Saturday, November 8, 2008

[Burma ( The Power of People)] 1 New Entry: ကနေဒါမှ စာကြည့်တိုက်များတွင် Paper Panty Campaign ပြုလုပ်ဆောင်ရွက်။

ကနေဒါမှ စာကြည့်တိုက်များတွင် Paper Panty Campaign ပြုလုပ်ဆောင်ရွက်။
























မြန်မာနအဖအာဏာရှင်အုပ်စုကို ဆန့် ကျင်တဲ့အနေနဲ့  လုပ်ဆောင်နေကြတဲ့ လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်တဲ့၊ Lanna Action for Burma (LAB) မှ စတင်ခဲ့တဲ့ "Panty Campaign" ကို Mount Allison's Rights and Democracy delegation အဖွဲ့ ကနေ ကနေဒါနိုင်ငံမှာ ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။

ကနေဒါမှာ ပြုလုပ်တဲ့ ဒီ Panty Campaign ကတော့ တစ်မူထူးခြားပြီး Paper Panty Campaign ဖြစ်ပြီး၊ စာကြည့်တိုက်တွေထဲမှာ drop-box လို့ ခေါ်တဲ့ ပုံးလေးတွေထားပြီး ကောက်ခံတာ ဖြစ်ပါတယ်။

စာကြည့်တိုက်လာရောက်ကြသူများဟာ့ စက္ကူနဲ့  အောက်ခံဘောင်းဘီ (underwear/panty) များကို ပြုလုပ်ပြီး၊ အဲ့ဒီ panty တွေပေါ်မှာ မိမိတို့  ရေးသားလိုတဲ့ စာများနဲ့  ပုံများကို ရေးကြပါတယ်။ အချို့ ကတော့ နအဖ အာဏာရှင်ခေါင်းဆောင်ကြီးများ ပုံတွေ ကပ်ကြပါတယ်။

ထို့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုစာများကိုလည်း ကောက်ခံပါတယ်။

ဒီလိုကောက်ခံရရှိတဲ့ paper panty များနဲ့  လက်မှတ်ထိုးတောင်းဆိုစာများကို ကနေဒါမှာ ရှိတဲ့ နအဖသံရုံးကနေ တစ်ဆင့် နအဖခေါင်းဆောင်ကြီးများထံ ပေးပို့ သွားမယ်လို့  campaign ဦးဆောင်လှုပ်ရှားသူ Mika Lévesque က ပြောဆိုပါတယ်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.