Sunday, November 9, 2008

[K] 2 New Entries: အမ တယောက်ရဲ့စာ

အမ တယောက်ရဲ့စာ

ညီမ- ကေရေ-

နေကောင်းရဲ့လား။
ခုတလော..အလုပ် နဲနဲ ပါးတာရယ်ကြောင့်၊ အမ လည်း ဘလော့တွေ ၀င်ကြည့် နေရင်းက..ညီမထဲ ၀င်ကြည့် ဖြစ်သေးတယ်။ ++++++

+++++ ညီမရဲ့ စာလေး တွေ ထဲက၊ အာဇာနည်နေ့ ကို ပိတ်ရက် အဖြစ် မသိလို့၊ သူငယ်ချင်း ကို မခေါ် တာဆိုတဲ့ ညီမရဲ့ စာ ကို ဖတ်မိပြီး၊ ဒီစာရေးချင် စိတ် ပေါ်လာ လို့ ရေးမိတာပါ။ ++++++


ဘုရားရေ-
အမ-- ရဲ့လက်ရေး နဲ့ရေးပြီး စကန်ဆွဲ ပို့လိုက်တဲ့ စာကို ဖတ်မိပြီး၊ မျက်လုံး နည်းနည်း ပြူးသွား မိတယ်။ ငါ- ဘယ်တုန်းက.. အမ-- ကို ဘယ်လို တွေ ရေးထား မိပါလိမ့်- ဆိုပြီး၊ အမြန်အမြန် ကိုယ့်ဘလော့ကို လှန် ရတော့တယ်။

သြော်- သိပြီ။ ဟိုး -- ဘလော့ စလုပ်ကာစ က..ရေးဖူးတဲ့.. ပညာ နဲ့ ညဏ် ဆိုတဲ့ ပို့စ်လေး။ မှန်းစမ်း......

---- ကိုယ့်မိတ်ဆွေအမကြီးတယောက်က..လူတွေကိုနိုင်ငံရေးအမြင် မရှိရင်..လူရာမသွင်းပါ..(အဟင်း..ကိုယ်နဲ့တော့တအား..ကီးကိုက်တယ်) သူပြောပြတာ..တခါ..သူအရမ်းခင်တဲ့သူငယ်ချင်းမတယောက်က...အာဇာနည်နေ့ရုံးပိတ်ရက်ကို ဘာနေ့မို့ပိတ်တာလဲလို့ ပြောမိလို့...သေခန်းပြတ်ခဲ့ပါသတဲ့။ ပြတ်သားပုံများ။ -----

ဟူး- တော်ပါသေးရဲ့။ အမ -- ကို အကောင်းပဲ ရေးထားတာပါနော်။ တခြား ဘာမှ မပါ- ပါဘူး။ အဟဲ...။

အရင်တုန်းကလို.. ဘယ်သူ သိတာလိုက်လို့..သူတို့ဖတ်မိမှာ မဟုတ်ပါဘူး...ဆိုပြီး..လျှောက်လျှောက် ရေးတာမျိုး တွေ ဆင်ခြင် မှပါပဲ။ အထူးသဖြင့် အမျိုးတွေပေါ့။း) မိတ်ပျက်တာက..တော်သေးတယ်။ ဆွေမျိုးထဲ ဆို- ရှင်းမရ ပြုမရ။ ဒုက္ခ။

တနေ့ ကတောင်..စလုံးမှာ လာနေတဲ့ အဒေါ် တယောက်ကို ဖုံးခေါ် စကားပြောတော့..` ကေ့ ဘလော့ကိုလေ..ညိုက..နေ့တိုင်းဖတ်တယ်.. ပြီးရင် ဘေးကဟာတွေကော လျှောက်ဖတ်.. ဖတ်ပီးသား ကေ့စာတွေပါ ထပ်ဖတ်တယ်...´ တဲ့။

`ဟုတ်လား ညိုရယ်.. ကောင်းတာပေါ့..အပျင်းပြေ တာပေါ့နော်..´ လို့ ပြောလို့ မဆုံးသေး...
` နောက်ပြီး..ဘုန်းကြီးကျောင်းတွေ သွားရင်- အင်တာနက်သုံးတဲ့ မိတ်ဆွေ တွေ တွေ့ရင်..ကေ့ ဘလော့အကြောင်း ပြောရတာ..အမော ..´ တဲ့။ အဲဒါမှ..ဗုဒ္ဓေါ ---

ဟိုဖက်က..လူတွေ ခမျာ..စိတ်မသက်မသာ နဲ့..ဘယ်က..ဘလော့ လည်း..ဘယ်က - ကေ- လည်းလို့ တွေးရင်း..အားနာပါးနာ .. သွားဖြဲလေးတွေ နဲ့..ဖြစ်နေမှာ..မြင်ယောင်မိသေးတော့...။

အိမ်က ဘိုးတော် တယောက်လည်း ရှိသေးတယ်။ တွေ့သမျှ သူငယ်ချင်းတွေ.. သူ့အမျိုးတွေကို.. ဒီ- ဘလော့ ပဲ သွားသွား ကြော်ငြာ ၀င်နေတော့တယ်။ သူများက..စိတ်ဝင်စားလား မစားလား မသိ။ နောက်ပြီး..လုပ်လိုက်သေးတယ်။ စီဘောက်မှာလည်း.. ၀င် နှုတ်ဆက်လို့ ရတယ်..တို့ ။ ဘာတို့။ အတင်း ကြီးရော- ကာရော ပဲ။

ကိုယ်က ဘလော့လေး စလုပ်ဖြစ်တုန်းကတော့..အီးမေးလ် အဆက်အသွယ် ရှိတဲ့ သူငယ်ချင်း တချို့ကို.. I will be there လို့.. ရေးပြီး လိပ်စာလေး ပေး လိုက်တယ်။ စိတ်ဝင်စားတဲ့သူ ဖတ်လိမ့်မယ် လို့ပဲ စိတ်ထဲ ထားတယ်။ အဲဒီ တုန်းက.. ဇော်ဂျီဖွန့် က..ခုလောက် တွင်တွင်ကျယ်ကျယ် ဖြစ်မလာ သေးတော့..တချို့လည်း..လေးဒေါင့်တုံးတွေ မြင်တာနဲ့ ဖွန့် ဒေါင်းလုဒ် လုပ်တာတွေက..ရှုပ် နဲ့.. ဒီလိုပဲ မေ့ထားချင် လည်း ထားကြမှာပေါ့။ နောက်တော့..အဆက်အသွယ် မရှိ တာ ..ကြာပီ ဖြစ်တဲ့ မိတ်ဆွေ တချို့တောင်..ပြန်တွေ့ နှုတ်ဆက် ဖြစ် တော့လည်း..၀မ်းသာတာပေါ့ နော်။ ခုလည်း.. အမ-- နဲ့ ပြန် ဆက်မိပြန်ပြီ။

အမ-- အကြောင်း ရေးထားတာလေး..သေချာပြန်ဖတ် လိုက်..သူရေးလိုက် တဲ့ စာလေး ပြန်ဖတ် လိုက် နဲ့.. လွန်ခဲ့တဲ့ ၈ နှစ် လောက် အချိန်..စင်ကာပူ ရောက်စ.. အူကြောင်ကြားဘ၀ လေး ကို ပြန်သတိရသွားတယ်။ ဘ၀ အချိန် အပိုင်းအခြား..အခန်းငယ်လေး တိုင်းမှာ..အဲလိုမျိုး..အမ တွေ ရှိနေခဲ့တာလည်း..တမျိုး ပျော်စရာ ကောင်းနေတယ်။ ခု ဆို ဘလော့ပေါ်မှာ ဆို..မခင်မင်းဇော် တို့ မမေငြိမ်းတို့လို..ဂိုဏ်းချုပ်ကြီးတွေ ပေါ့ ။း)

+++++++

အမ ရေ.. အဲတုန်းက.. ကျမ- ရုံးမှာ အလုပ်မ၀င်ခင်တည်းက..စင်ကာပူ ရောက်ကတည်းက..အမ နံမယ်ကို စကြား ဘူး တာ။ ကျ မတို့အရင်..၈ နှစ်လောက်ထဲက..ရောက်နှင့်နေတဲ့.. လုပ်သက်ရင့်နေပြီ ဖြစ်တဲ့ .. စီနီယာ တယောက်ဖြစ်တာရယ်.. နောက်ပြီး..မိန်းမ နည်းတဲ့ လုပ်ငန်းခွင် ဆိုတော့လည်း.. တယောက်နဲ့တယောက် သိနေကြ တာပေါ့ နော် ။ တိုက်တိုက် ဆိုင် ဆိုင်.. အမနဲ့ အလုပ် အတူတူ လုပ်ရ တော့မယ် ဆိုတော့.. အမ--- ဆိုတာ..ဘယ်လို နေလည်း မသိဘူးပေါ့။ ဆက်ဆံရ ခက်လား။ သဘောကောင်းလား။ ဘာပဲပြောပြော.. အမ--ဆီက..အလုပ်တွေ သင်ယူရ မှာက..သေချာ နေပြီလေ။ အမ ကိုမြင်ကာစ ကလေ.. ဗမာဆန်ဆန်..ရိုးရိုးရှင်းရှင်းပဲ ၀တ်ပြီး၊ အဆင်တန်ဆာတွေ မပါတဲ့..အလှအပ အရောင် တွေ မတင်တဲ့ အမ ပုံစံကို စ သတိထားမိတာ။ အီး..ငါနဲ့တော့..သိပ်မတူဘူး ဟ.. လို့ ..နည်း နည်းတော့.. ဖြစ် သွားမိတယ်..။ အမ လည်း..အဲလိုမျိုး..အပြန်အလှန် တွေးနေမိမှာပေါ့။

ဒါပေမဲ့..သိတယ် မဟုတ်လား.. ကျမက..လူလည်လေ။ အသာ ကြည့် ပေါင်းမယ်ပေါ့ ။ အမက..ဒါ ဆို..ဟုတ်တယ်နော်..ဒါလေးက..။ ဟ၀ှါ..ဆိုလည်း..ဟ၀ှါ ပြု လိုက်တာပဲ။ အဲဒီလို ဖော်လို အလိုက်ကောင်း ရင်း.. ကြုံခဲ့ရတဲ့ အတွေ့ အကြုံလေး..ကျမ ဘယ်တော့ မမေ့ဘူး။

အဲဒီနေ့က.. အမက.. ရုံးဆင်းရင်..ရုံးနားက.. ကန်ပွန်းချဉ်ပင်မှာ..အရွက်တွေ နုနေတာ..သွားခူးရအောင်လိုက်မလား တဲ့။ ကျမ လည်း .. ဘာမှန်းညာမှန်းမသိ လိုက်မယ်ပေါ့။ စင်ကာပူလည်း ရောက်ကာစ မှ လပိုင်းပဲ ရှိသေးတာ။ လားလား.. လိုက်သွား တော့မှ.. ရိုချူးကန် ကားလမ်းမကြီး ဘေးက..တောအုပ် အစပ်မှာ..ကန်ပွန်းခြုံ ကြီး.. နုနေလိုက်တာ.. နည်းနည်းနောနောမဟုတ်။ အမကတော့..လုပ်နေကြ ပုံစံ နဲ့..အသင့်ယူလာတဲ့..သတင်းစာ တွေ ဖြန့်ခင်းလိုက်တယ်။ လက်ထဲ မှာ လည်း..ကပ်ကျေး တလက် နဲ့..အညွန့်တွေကို..တချပ်..ချပ် ညှပ် ချ နေ တော့တာပဲ။ ကျ မ မှာတော့လေ.. ထိုင်ရ မလို ..ထ ရမလို.. ကားတွေ..တ၀ီဝီ ဖြတ်နေတဲ့ လမ်းမဘေး ကြီးမှာ.. ရှက်တာပေါ့။ လူကလည်း..ရှိုး အပြည့်နဲ့။ နောက်ပြီး..စင်ကာပူ မှာ..လမ်းဘေး တံတွေးမထွေးရ။ ပန်းခြံထဲ ပန်းမခူးရ ဆိုတဲ့ ဒဏ်ကြေး တွေ အကြောင်း ကြိုပြီး ကြားဖူးနေတော့.. ဘယ့်နှယ် ပါ လိမ့် ပေါ့။ အဲလို တုန်း.. National Service ဆင်းတဲ့..စစ်သား တွေ တင်ထားတဲ့..စစ်ကား ကြီး ၂စင်း..ရိုချူးကန် လမ်းမ ကြီးပေါ် မှာ မောင်းလာတာ..လှမ်း မြင်လိုက်တော့--- ဘုရားရေ.. စစ်ဝတ်စုံ မြင်ရင်..နဂို တည်းက.. သွေးပျက်ချင် နေသူမို့.. ခြေဖျားလက်ဖျား တွေကို.. အေးစက်သွားတာပဲ။ ကိုယ်တွေ လုပ်နေတာ ကလည်း.. တရားဝင်လား မ၀င်လား လည်း မသိဘူးလေ။ ကားပေါ်က..စစ်သား တချို့ကတော့.. ငုံ့ကြည့်သွားတယ်။ ` အမရေ..အမရေ..တော်ပီလေ..အများကြီးရနေပြီ..ပြန်ကြရအောင်.. ကျမ ကြောက်တယ်..´ ဆိုတော့.. အမက.. ပြုံးပြုံး ကြီးနဲ့..` ဘာမှ မဖြစ်ပါဘူး- ငါတို့ခူးစားနေကြ.. ဒီတောအုပ်ထဲ ဆက်ဝင်သွားရင်..စားပင်တွေ အများကြီး... ယိုးဒယားတွေ အမြဲ လာခူးနေတာပဲ..´ တဲ့။


အဟီး.. အဲဒီတည်းက.. ကန်ပွန်းချဉ်ရွက် ဆိုတာနဲ့..ကျမ ရူးချင်ယောင် ဆောင်တော့တာပဲလေ။ ဒါ ပေမဲ့..ဟင်းချက် ကောင်းတဲ့ အမ ထမင်းဗူးကို အမြဲ ငမ်းနေကြ။ အမ လုပ်တဲ့..ငါးကြီးချဉ် တို့ဘာတို့ဆို..သိပ်ကြိုက်။ အမက- အလုပ်မှာ စေ့စပ် သေချာ သလို..အိမ်တွင်းမူ လည်း..သိမ်းထုပ် သေချာ တာပဲ ။ မြှောက်ပြောတာ မဟုတ်ဘူး။ အုန်းနို့ခေါက်ဆွဲ ချက်ရင်..အရိုးပြုတ်ရေ ဘယ်လို ငင်ရတာတို့.. ရန်ကုန်က..မုန့်ကြွပ်ကြော်နဲ့ တူအောင်.. ဟောဒီ ထီးတံဆိပ် နဲ့ဆန်ပြားခြောက် ကို သုံး---ဆိုတာမျိုး.. ငါးသလည်း ထိုး အိုးကပ်ချက်နည်း တို့.. အမ ဆီက..နည်းရတာတွေလေ..။ ငါးသလည်းထိုးကို.. ဇကာထဲ ထဲ့တိုက်ပြီး..အကြေးခွံ ခွါတဲ့ နည်းပါ.. ကျ မ - ရလိုက်သေးတာ။
-
တခါ လည်း..ငါးသလောက်ပေါင်း စားခြင်လိုက်တာပေါ့။ ကုလားဈေး သွားပြီး..ငါးသလောက် ၀ယ်ဖို့..တယောက်တည်း ..ထွက်သာလာခဲ့ တာ.. ဗမာပြည်မှာ.. ဈေးတခါ မှ မသွားဖူးခဲ့တဲ့.. သူ ဆိုတော့( အမ တွေ အလိုလိုက်ထားလို့ပါ) ..ငါးသလောက် ဆိုတာ..ဘယ်ဟာကို ပြ ၀ယ်ရမှန်းလည်း မသိဘူး။ အဲဒါ နဲ့..အားကိုးနေကျ ကိုယ့် အမ ကို..ဖုန်းဆက်ပြီး လှမ်းမေးတော့.. အမ ပြောတာ..ခုထိ မှတ်မိနေတယ်။ ` ဟဲ့..မကေ ရယ်..ငါးသလောက်ပြုံးလေး ဆိုတာ..မကြားဖူးဘူးလား..ငါးကိုကြည့်လိုက်..ပြုံးစစလေးနဲ့´ တဲ့..။

အဲဒါ မှ ပိုဂွကျ ရော။ ငါးဆိုင်ရောက်တော့.. အမျိုးစုံလှ တဲ့ ငါးတွေ ကြားထဲ..ငါးသလောက်ပြုံး လိုက်ရှာ နေတဲ့ ကိုယ့်ကို..ဆိုင်ရှင် တရုတ်ကြီးက.. သဘောပေါက်သွားတယ်ထင်တယ်။ တပုံချင်း လက်ညှိးထိုးပြီး.. ငဂျီ..ငဂျီး.. ငခူ..ငခူ.. ငစလောက်..ငစလောက် ဆိုပြီး..ဗမာလိုပြော ပြ မှပဲ.. ပြေလည်သွားတော့တယ်။ ကုလားဈေးက..တရုတ် ဈေးသည်တွေ ရဲ့ထူးခြားချက်က..၀င်လာတဲ့သူကို မြင်တာနဲ့..ယိုးဒယားလား..ဗမာလား.. မလွဲအောင်ခွဲ နိုင်တာ..ပြီး.. စကားပါ တတ်တာလေ။

အမ နဲ့အတူ..အလုပ်တခုတည်း လုပ်ရင်း..နေ့လည်စာ အတူစားကြ ..စကားတွေ ဖလှယ်ကြတာ.. ၃ နှစ် နီးပါးပဲ နော်။ နောက်ဆုံး.. ဖိုမင်ကနေ..သူဌေးဖြစ်လာတဲ့..အင်မတန် ရိုင်းစိုင်းတဲ့ စလုံး သူဌေး ကို..အတူ ဖိုက်ပြီး.. အလုပ်ထွက် ဖြစ်ကြတော့လည်း..မရှေးမနှောင်းပဲ။ အဲဒီ တုန်းက..ကျမတို့တွေ..ဘာ မှ မသေချာတဲ့.. အလုပ်တခုနဲ့တခုကြား .. အီးပီ ၄လပဲ ကိုင်ခွင့် ရှိတဲ့ အခြေအနေ မှာ..ဘာမှ တွေးမနေပဲ..ရဲရဲတင်းတင်း ထွက်စာ တင်ဖြစ်ခဲ့ ကြတာလေ။ ဗမာ-ကွ -ဆိုပြီး။ တော်သေးတာပေါ့.. တကယ် -ကွ မသွားတာ။ နောက်အလုပ် တခု ညိသွားခဲ့လို့သာ။

အဲဒီ ၃ နှစ် တာ ကာလတွေ ကြားထဲမှာပဲ.. အမ နဲ့ကျမ..မတူတာတွေ ရှိနေ တဲ့ကြားထဲကပဲ.. တူညီ တဲ့ ဆုံချက် တခု ကို လှလှပပလေး တွေ့ခဲ့ကြတယ်နော်။

++++ အမ လက်ခံတဲ့ နိုင်ငံရေး အမြင်ဆိုတာ- နိုင်ငံ တခု မှာ နေတဲ့ လူတွေရဲ့ ဘ၀ ကို နားလည်..ကိုယ်ချင်းစာ..ကူညီချင်တဲ့ စိတ်ဓါတ် အမြင် လို့ပဲ လက်ခံတယ်။ အများ လက်မခံတဲ့ အစိုးရကို တိုက်နေ ဆန့်ကျင်နေမှ..နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး..အဲဒါကို တော်တော်များများက..သေချာ မခွဲတတ်ဘူးနော်.. တကယ်တော့..အမရဲ့အပေါင်းအသင်း စာရင်းထဲ မထဲ့တဲ့ သူကတော့..တကိုယ်ကောင်းဆန်တဲ့ သူပါပဲ +++++

အဲဒါကြောင့်လည်း.. ကျမ ဘယ်ရောက်ရောက်.. အမကို အမြဲ သတိ ရနေမိတယ်။

အမ- ကျန်းမာ ရွှင်လန်းပါစေ။ အမပြန်ချင်တဲ့ အမိမြန်မာပြည်မှာ လည်း..ပျော်ရွှင်စွာ အမြန်ဆုံး..ပြန်လည် အခြေချ နေထိုင်နိုင်ပါစေ..။

ညီမ- ကေ



အရှေ့ကိုလျှောက်ပါလို့.. အနောက် ကို တဲ့..ကြည့် လိုက် ရင်...


ဒိန်းမတ် နိုင်ငံ ရဲ့မြို့လေး တမြို့ မှာ .. ကလေး မလေး တယောက် ဟာ. ကောင်းကင်ပေါ်က..ငှက်တွေ ကို ကြည့် ပြီး.. အဲဒီလို ပျံဝဲ ချင် လိုက် တာ လို့ တွေး နေခဲ့တယ် တဲ့ ။ အဲဒါ ကြောင့်ပဲ.. သူအရွယ် ရောက် လာတော့...လေယဉ် မောင်း သင်တန်း တွေ..အလှပြ ပျံသန်းခြင်း တွေ ကို.. တောက်လျှောက်..သင်ကြား ရင်း ကြီး ပြင်း လာခဲ့ တော့ တယ်။

တဖြည်း ဖြည်း နဲ့..သူ တွေးမိ လာ တာက.. ကောင်းကင် ပြင် ကြီး ထဲမှာ သွားလာ ပျံသန်း ဖို့..ဆိုတဲ့ ကိစ္စ ဟာ.. အာဏာလု နယ်မြေ တိုက်ပွဲ တွေ အတွက် ပဲလား..နိုင်ငံရေးကိစ္စ တွေ သက်သက် ပဲလား .. နောက်ပြီး.. သူတို့ လို..မိန်းမ တွေ မှာ ရော.. ကောင်းကင် ပေါ် က အလုပ်တွေ လုပ်ဖို့..တူညီ တဲ့ အခွင့် အရေး တွေ ရှိ ရဲ့ လား ပေါ့။ အဲဒီ လိုနဲ့.. Aero feminism ဆိုတဲ့..စကားလေး ကို သူ စိတ်ဝင် စား လာတယ်။ ပရောဂျက် တချို့ နဲ့..စတင် လှုပ်ရှား လာ တယ်။ အမျိုးသမီး တိုက်လေယဉ်မှူး တွေ နဲ့..သူ တွေ့ ခဲ့ တယ်။

တနေ့မှာ တော့.. Simone Aaberg Kærn ဟာ ..ကိုပင် ဟေ ဂင် မြို့လယ်ခေါင်က..ကော်ဖီ ဆိုင်လေး တခု မှာ..ကော်ဖီ သောက်..သတင်းစာ ဖတ် နေရင်း.. အဲဒီ ထဲက..ဆောင်းပါး လေး တခု မှာ..သူ မျက်လုံး တွေ..ရပ်တန့် မှင်သက် နေမိတယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက် မူ အပြီး.. တာလီဘန်တွေ ကို တိုက် ထုတ် ပြီး..အမေရိကန် ၀င်ရောက် ထိန်းချုပ် နေ တဲ့.. အာဖဂန် နစ္စတန် နိုင်ငံ ထဲက.. ၁၆ နှစ် အရွယ်.. Farial ဆိုသူ မိန်းကလေးက.. သူ့ဘ၀ မှာ..တိုက်လေယဉ် သရဲ မလေး အဖြစ်..တာလီဘန် တွေ ကို တိုက်ထုတ် ချင် ပါ တယ် လို့.. ဆောင်းပါး ထဲ မှာ ဖော်ပြ ထားတယ်။ အမျိုးသမီး တွေကို ပညာ သင်ခွင့် တောင် ပိတ်ပင် ထား ခဲ့တဲ့..ဒီနိုင်ငံ ထဲ က.. မိန်းကလေး တယောက် ရဲ့.. စိတ်ကူးယဉ် အိမ်မက် တွေကို.. အားပေး အကောင်အထည် ဖော် ဖို့.. သူ ချက် ချင်း ဆိုသလို..ဆုံးဖြတ် ချက် ချလိုက် တော့တယ်။



သူ့အဖော် Magnus ကို..အကူ အညီ တောင်း ပြီး..ဒီ project လေးကို ခပ်မြန်မြန် ပဲ စ ခဲ့ ကြတယ်။ သူတို့ ၂ယောက်ပေါင်း..ပိုက်ဆံ ကို စုလိုက်တော့.. နှစ် ၄၀ ကျော် လောက် ဟောင်းနေပီး ဖြစ် တဲ့.. လေယဉ် သေးသေး လေး တစီး ပဲ ရတယ်။ ကိုပင် ဟေဂင် ကနေ.. အာဖဂန် မြို့တော်..ကဘူးလ် အထိ.. ကီလိုမီတာ ၆၀၀၀ ကွာဝေး တဲ့ ခရီး စဉ် မှာ-Magnus က..အဖော် အဖြစ် နဲ့..မှတ်တမ်းတင် ဗီဒီယို ရိုက်ကူး ရင်း လိုက်ပါ လာ ခဲ့တယ်။ စစ်ရေး စစ် ရိပ် တွေ လွှမ်း နေတဲ့..နိုင်ငံ တကာ လေ ကြောင်း ပိုင် နက် တွေ ကို..ဖြတ် ကျော် ဖို့ ဆို တာ..လွယ် ကူ လှ တဲ့ ကိစ္စ တော့ မဟုတ် ခဲ့ ။ ပထ မဆုံး Nato အဖွဲ့ဝင် Bosnia နိုင်ငံ မှာ ပြသာနာ စကြုံ ရတယ် ။ နောက်..တူရကီ။ ပြီး တော့.. အီရန်..။ နေရာတိုင်း မှာ..အခက် အခဲ တွေ..ကြန့်ကြာမူ တွေ.. ပိတ်ဆို့ မူ တွေ ချည်း ပဲ။ ဒါ လို အခက် အခဲတွေ တင် မက.. လေယဉ်ဆီ မရ နိုင် လို့..မှောင် ခို ဈေး ရှာ ၀ယ် ရတာတွေ.. ဆင်းသက်တဲ့ နိုင်ငံ တိုင်း က တောင်းတဲ့..ပြည်ဝင်ခွင့် ဗီဇာ ကိစ္စ တွေ..။ ရှုပ်နေ တော့တာပဲ။ နောက်ဆုံး Afghan နိုင်ငံ ထဲက..အမေရိကန် လေတပ် တာဝန် ရှိသူ တွေ ကိုယ် တိုင်က တောင်.. ပေး အ၀င် မခံ ဘူးလို့ ဆို လာတယ်။ ဘာ တွေ ဘယ်လောက်ပဲ ခက် ခဲ ခက်ခဲ.. သူ့စိတ် ထဲ မှာ- ပထမ ဆုံး အာဖဂန် အမျိုးသမီး လေး တယောက်..လေ ထဲ မှာ ပျံသန်း ရမယ် ဆိုတဲ့.. Project mission ကိုပဲ..ခိုင် ခိုင် မြဲမြဲ စွဲ ထားတယ်။ နောက်လှည့်ပြန် ဖို့..လုံးဝ စိတ် မကူး ခဲ့ဘူး။ သူ့ လေယဉ်လေး ကလည်း.. ၃ နာရီ စာ ပဲ..ဆီ ဖြည့်နိုင် တာမို့.. နာရီ ၅၀ အတွင်း.. ၃၃ ကြိမ် မြောက် အဖြစ် ပါကစ္စတန် နိုင်ငံ မှာ ဆင်း သက် ရင်း.. အာဖဂန် ထဲ ကို ၀င် နိုင် ဖို့..အစွမ်း ကုန် ကြိုးပမ်း ခဲ့ ရ တယ်။ ရာထူး အဆင့်အတန်း မျိုးစုံ က..လူမျိုးစုံ နဲ့ တွေ့တယ်..ညှိနှိုင်းတယ် ။ နောက် ဆုံး တော့ .. ပြစ်ချ ရင် လည်း ခံမယ် ဆို တဲ့. စွန့်စားမူ နဲ့ပဲ.. သူ့လေယဉ်လေး ပျံသန်း နိုင်တဲ့ အမြင့် ကန့်သတ် ထက် ကျော်လွန် ပြီး.. အာရှ အလယ် ပိုင်းက..မြင့်မား လှ တဲ့ ..တောင်တန်း ကြီး တွေ ပေါ် ကို ဖြတ် ကျော် ခဲ့တယ်။

ဒီလိုနဲ့ပဲ... အာဖဂန် မြေ ပေါ် ကို ဆင်းသက် လို့.. သူငယ် မ.. Farial နဲ့ တွေ့ခဲ့ ရ တော့တယ် ။ အရှေ့တိုင်း ထုံးစံ အတိုင်း.. မိသားစု ကြီးတွေ ..ရောပြွန်း နေထိုင် ကြတဲ့.. သူငယ်မ ရဲ့ အိမ် မှာ.. ညစာ လက်စုံ စား ရင်း.. စကား တွေ ပြော ဖြစ် ကြတယ်။ နောက် နေ့ မှာ တော့.. သူတို့ ၂ ယောက်..ကောင်းကင် ပေါ် မှာ ပျံသန်း ရင်း.. သူရည် ရွယ် ချက် လည်း ပြီး မြောက်.. သူငယ်မလေး ရဲ့.. အိမ်မက် တွေ လည်း..တကယ် ဖြစ် လာ ခဲ့ တော့တယ်။

ဒါ ပေမဲ့ လည်း..တကယ့် တကယ် တိုက်လေယဉ် မှူး မ တယောက်ဖြစ် အောင်.. ဆက်ပြီး ကြိုးစား အားထုတ် ဖို့ ကျ တော့.. သူငယ်မလေး ရဲ့ ဦးလေး တွေ က..ဒီလို မိန်းမ တယောက်က.. ထူးထူးခြားခြား ကိစ္စ တွေ လုပ်ဖို့ ဆို တာ..မဖြစ် နိုင်ပါ တဲ့။ သူငယ်မလေး ကိုယ် တိုင် ကလည်း.. စိမ်ခေါ် မူတွေ အပြည့် နဲ့..တကယ့် လောကကြီး ထဲ ကို..ကိုယ်တိုင် ထွက် ကြိုးစား ဖို့ ဆို တာ.. သူ့ အတွက်..မလွယ်ပါ ဘူး တဲ့။ မိသားစု ကို လည်း ..မခွဲ နိုင် ပါ ဘူး တဲ့။

ဒီလို နဲ့ပဲ.. အနောက်တိုင်းသူ လေး.. Simone ရဲ့.. Smiling in a War Zone- ဆိုတဲ့.. Documentary လေး သာ.. ၂၀၀၆ ရဲ့..မှတ်တမ်း ရုပ်ရှင် ဆု ကို ဆွတ်ခူး ခဲ့ ပေမဲ့.. အရှေ့တိုင်း သူ လေး Farial ရဲ့.. အိမ်မက် တွေ ကတော့..ေ၀၀ါး မှေး မှိန် လို့သာ နေ တော့တယ်။

အဲဒီ မှတ်တမ်း ရှပ်ရှင် လေး ကို..တီဗီ ဖန်သားပြင် က..တဆင့် ကြည့်လိုက် ပြီး တဲ့ အခါ မှာ တော့...အရှေ့ နဲ့ အနောက် ရဲ့.. မတူညီမူ ကို.. တမျိုး တိုး ပြီး.. သတိ ထား မိ ခဲ့ ရတယ်။
အခေါ် ဝေါ် ကိုက..အရှေ့ နဲ့ အနောက်..။ တည် နေရာက.. တဖက်စွန်း ဆီ မှာ။ ရေ မြေ တော တောင် ရာသီ တွေ က .. ကွဲပြား ။ လူတွေ ရဲ့ အသွေး အရောင် က..မတူ။ ယဉ်ကျေး မူ အနေ အထိုင် တွေက..တဘာသာ စီ။ အဲဒီ တော့..စိတ် ဓါတ် နဲ့..ခံယူချက် ဘ၀ အမြင် တွေ ကကော.. ဘယ်လောက် တောင် ကွဲပြား ကြ မလည်း ။ အနောက်တိုင်း သူ Simone ရဲ့.. အလျှော့မပေး တဲ့.. မဆုတ်မနစ် စိတ် ..အားနည်း သူကို ကူညီ ရိုင်းပင်းလို တဲ့ စိတ် ကို မြင် ခဲ့ ရ သလို.. အရှေ့တိုင်းသူ လေး.. Farial မှာ ကျ တော့.. အားမတန် လို့..မာန်လျှော့ချင် နေ တဲ့..အနေအထား မှာ အမှီအခို မကင်း နိုင် တဲ့.. တွယ်တာ စိတ် က..ထပ် ပေါင်း လိုက်တော့- လေ ထဲ မှာ တိုက် အိမ် ဆောက် ယုံ က လွဲလို့..ဘာမှ ဖြစ်မလာ နိုင် တော့ ။ ဒါပေမဲ့လည်း.. ဒီလို မတူညီ တဲ့.. စိတ်ဓါတ် ခံယူချက် တွေ.ကို ..မွေးဖွားပေး လိုက် တဲ့.. မတူညီ တဲ့.. ဘ၀ ပေး အခြေ အနေ တွေ ကို.. ထဲ့ သွင်း စဉ်းစား လိုက် မိ ပြန် တော့ လည်း... ။

ကိုးကား- Documentary of " Smiling in a War Zone" (2006).

ကေ
(၂၈-၀၈-၀၈)

( စက်တင်ဘာလ ထုတ်- ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း တွင် ဖော်ပြပြီး-)


You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.