Tuesday, October 7, 2008

[မိုးသောက်ယံရဲ့အခန်းငယ်] 2 New Entries:

http://moethaukyan.blogspot.com/feeds/8819134829544578070/comments/default

သို့
ဖေဖေ .. ဘာလိုလိုနဲ့ ကိုးနှစ်တောင် ရှိခဲ့ပီနော်။ ဖေဖေ သားတို့ကို စွန့်ခွာပီး အဝေးကို ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိခဲ့ပီပေါ့။ အချိန်တွေ အကုန်မြန်လိုက်တာ ဖေဖေရယ် ကိုးနှစ်ဆိုတာ သားမျက်လုံးထဲမယ် မနေ့ တနေ့ကလိုပါပဲ။ ခုထက်ထိ ဖေဖေ့ ဈာပန အခမ်းအနားကို မေ့မရနိုင်သေးပါဘူး။ မေမေ့ မျက်ရည်တွေ၊ ညီလေး ၂ ယောက်ရဲ့ မျက်ရည်တွေ ဒါတွေကို မြင်ပီး သားရဲ့ရင်ထဲက ဆုံးရှုံးမှုက ဘာနဲ့မှ အစားထိုးမရခဲ့ပါဘူး။ အဲ့ဒီတုန်းက သားတယောက်ပဲ မျက်ရည် မကျခဲ့ဘူးနော်။ ဒါကို ဖေဖေ အပြစ်တင်မှာလား သားကိုနားလည်ပီး ပြုံးကြည့် နေခဲ့မှာလား ဆိုတာ သား အမြဲ တွေးနေခဲ့ မိတယ် ဖေဖေ။ တကယ်တော့ သားမျက်ရည် မကျခဲ့တာဟာ ဖေဖေ့ကို မချစ်လို့ မဟုတ်ပါဘူး ငိုနေတဲ့ မေမေနဲ့ ညီလေးတွေကို ကြည့်ပီး သားဟာ အဖေ့ နေရာကို ၀င်ရပ်ရတော့မယ် တာဝန်ကြောင့် ပျော့ညံ့တဲ့ စိတ်ဓာတ်ကို အနိုင်မပေးခဲ့တာပါ ဖေဖေ။ ဒါပေမဲ့ သားရင်ထဲမှာ ငိုနေတာကို တော့ ဘယ်သူမှ သိနိုင်ခဲ့မယ် မထင်ပါဘူး။

http://moethaukyan.blogspot.com/feeds/8795894034679535755/comments/default

သို့
ဖေဖေ .. ဘာလိုလိုနဲ့ ကိုးနှစ်တောင် ရှိခဲ့ပီနော်။ ဖေဖေ သားတို့ကို စွန့်ခွာပီး အဝေးကို ထွက်သွားခဲ့တာ ကိုးနှစ်တောင် ရှိခဲ့ပီပေါ့။

You received this email because you are subscribed to the real_time feed for http://moethaukyan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.