Tuesday, October 7, 2008

[ညမီးအိမ်] 1 New Entry: မိုးပြာရောင်ပျံသန်းမှု့

မိုးပြာရောင်ပျံသန်းမှု့

ကျွန်တော့်ဘဝမှာ ပထမဆုံး ဆိုဖူးတဲ့သီချင်းလေးပါ။ ပထမဦးဆုံးဆိုဖူးတယ်ဆိုပေမယ့် ပထမဦးဆုံးအသံသွင်းထားတာကိုတင်ထားတာမဟုတ်ပါဘူး။ အထပ်ထပ်ပြန်ဆိုပြီးအသံပြန်သွင်းထားတာပါ။ ဒါတောင်အချောမပြီးသေးဘူးဗျ။ ဘယ်တော့မှထွက်လာတော့မှာမဟုတ်တဲ့ဒီသီချင်းလေးကို အခု အမှတ်တရအနေနဲ့တင်လိုက်ရတာပါ။ ဘယ်တော့မှထွက်မလာဘူးဆိုပေမယ့် ကျွန်တော်သူငယ်ချင်းစိတ်ပါလို့ထပ်လုပ်ဖြစ်ရင်တော့မပြောတတ်ဘူးပေါ့။ ကျွန်တော်ကတော့သီချင်းထပ်မဆိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ သီချင်းလေးကိုအားပေးကြပါဦးနော်။ ကောမန့်မှာလဲဝေဖန်ပေးခဲ့ပါဦး(မကောင်းရင်မကောင်းဘူးပြောခဲ့လို့ရပါတယ်၊ ဒါပေမယ့် မြင်မကောင်းတဲ့ စာသားမျိုးပါလာမယ်ဆို ဖျက်ပစ်ရပါလိမ့်မယ်၊ မြင်မကောင်းတဲ့စာသားဆိုတာ ဆဲရေးတိုင်ထွာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။) အမှတ်တရပေါ့။

မိုးပြာရောင်ပျံသန်းမှု့ - Wolves

ဒီ Music ကိုဖန်တီးထားပေးတာက Dream က ကိုကြီးကျော်ပါ ၅၁လမ်းကပါ။
Lyric က One Way က Bro-G ရေးပေးထားတာပါ။
သီဆိုထားတာကတော့ Chrous ကကျွန်တော်ပေါ့ဗျာ။ rap စာသားအေးအေးလေးတွေဆိုတာကတော့ ကျွန်တော်သူငယ်ချင်းဇာနည်ပါ။ Bro-G ဆိုထားတဲ့အပိုဒ်မပါဘူးဗျ။ သူ့ Vocal ဖိုင်ကျွန်တော့်မှာမရှိလို့မပါလာတာပါ။

ညမီးအိမ်
nyameeeain21286@gmail.com
http://www.nyameeeain.blogspot.com

You received this email because you are subscribed to the real_time feed for http://www.nyameeain.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.