Saturday, November 8, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 7 New Entries: ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,8th,2008

ယနေ့ မြန်မာ့ရေးရာ သတင်းများ Nov,8th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နိုင်ငံရေးအမှုလိုက် ရှေ့နေများ ထောင်ဒဏ် ချမှတ်ခံရ

( 2 )Army officials of India, Myanmar meet

( 3 )Dhaka demands assurance to end naval stand-off

( 4 )မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု တရုတ်က ကြားဝင်ဖြေရှင်း

( 5 )နိုင်ငံရေးအကျဉ်းသားတို့၏ ရှေ့နေများ ဖမ်းဆီးမှုကို အမေရိကန်ရှုတ်ချ

( 6 )Myanmar top leader congratulates Obama over election as U.S. President

( 7 )'I was brutally tortured for six months'

( 8 )Myanmar pro-democracy lawyers jailed for four months

( 9 )Myanmar congratulates Obama

The politics of panties

Underwear from around the world is taking a stand against the Burmese military junta
 
By Kelly O'Connor
http://www.argosy.ca/view.php?aid=40934
 
 "You take these to Rangoon… and you get shot," explains Mika Lévesque, holding a pair of panties with a flower-shaped sticker of the Burmese junta pasted on the bum. As the founder of the Panties for Peace campaign in Canada and one of Canada's foremost experts on Burma, she knows what she is talking about.

Lévesque, an international lawyer and Rights and Democracy's Asia specialist, recently spoke on campus, concluding the Panties for Peace campaign coordinated by Mount Allison's Rights and Democracy delegation.

Although the campaign has officially ended on campus, Panties for Peace will continue until the military junta falls and a democratic regime is put in its place.

Lévesque highlighted that Burma has been gripped by a brutal and oppressive military regime since 1962. Despite having democratically elected a government in 1990, the military arrested many MPs and did not allow this new government to take over, with the excuse that the constitution had not been written yet. This elected government has continued on in exile and acts today as an important advocate for the rights of the Burmese people, despite lacking any political clout in the country.

Meanwhile, the military state sanctions rape as a weapon of war in its campaign against the various ethnic minorities of Burma; it has one of the highest incidences of child soldiers in the world, and regularly conscripts citizens into forced labour projects for anywhere from a few days to a few years.

Still, the same generals who rule Burma are also very superstitious, and thus the Panties for Peace campaign was born. Launched on October 16, 2007 by the Thailand-based organization Lanna Action for Burma (LAB), Panties for Peace is an attempt to turn a cultural taboo into a force for social change. It is a widely-held belief in Burmese society that any clothes worn under a woman's waist are "dirty," and that, if touched by men, cause them to lose their manliness.

"Even with laundry, the two are separated," explained Lévesque.

LAB activists have even thrown panties over Burmese embassy walls and filmed the embassy staff having to pick up these dangerous undergarments.

The campaign allows these women who face incredibly daunting odds to fight for their freedom on their own terms, and, perhaps more importantly, to laugh while doing it.

"Panties for Peace is very therapeutic," said Lévesque.

The campaign was officially launched in Montréal in May 2008 by Lévesque and the Rights and Democracy Network. The reaction in Québec has been particularly strong, while University of Victoria, Laval, UQAM and universities across the country are planning to hold campaigns on their own campuses.

"The first thing is to educate the Canadian public," explained Lévesque. This is so that citizens can effectively lobby the government to take action against the atrocities in Burma. The main reason the Canadian government has been so slow in the past to take a strong stand, Lévesque said, was because they thought the Canadian public didn't care.

The campaign was launched at Mt. A on October 27 and ran until November 3. With trees wrapped in Panties for Peace banners, and a paper panty-covered drop box in the library, the group was able to collect about 270 pairs of panties and thirteen boxers (both real and paper) as well as 126 signatures on a petition calling for the release of Aung San Suu Kyi and other political prisoners in Burma.

Mt. A's collected panties and petition will be sent to the Burmese embassy in Ottawa; the embassy has already been so overwhelmed by panties, however, that they are simply sending packages back. To get around this challenge, the campus delegation plans to put the return address as the Chinese embassy (staunch military partners with the Burmese junta) or journalists who may be interested in the cause.

While Panties for Peace is currently its main focus, LAB continues with its attention grabbing work in other subtle ways. At a recent "Unhappy Bad-Day" organized to mark Burmese leader Than Shwe's birthday, they made a panty-shaped cake with Shwe's face on it. They then fed it to their dog.

မြန်မာရှေ့နေများကောင်စီ မှ ကြေငြာချက်

မရပ်မနား မီးရထား

မှားတပ်မိတဲ့ ကြယ်သီးများ

ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ "နှိမ်ကြည့်တတ်တဲ့" မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ "လူ"ကို အဲဒီမျက်လုံးတွေက "အထင်အမြင်" မှားစေတတ်တယ်။

ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။ တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး "ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား" လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

တစ်ချို့လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ "ကြိုတင် ရှုတ်ချမဲ့" မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် "ဘောင်"ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး "သူက လူဆိုး""သူက လူကောင်း" "နောက်မီးလင်းနေတာ" "သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ" လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ "ဒါ ကျွန်မရဲ့ ထီး" ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ " မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ" လို့ ပြောလိုက်တယ်။

တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို "အကောင်း" သို့မဟုတ် "အဆိုး" လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် "အကောင်း" လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် "အဆိုး" လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို "Halo Effect" (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

တစ်ချို့လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ "နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်" လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....

နိုင်းနိုင်းစနေ

ချစ်နိုင်ပါစေ

အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေဝင်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာလဲလျောင်းနေရတယ်။
နေ့ဘက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ညဖက်ဆိုရင်ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။ ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့ အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နိုးလာဖို့ အသင် ပုစဉ်းဘဝနဲ့ သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့ ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။ သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့ ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။ ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ ပုခုံးသားလေးကို ရှိုက်နမ်းလိုက်တယ်။ ပြီးတော့ကောင်မလေး သတိမထားမိခင်မှာဘဲ သူတိတ်တဆိတ် ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့...
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တဝက်တပျက်မှာ အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘဝက အရင်လို ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို ပုစဉ်လေးကြားလိုက်ရတယ်။ ပုစဉ်းလေး ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေး ပင်လယ်ဘေးသွားပြီး နေဝင်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့ တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို အသက်ရှုကျပ်စေတယ်။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းလေးဟာ ကောင်မလေးကို ခဏခဏ သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ ပါးပြင်ကိုလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့ သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။ ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။
သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။

ဒီအချိန်မှာဘဲ..

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။ "နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘဝအသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းကခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ဘဲ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်ခွင့်ရှိမှ မဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

ဖိုးဥာဏ်

သွေးမံမီ

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.