေ ရဲ့  မွေးစားရင်းကို ဒေါက်တာစင်သီယာမောင်က ထုတ်ပေးလာနိင်ခြင်းဖြစ်ပါတယ်။ သူဆေးခန်းလေးက ထုတ်ပေးတဲ့ မွေးစာရင်းကို ကုလသမဂ နဲ့  အခြားနိင်ငံတွေက အသိမှတ်ပြုလာခြင်းဖြစ်ပါတယ်။ အရင်က ထိုင်းနိင်ငံမှာ တရားမ၀င်နေထိုင် ပြီးမွေးတဲ့ကလေးတွေမှာ မွေးစာရင်းမရှိကြတဲ့အတွက် နိင်ငံခြားကိုရွေ့ ပြောင်းနေထိုင်တဲ့အခါမှာ ဒုက္ခ တွေကိုရင်ဆိုင် ခဲ့ ရပါတယ်။

မြန်မာ ပြည်မှာ တော့ မွေးတဲ့ကလေးတွေကို နိင်ငံသား အဖြစ်အသိမှတ်ပြုမှု အစီအစဉ်တွေက စနစ်တကျမရှိပါဘူး။ မြန်မာနိင်ငံမှာမွေးတဲ့ တရုပ်၊ အိန္ဒယနွယ်ဖွား ကလေး အတော်များများ ဟာ နိင်ငံသားအဖြစ် အသိမှတ်ပြု မခံရတာ တွေ ၊ အဆင့်မြင့် တက္ကသိုလ်တွေ မှာ တက်ရောက်သင်ကြားခွင့်မပြုတာတွေရှိနေတာ နယ်တွေကို ခရီးသွားလာခွင့် ကန့် သတ်ခံရတာတွေ ကိုဝမ်းနည်း စရာတွေ့ မြင်နေရပါတယ်။ ကိုဇော်မင်း ( လူဘောင်သစ် ) ရေးတဲ့ " ဂျမားတို့ အဖိုး " ဆိုတဲ့ ၀ထ္တု တို လေးမှာ သနားစရာကောင်းတဲ့ ဦဂျမားဟာ မူစလင်ဘာသာဝင် အိန္ဒယ နွယ်ဖွားဖြစ်ခဲ့ပေမဲ့  ဖက်ဆစ်ဂျပန် ဆန်ကျင်ရေး လှုပ်ရှားမှု ကြီးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ၀င်ခဲ့ ပါတယ်။ ဒါပေမဲ့သူကို နအဖ စစ်အစိုးရက နိင်ငံသားတဦးလို့ ဆက်ဆံခြင်း မခံရပုံကို စာရေးသူက တင်ပြဆွေးနွေးထားတယ်။ ဦးဂျမား လို ခွဲခြားဆက်ဆံခံနေရတဲ့ ၊ မြန်မာတွေနဲ့ အတူ ဒိုးတူဘောင်ဖက်နေလာခဲ့ကြတဲ့၊ ခင်ဗျားတို့ ကျနော်တို့ သူငယ်ချင်း လူနည်းစု အိန္ဒယနွယ်ဘွားနဲ့  တရုပ်လူမျိုးများ ဖြစ်ရပ်က
ငြင်းပယ်ခံနေရတဲ့ ကြေကွဲဖွယ်ရာ ဇတ်လမ်းတွဲ များ အဖြစ် ယနေတိုင်ရှိနေပါသေးတယ်။

ကျနော်ကိုမေးလာတဲ့  ကို Exithuman အနေနဲ့ နိင်ငံတော် သမတဖြစ်လာခဲ့ရင် ဒီကိစ္စတွေကို ဖြေရှင်းပေးပါ။ သူတို့ ကို နိင်ငံသားအဖြစ်အသိမှတ်ပြုပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဦးဂျမားကိုလည်း နိင်ငံသား မဖြစ်သေးရင် နိင်ငံသား အဖြစ် အသိမှတ်ပြု ပေးဖို့ ကျနော် တောင်းဆိုခြင်ပါတယ်။

ကြုံလို့ ပြောရဦးမယ်ဆိုရင် ကျနော်ဟာ မြန်မာ မိဘနစ်ဦးက မွေးဖွားတဲ့ မြန်မာ လူမျိုး တယောက်ဖြစ်ပေမဲ့ ကျနော်မွေးစဉ်က ပဲခူးတိုင်း ဖါးဒိုရွာ လေးမှာမွေးတော့ ဆေးရုံမရှိဘူး။ ဒါကြောင့် ကျနော်မှာ မွေးစရင်း - Birth Certificate မရှိခဲ့ပါဘူး။ အဖေ့ ရဲ့ ဒိုင်ယာ ယီအဟောင်းမှာ ၁၃၂၄ ခုနစ် ပထမ ၀ါဆိုလဆုတ် ၃ ရက် ညကိုးနာရီ ၄၅ မိနစ် မှာမွေးတယ် ဆိုတဲ့
မှတ်တမ်းကပဲ ကျနော် ရဲ့ မွေးစရင်းဖြစ်လာခဲ့ပါတယ်။


You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.