Tuesday, October 7, 2008

[Programmer's Diary] 1 New Entry: အတောင်ပံခတ်သံများ ၂၈ ခါတိတိ

အတောင်ပံခတ်သံများ ၂၈ ခါတိတိ

၂၀ + ၈ ဖြစ်ဖြစ်
၃၀ - ၂ ဖြစ်ဖြစ်
မျှော်လင့်ချက်အသစ်နဲ့အတူ ၂၈ ရောက်လာတယ်။

၁၉၈၀ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်သလို
၂၀၀၈ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်တယ်။

(၁၉၈၀-၁၉၉၉)
မိသားစုထဲ နောက်ဆုံးမှ ရောက်လာတဲ့ သားကို
ဘယ်သူနဲ့ ယှဉ်ယှဉ်
အမြဲရှေ့ဆုံးမှာ ရောက်ချင်ခဲ့ပေမယ့်
ကျရှုံးတိုင်း နားလည်တတ်တဲ့ အဖေနဲ့ အမေ
အောင်မြင်တိုင်း ဂုဏ်ယူတတ်တဲ့ အဖေနဲ့ အမေ။

(၁၉၉၉)
ဦးသုံးကြိမ်ချပြီး ခပ်မြန်မြန် ခတ်လိုက်တဲ့ မျက်တောင်တွေ အောက်
ငိုမဲ့မဲ့ဟန် မပေါက်အောင် ကြိုးစား..
"သား .. သွားတော့မယ်" လို့ နှုတ်ဆက်
နယ်မြေသစ်တွေ ရှာဖို့ထွက်ခဲ့ရ
စင်္ကာပူရဆိုတဲ့ ကျွန်းကလေးထဲ ၉ နှစ်တာ။

(၂၀၀၈)
၉ နှစ်ကြာ ရှာတာတောင် အခြေချစရာ နေရာ စိတ်တိုင်းကျ မတွေ့
အရိုးများသလေး ချီးခါးသလေး ပြောတတ်တဲ့ သား
ကမ္ဘာတဘက်ခြမ်းမှာ ထပ်ရှာဖို့ ကြိုးစားမယ်။

အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြေသိမ့်
နိမ့်ဆင်းလိုက် မြင့်တက်လိုက်
လေဟုန်စီးဆဲ ငှက်တစ်ကောင်
ကမ္ဘာဆိုတဲ့ လှောင်ချိုင့်ထဲ ၂၈ နှစ်တာ။

ခေလွန်း
၇၊ ၁၀၊ ၂၀၀၈

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.