Sunday, November 9, 2008

[:: My Little World ::] 1 New Entry: နိုဝင်ဘာ လက်ဆောင်

နိုဝင်ဘာ လက်ဆောင်

မနေ့ က နိုဝင်ဘာလအတွက် ပထမဆုံး လက်ဆောင် ရတယ်။

လူကြုံနဲ့  ထည့်ပေးလိုက်မယ် ဆိုတာကို စက်တင်ဘာလ ကုန်ပိုင်းက အီးမေး နဲ့  ပို့ ပြောတယ်။ အရမ်းကို အံ့သြ၀မ်းသာ သွားခဲ့တယ်။ အခုလို မမေ့ပဲ သတိရ၊ အမှတ်ရ နေမယ်လို့  မထင်ခဲ့ဘူးလေ။ ကျွန်မဆို လက်ဆောင်ပေးဖို့ ဘယ်တော့မှ သတိမရဘူး၊ နီးမှ၊ ဒါမှမဟုတ် အဲဒီရက်မှာ တစ်ယောက်ယောက်က သတိပေးမှသာ အီးမေးလေးပို့ ပြီး ဆုတောင်းလေး လုပ်တတ်တာ။ သတိပေးမယ့် သူမရှိရင် ရက်ကျော်သွား တတ်သေးတယ်။ သိတတ်မှု့ က အဲဒီလို ကွာတာလေ။ လူကြုံနဲ့ ဆိုတော့ ပစ္စည်း သေးသေးလေးပဲ ထည့်ပေးလို့ ရတယ်၊ တခြား လိုချင်တာရှိရင်ပြောပါ၊ ၀ယ်ပေးမယ်၊ ဒါမှမဟုတ် လိုချင်တာရှိရင် ၀ယ်လိုက်ပါ ပိုက်ဆံကိုပို့ ပေးမယ် ဆိုတဲ့ စာသားတွေ ဖတ်ပြီး အပြုံးတွေ လှိုင်နေခဲ့တာပေါ့။ လူကြုံရောက်ရင် ဖုန်းဆက် လိမ့်မယ်၊ လူကြုံက နိုဝင်ဘာ ပထမအပတ်ထဲ ရောက်မယ် ထင်တယ်ပြောလို့  မျှော်နေခဲ့တာ။ မနေ့ က ဖုန်းဆက်လာတာနဲ့  ချိန်းပြီး ထည့်ပေးလိုက်တဲ့ ပစ္စည်းကို သွားယူဖြစ်ခဲ့တယ်။ ကိုယ်အမြဲ သုံးလေ့ရှိတဲ့ ပစ္စည်မျိုးမဟုတ်ပေမယ့် ဒီပစ္စည်းလေးကိုတော့ ပေးတဲ့သူရဲ့ မေတ္တာတရားကြောင့် သုံးဖြစ်မယ် ထင်ပါတယ်။

အခု ဒီနေရာမှာသာ အမှတ်တရ အနေနဲ့ ရေးနေမိတာ။ ခုချိန်အထိ ထည့်ပေးလိုက်တဲ့ ပစ္စည်းရပြီဆိုတာကို ဖုန်းဆက် မပြောရသေးဘူး။ ကျေးဇူးတင်တယ်၊ ဘာညာဆိုတဲ့ စကားတွေ မပြောတောင် ပစ္စည်းလက်ခံရပြီးရင် ရတယ်ဆိုတာလေးကို အကြောင်းကြားသင့်တယ်ဆိုတာ သိပေမယ့် မလုပ်ဖြစ်ဘူး။ ကိစ္စတော့ မရှိပါဘူး ကျွန်မ စိတ်၊ ကျွန်မ ပုံစံ၊ ကျွန်မ အကျင့်တွေကို သိနေတယ်ဆိုတော့ ဘာမှ မပြောလဲ၊ ထုံးစံအတိုင်းပဲ ဆိုတာ သိပြီး ဘယ်လိုမှ နေမှာ မဟုတ်ပါဘူး။ နောက်ကြုံလို့  ဖုန်းဆက်ဖြစ်မှပဲ ပြောလိုက်တော့မယ်။

You received this email because you are subscribed to the real_time feed for http://naynaynaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.