Sunday, November 16, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: သူ့ကိုရှာပေးကြပါနော်

သူ့ကိုရှာပေးကြပါနော်


ဘလော့ဂါ ဦးဦးတို့ တီတီတို့ရေ (သောက်ချင်လို့)အဲမှားလို့ :P :P တစ်ခုလောက် ကူညီစေ ချင်တယ်ဗျာ။ မက်မက်ရဲ့ အစ်ကိုလို ခင်ရတဲ့ တစ်ရွာထဲသား ကိုဂျူဝသန်ပေါ့ဗျာ သူလေ ရွာကနေပြီး မြို့တက်အလုပ် လုပ်မယ်ဆိုပြီး ထွက်သွားလိုက်တာ မြို့ကနေ အဆက်အသွယ် ကောင်းတော့ နိုင်ငံခြား ရောက်သွားပြီး အလုပ်လုပ် နေတာပေါ့။ ဟိုတလောက ရွာကို အရီးလေး ဒေါ်မြတို့ မြို့ကနေ ပြန်ရောက်တော့ ကိုရင်ဂျူဝသန် တယောက် ကာတာနိုင်ငံ ဒိုဟာမြို့ ကကောင်မလေး တစ်ယောက်နဲ့ မင်္ဂလာဆောင် လိုက်တယ်တဲ့။ အဲဒါသူတို့တွေ ဒီလထဲမယ် ရွာကိုပြန်လာမယ်လို့ ပြောတော့ ရှိသမျှ ကာလသားတွေနဲ့ မက်မက်တို့လို ကွမ်းတောင်ကိုင် တွေဝမ်းသာ ရတာပေါ့။ သူကလေ ရွာကသူ့ သူငယ်ချင်းတွေ သူ့ကို လွမ်းနေမှာ စိုးလို့တဲ့ သူ့ဓာတ်ပုံရော၊ သူ့မိန်းမ ဓာတ်ပုံရော ပို့လိုက်တယ်။ အရီးလေး ဒေါ်မြက ရန်ကုန်က ပြန်လာတော့ သူငယ်ချင်းတွေ အတွက်ဆိုပြီး အဖိုးဦးတုတ်ကြီးက သူ့မြေး ဓာတ်ပုံတွေ ထည့်ပေး လိုက်တာလေ။ ရွာမှာ ရှိသမျှ လူတွေတော့ သူ့ကို သတိရ နေတာပေါ့။ သူကရွာမှာ ရှိတဲ့သူတွေကို ဆွေပြမျိုးပြ သူ့မိန်းမကို ခေါ်လာမယ်လို့လည်း ပြောထားတော့ အားလုံးက သူပြန်လာမယ့် ရက်ကိုစောင့် နေကြတာပေါ့။ အဲဒါဗျာ ရွာမှာလည်း ကွမ်းတောင်ကိုင် တွေကပျော် နေကြတယ်လေ။ သူတို့က ရွာမှာလည်း ဆွမ်းကျွေးမှာ ဆိုတော့ အပျိုတော် တွေက သူတို့ရဲ့ မရှိတဲ့ အလှကို ရှိသမျှ ထုတ်ကြွားဖို့ အားခဲထားလေရဲ့။ အမယ် အကိုတော် ဂျူဝသန် တို့များ နိုင်ငံခြား ရောက်တော့ သူ့ကိုယ်သူ အန်ဖတ်သန်ကောင် ဆိုလား၊ အန်စာဝိုင်းထဲက ၀ါးတန်း ဆိုလား အင်္ဂလိပ်လို ပြောင်းထားတယ်ဆိုပဲ။ အော်..သိပြီ သိပြီ ဘာတဲ့ အန်ထော်ပြီး နီနေတဲ့ ၀သန်တဲ့။ အော်..မွှားလို့...ဟိဟိ..အန်ထော်နီဝသန်တဲ့...နာမည်လေး ကလည်း အပျံစား ပဲနော်။ သူ့မိန်းမကိုတော့ ဖာသီမာအရှာခိုမီနီ ကနေပြီး မသီတာလို့ ပြောင်းခေါ် ပေးပါတဲ့။ တစ်ရွာထဲသား လည်းဖြစ် အစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းလဲ ဖြစ်ဆိုတော့ ခေါ်ရမှာပေါ့နော့်။ အဲဒါနဲ့ဗျာ ရွာကို သူ့မိန်းမ မသီတာနဲ့ ပြန်လာတာပေါ့။ သူ့မိန်းမက နဲနဲတော့ ရှက်တတ်တယ် သိလား။ မျက်နှာကို ခုထိ လူမြင်မှာ ကြောက်လို့ ဖုံးထားတာ။ကိုဂျူဝသန်တို့များ ရွာထဲအနှံ သူ့မိန်းမကို လိုက်ကြွား ရတာလဲ အမောပဲ၊ ကိုအန်ထော်နီဝသန် တို့က အဲလောက်ထိ မိန်းမကို ချစ်တာ။ ဒါနဲ့ဗျာ ရန်ကုန်ကို ပြန်မယ်ဆိုတော့ မက်မက်တို့ ကွမ်းတောင်ကိုင် အပျိုလေး တစ်သိုက်ကလည်း မြို့ကို တစ်ခါမှ မရောက်ဖူးဘူး ဆိုတော့ လိုက်သွားတာပေါ့။ အဲဒီမှာဗျာ တစ်ရက် မဖာသီမာ ခေါ်မသီတာ ကိုခေါ်ပြီး ရန်ကုန်ထဲအနှံ လျှောက်လည်လိုက်တာ အားလုံးက မအူနဲ့ မလည် ညီအစ်မ နှစ်ယောက်နဲ့ ဆိုတော့အော်.. မှားလို့ :P မအူမလည်နဲ့ ဆိုတော့ မဖာတီမာခေါ် မသီတာလေး ပျောက်သွားတယ်ဗျာ။ 199မှာတော့ လူပျောက်တိုင် ထားပြီးပါပြီ။ အခုကိုရင်ဝသန် လည်း မိန်းမပျောက်လို့ မစားနိုင် မအိပ်နိုင် ဖြစ်နေတယ်ဗျာ။ သူ့မိန်းမကိုလည်း အရမ်းသတိရ နေတယ်။ညညဆို ယောင်ယောင်ပြီး သီတာကယ်ပါဦး၊ သီတာကယ်ပါဦး ဆိုပြီး သီချင်းတွေ ဆိုနေတာဗျာ ဘေးက လူတွေ တောင် မခံစားနိုင်ဘူး (ခဲနဲ့ပေါက်ချင်လို့ :P အော်..ဟုတ်ပါဘူး) သနားလို့တဲ့။မယုံရင် သူ့အိမ်ကို သွားကြည့်။ :P :P :P အဟားဟ..


အဲဒါဗျာ မသီတာခေါ် မဖာသီမာအရှာခိုမီနီ (အမလေးဗျာ ခေါ်ရတာ မောလိုက်တာ ..ဟောဟဲ.. ဟောဟဲ.. :P :P )လေးကို တွေ့ရင် ကိုဂျူဝသန်ရဲ့ အိမ်ဖြစ်ဖြစ်၊ မက်မက်ရဲ့ အိမ်ဖြစ်ဖြစ် ပို့ပေးကြပါ။ အဲ..သွေးဆောင်ပြီး ဖျာရောင်း..အဲ..ဖျားယောင်း ထားရင်တော့ ထောင်ဒဏ်ဆိုပဲ။သတိနော်သတိ.. အဟဲ.. ဦးရီးတော်တွေ သတိထားတော့။ :P :P ဒါပေမယ့် ရှာတွေ့လို့ ရှိခဲ့ရင် ဆုတော်ငွေ ချီးမြှင့် မယ် တဲ့။ ကဲ.. ရှာပေးလိုက် ကြပါနော်။ ဆုငွေက USD10 မီလီယန်တဲ့ဗျား... ကဲ..ရှာလိုက် ကြပါစို့နော်.... အခွင့်အရေးကို လက်လွတ်မခံနဲ့။ 10မီလီယန်နော် 10မီလီယန်.... အဟမ်းအဟမ်း.. :P :P

တကယ်တော့ ဒီရက်ပိုင်းမှာ မက်မက် တကယ်ကို လုံးဝ မအားတာပါ။ ပို့စ်ကောင်းလေးဖြစ်ဖို့ အတွက် စာရေးနေတာ မပြီးသေးခင် အိမ်ကို လာလည်တဲ့ ဦးဦး/တီတီတွေ ပျင်းနေမှာ စိုးလို့ ဆားချက် နေ တာပါ။ ဟဲဟဲ.. မက်မက် အိမ်ကို လာလည်လို့ တစ်ချက် ပြုံးသွားရင်ကိုပဲ ၀မ်းသာပါတယ်။ အခုလို ဆားကုန်ကြမ်း ထုတ်လုပ်ရာမှာ နာမည်သုံးခွင့် ပေးတဲ့ ကိုရင် ဂျူဝသန်ခေါ် ကိုအာခေါင်နီဝသန် အော်... မှားလို့ ..ကိုအန်ထော်နီဝသန် ခေါ် ဦးခပ်ညံ့ညံ့ကောင်ရေ..ကျေးဇူးနော်.. ဟဲဟဲ.. :P :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.