Saturday, November 8, 2008

[Nine Nine SaNay] 1 New Entry: အင်တာနက်ပေါ်က ပုံပြင်တိုလေးများ

အင်တာနက်ပေါ်က ပုံပြင်တိုလေးများ


၁) ကိုယ့်ကို သိန်းငှက်တစ်ကောင်လို့ သတ်မှတ်ပါ

လူတစ်ယောက်ဟာ တောင်စောင်းတစ်နေရာမှာ ဖမ်းမိခဲ့တဲ့ သိန်းငှက်ပေါက်စ တစ်ကောင်ကို အိမ်က ကြက်ကလေးတွေနဲ့အတူ မွေးထားလိုက်တယ်။
သိန်းငှက်လေးဟာ ကြက်ကလေးတွေနဲ့ အတူကစား၊ အတူစားခဲ့တယ်၊။ သိန်းငှက်ဟာ သူ့ကိုယ်သူ ကြက်လို့ပဲ ထင်နေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ သိန်းငှက်ဟာ အမွေးအတောင် အစုံအလင်နဲ့ ကြီးပြင်းလာခဲ့တယ်။ အဲဒီအချိန်မှာ သခင်က သူ့ကို အမဲလိုက် သိန်းငှက်တစ်ကောင်ဖြစ်အောင် လေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကြက်တွေနဲ့ပဲ အတူကြီးပြင်းလာခဲ့တဲ့ သိန်းငှက်ဟာ သူ့ကိုယ်သူ ကြက်လို့ပဲ ထင်ခဲ့ပြီး လုံးဝ ပျံသန်းဖို့ မကြိုးစားခဲ့ဘူး။

သိန်းငှက်ပျံသန်းဖို့ သခင်က အကြံအမျိုးမျိုးထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ နောက်ဆုံးမှာ သခင်ဟာ သိန်းငှက်ကိုယူပြီး တောင်ထိပ်အမြင့်ကနေ ပစ်ချလိုက်တယ်။ ကျောက်ခဲတစ်တုံးလို အမြင့်ကနေ ကျလာတဲ့ သိန်းငှက်ဟာ ကြောက်အားလန့်အားနဲ့ အတောင်ကို တစ်ဖျပ်ဖျပ် ခပ်တော့တယ်။ နောက်ဆုံးမှာ သိန်းငှက် ပျံသန်းနိုင်ခဲ့တယ်။

P.S လုပ်ရဲတဲ့ သတ္တိက အောင်မြင်မှုကို လက်ယပ်ခေါ်တယ်။

၂) အကြွေ ငါးစေ့

မွန်ဂိုရီးယားမှာ အာဘတ်လို့ခေါ်တဲ့ လူငယ်တစ်ယောက်နေထိုင်တယ်။ တစ်နေ့မှာ အာဘတ်တို့ သားအဖနှစ်ဦးဟာ မွန်ဂိုမြက်ခင်းပြင်မှာ လမ်းပျောက်သွားခဲ့တယ်။ အာဘတ်ဟာ ထွက်လမ်းကိုရှာရင်း နောက်ဆုံးမှာ မောပန်းပြီး လမ်းဆက်မလျှောက်နိုင် ဖြစ်ခဲ့တယ်။

အဲဒီအချိန်မှာ ဖခင်က အကြွေငါးစေ့ ထုတ်ပြီး တစ်စေ့ကို မြက်ခင်းထဲ ပစ်ထည့်လိုက်တယ်။ ကျန် လေးစေ့ကို အာဘတ်လက်ဖဝါးပေါ် တင်ပြီး "လူ့ဘဝဟာ အကြွေငါးစေ့နဲ့ တူတယ်။ ကလေး၊ လူငယ်၊ လူပျို၊ လူလတ်နဲ့ လူကြီးဘဝတွေကို အကြွေတစ်စေ့စီက ကိုယ်စားပြုတယ်။ အကြွေငါးစေ့လုံးကို မြက်ခင်းထဲ ပစ်မထည့်လိုက်ရဘူး။ တစ်စေ့ချင်း ဖြေးဖြေးသုံးရတယ်။ သုံးတဲ့နေရာမှာလည်း တစ်စေ့နဲ့တစ်စေ့ မတူအောင် သုံးတတ်ရမယ်။ ဒီကနေ့ ဒီမြက်ခင်းက ထွက်လမ်းကို ငါတို့ရှာနိုင်ရမယ်၊ နောင်လည်း ရှာနိုင်ရမယ်။ အသက်ရှင်နေတုန်း ကျယ်ပြောတဲ့ ဒီမြက်ခင်းရဲ့ (လောကကြီးရဲ့) အတားအဆီးကို ကျော်ဖြတ်ပြီး နေရာပေါင်းစုံကို ငါတို့သွားလေ့လာရမယ်။ ဒါမှ ကိုယ့်အကြွေစေ့လေးတွေ အလဟဿ မဖြစ်မှာ"

ဖခင်ရဲ့ အားပေးမှုအောက်မှာ အာဘတ်ဟာ မြက်ခင်းထဲကနေ ထွက်လှမ်းလာနိုင်ခဲ့တယ်။ ကြီးပြင်းလာပြီးနောက် အာဘတ်ဟာ မွေးရပ်မြေကိုခွါပြီး တစ်နယ်တစ်ကျေးကို ပြောင်းရွေ့ခဲ့တယ်။ အဲဒီနောက် သူဟာ ထက်မြက်တဲ့ သဘောင်္ကပ္ပတိန်တစ်ဦး ဖြစ်လာခဲ့တယ်။

P.S (ဘဝ) အကြွေစေ့တွေကို တန်ဖိုးထားခဲ့ရင် အတားအဆီး၊ အဟန့်အတား နွံအိုင်ထဲကနေ ရုန်းထွက်နိုင်ပါတယ်။

၃) စိတ်ပြတင်းကို ဖွင့်ပါ

တစ်ခါက အသက် ၄, ၅နှစ်အရွယ် ညီအစ်ကို နှစ်ဦးဟာ အိမ်အပြင်ဖက်က နေရောင်ကို ကြည့်ပြီး အလင်းမရတဲ့ သူတို့နေအိမ် အခန်းတစ်ခုထဲ နေရောင်ခြည်တွေ လှည်းသွင်းဖို့ တိုင်ပင်ခဲ့ကြတယ်။ အဲဒီနောက် ညီအစ်ကိုနှစ်ဦးဟာ တံမြက်စည်း၊ အမှိုက်တောင်းတွေ ယူပြီး ဝရန်တာက နေရောင်ကို လှည်းကျင်းခဲ့ကြတယ်။

သူတို့ကျူံးယူလာတဲ့ နေရောင်ခြည်တွေဟာ
အိမ်ထဲ ဝင်လိုက်တာနဲ့ ပျောက်ကုန်တယ်။ ညီအစ်ကိုနှစ်ဦးဟာ နေရောင်ကို ထပ်တလဲလဲ လှည်းကျင်းထည့်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါကို မိခင်က မြင်တော့ သူတို့ကို မေးခဲ့တယ်။ ညီအစ်ကိုနှစ်ဦးက "အခန်းထဲ အလင်းမရလို့ နေရောင်တွေကို လှည်းယူနေတာပါ" လို့ ပြန်ဖြေခဲ့တယ်။

သူတို့ရဲ့ အဖြေကို ကြားတော့ အမေက ရီမော (ရယ်)ပြီး " အခန်းပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ နေရောင်ဟာ သူ့အလိုလို ဝင်လာပြီ မဟုတ်လား? ဘာဖြစ်လို့ လှည်းနေရအုန်းမလဲ" လို့ ပြောလိုက်တယ်။

P.S မွန်းကျပ်နေတဲ့၊ ညစ်နွမ်းနေတဲ့ စိတ်ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။ ကြည်လင်တဲ့၊ ပျော်စရာကောင်းတဲ့ နေရောင်ခြည်တွေက အမှောင်ကို ခွင်းပြီး ဝင်ရောက်လာပါလိမ့်မယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

from: http://www.youthwant.com.tw

You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.