မှတ်တိုင်.... ၂၀၀
တစ်ခါခါ ကျနော်က လူရွှင်တော်တစ်ယောက်နဲ့ တူတဲ့ စကားလုံးတွေနဲ့  ချယ်သ တစ်ခါခါတော့ အဆွေးသမားလိုလို အသဲကွဲသမားလိုလို ယောင်ဝါးဝါးနဲ့  ကိုယ်က ဘယ်လိုလိုင်းကိုရေးတဲ့ ဘလော့ရေးသူမှန်းကိုမသိတော့ဘူး ဒါပေမယ့် စာတွေရေးရရင်ကိုက ပျော်နေတာ ကိုယ်ရေးတဲ့စာက ဖတ်သူတွေအတွက် ရယ်စရာတွေဖြစ်ဖြစ်သွားတာကိုလည်း ကျေနပ်သလိုလို ကိုယ်တိုင်တော့ မရယ်ရပါဘူး ပေးခဲ့တဲ့ မှတ်ချက်တွေကြည့်ပြီးမှ ဟုတ်သား ငါရေးတာ အဲ့လိုဖြစ်သွားတာကိုးလို့  စဉ်းစားမိတယ်း) ။ဘလော့ပိုးကိုက်လို့  အလုပ်ကလည်း ပြုတ်လုပြုတ်ခင် မျက်းလုံးကလည်းကြာရင် မျက်မှန်တပ်ရမယ့် အနေထားမှာရှိတယ် ။ ခေါင်းကိုက်နေရင် ဆေးသောက် ပလာစတာကပ်ပြီး ဘလော့တယ် အိပ်လို့ မရတော့ဘုးး ညညတွေဆိုသလို အိပ်မက်ထဲမှာလည်း ဘလော့ ဘလော့နဲ့ ကိုဖြစ်နေတာ ...။
ဆြာနဲ့  ဖုန်းပြောဖြစ်ရင် ဘလော့ဂါတွေ အတင်း အယ်လေ သတင်းတွေ ပြော ဘယ်သူကကျနော့်ကို ဘယ်လိုပြောသွားတာဆိုပီး တိုင်ကြောထူနေတာ " ကိုယ့်ပါသာရေးစရာရှိတာ ရေးစမ်းပါ ညီရာ စိတ်ထဲမထားနဲ "့တဲ့ မှတ်ထားမှ ဆြာ့ စကားမြေ၀ယ်မကျနားထောင်မယ် :P၊ အစ်ကိုစေးထူး ပို့ စ်အသစ်တင်ထားတယ် အရင်ဆုံးကော့မန့် ပေးချင်တာဆိုပြီး ဘယ်ကြည့် ညာကြည့် ဘယ်ညာကြည့် လူလစ်ရင် ခိုးဖတ် ကော့မန့် ပေး ဟိဟိ ကြာတော့ အကျင့်ဖြစ်လို့  ဘလော့တွေခိုးဖတ်တာ စာဖတ်မြန်လာတယ် ၊ မုတ်သုန်လို ဖတ်ဖူးတဲ့ စာတွေထဲက ကောင်းနိုရာရာတွေတင်ပေးချင်ပေမယ့် သူဖတ်တဲ့စာရေးဆရာတွေကို ကိုယ်ကကြားတောင်မကြားဖူးဘူး ၊ ကိုအိပ်မက်နက်လို အက်ဆေးအပြင်းစားတွေရေးတက်ချင်တာ ပြီးတော့ သူ့ လို စာမူခတွေအများကြီးလိုချင်တာ ဘီလိုလုပ်ရပါ့ ၊ ကိုညိမ်းညို ကိုတင့် ၊ကိုအိုင်း တို့လို စကားလုံထိထိမိမိ ကာရန်လှလှလေးတွေနဲ့  ကဗျာရေးချင်ပေမယ့် ကိုယ်ရေးတဲ့ ကဗျာက ကြက်ဟင်းခါးသီးတောင်ပါလိုက်သေး ကွာချက် ...။
ကဖြိုးငယ် လွမ်းလုင် တို့ လိုမျိုး အချစ်ကဗျာ နုနုရွရွလေးလည်းရေးတက်ချင်တယ် ကျနော့်အချစ်တွေကသေသွားတာကြာလှပေါ့ အချစ်ဆိုရင် ဒီကောင်က ဂစ်ချင်နေပြီး ရေးလို့ မဖြစ်.။ ကိုဇင်ယော် ၊မရွှေပြည်သူ တို့  ဘာသာပြန်တွေကကောင်းချက် ကိုယ့်အစွမ်းစနဲ့ ဆို ဒီလိုစာကောင်းတွေဖတ်လို့ ဘယ်ရမတုန်း ။ ကိုကြီးဝိ ရဲ့ ဒဿနတွေနဲ့ ဘ၀အကြောင်းစာပေတွေကို အားကျ သို့ သော် ရေးဖို့ နေနေသာသာ သူရေးတဲ့ ပို့ စ်တွေ ၃ ခေါက်လောက်ဖတ်မှ သဘောပေါက်တယ် ။ အန်ကယ်အောင်ရေးတဲ့ ကဗျာတွေက ကျနော့်ကို အားပေးနေသလိုလို စိတ်ညစ်နေတုန်းက ကဗျာလေးတစ်ပုဒ်ရေးပေးတဲ့ အစ်ကိုကြီးရုပ်ဆိုးကတော်တော်ခင်ဖို့ ကောင်း တယ်၊ စာရေးအားကောင်းတဲ့ ကိုရွာသား အားကြီးပဲများတယ် ငါ့ဆီကျလာလည်းမလာဘူး :D ၊ ကိုနိ က ပေးမယ်တဲ့ ဟီး ပျော်လိုက်တာ မဇနိ ကလည်း ဟင်းချက်ကောင်းမှကောင်း ထမင်းစားမမြိန်ရင် သူတို့ ဘလော့ဖွင့် စားလိုက်ကြည့်လိုက်နဲ့  အဖြစ်ကဆိုးလိုက်တာ .၊ အစ်မ မေမိုးတို့  မောင်နှံ နှစ်ယောက်စလုံးချောတယ်ဗျ နေနဲ့  လရွှေနဲ့ မြ ။
အစ်မတန်ခူး မနုစံ အစ်မမြ တို့အိမ်သွားလည်ရင် ကိုယ့်အစ်မအရင်းတွေအိမ်သွားလည်ရသလိုစိတ်ထဲမှာ ခံစားရတာကလည်းထူးဆန်းပါ့ ။မကြာသေးခင်ကမှ ခင်တဲ့ ကိုဟဟညိမ်း ပလုတ်တုတ်ခင်လေး မျက်ဝန်းနက် ဟီးရိုး ညမီးအိမ် တို့ ကိုလည်း မမြင်ဖူးပဲ တကယ့် ညီအစ်ကိုအရင်းတွေလို ဖြစ်နေတာ ဒါကြောင့်ပြောတာပေါ့ရှေးရေပေါက် (ရေပေါက်နဲ့ ရေစက် တူတယ်ဟုတ် :P) ။ စိတ်ညစ်တိုင်း အားပေးစကားပြောတတ်တဲ့ ကိုရင် မယ်မျိုးလို့ ထူးထူးဆန်းဆန်းခေါ်တဲ့ ခင်လေး ချစ်စရာကောင်းတဲ့ ခလေးလေးတို့  ဆီပုံးမှာ သွားဆော့ရတာလည်းပျော်စရာကောင်းမှကောင်း ၊စလို့ ကောင်းတဲ့ အစ်မတော် သက်တန့် ၊ တစ်ဥင်္ီးတည်းသော ညီမဝေလေး သူကတော့ တစ်ခါခါ လူကြီးလေသံနဲ့ ဆုံးမတက်တယ် ...။စိတ်မဆိုးတက်တဲ့ အနန်ဒါ ( စိုးမြနန္ဒာသက်လွင်) မလာတာကြာပေါ့ ဘယ်မှာ weekend နေလဲမသိ ၊ဂျစ်ကန်ကန် ကောင်မလေး စိုးမိုး ဂိမ်းဆော့လို့  ၀မှ ဘလော့ရေးတာတဲ့ ဆိုးပါ့ ဒီခလေးမနှယ် ..။
ဟိုးး..သွေးမနှော အစ်မကြီးလေးမ တစ်ယောက် လက်နာနေတယ် တကယ်လားမသိ စိတ်ပူပါ့ ကောင်ကင်ကြီးကို အချွဲပိုနေတာဖြစ်မှာပါလေး) ၊ ကိုမှော်က ပြောတော့ ပို့ စ်တွေမကြာမကြာတင်မယ်ဆိုပြီး မဖတ်ရတာ တစ်လတောင်ကျော်ပြီးးး ၊ ကိုပြတိုက် လည်းပင်ပန်းနေမှာ သူ့  အဖေ မြန်မြန်နေကောင်းပါစေလို့  ဆုတောင်းမိတယ် ၊ ရွှန်းမီ တစ်ယောက် မပြောမဆိုနဲ့  ဘလော့ပိတ်သွားပြန်ပြီးဘာဖြစ်တာလဲမသိဘူးး ၊ကြယ်စင်နှပ်သမီးကြီး နဲ့  နှပ်သမီးလေးမွန်က ဟိုလဒ နှစ်ကောင်ကို လွမ်းနေတာသိသား တနားပါတယ် သွပ်သွပ် :D ၊ ကိုလင်းထက်ကြီးက အခုအိပ်ယာထရင် မျက်နှာသစ်ပြီးပြောတယ် တော်သေးတာပေါ့ ၊ မောင်ငယ် ကလည်း တမမ နဲ့  မနေလိုက်တာ ကြက်သီးပါထတယ် ၊ ဦးသားထူးကို ရင်း၂နှီး၂ သားထူးသွားလုပ်နေတယ် ကိုယ့်ထက် ၁၆ နှစ်တောင်ကြီးတယ် ဟားဟား အားနာလိုက်တာ ဘဘရယ် အနော်က မသိလို့ နော့်း) ၊ ကိုကျန် နဲ့  ကိုညာ နောင်တော်နှစ်ပါး ဘယ်ချောင်မှာ သဝေထိုး ၀က်အူရစ်နေကြလဲမသိ မတွေ့ တာကြာပြီးးး.... ပြည်တော်ပြန်ပြီး မိဘနဲ့ တူတူနေဖို့  အမြဲပြောတက်တဲ့ သယ်ရင်းလေး မင်းယွန်း နဲ့  ပို့ စ်ဖတ်ပြီးတိုင်းစိတ်ပူပြီး ဖုန်းဆက်တတ်တဲ့ ကိုတိုးလေး တို့ ကိုကျေးဇူးနော့် မနေ့ ကမှ မျက်စိလည်ပြီးရောက်လာတဲ့ ပိစိလေး ကို နာမည်ကြားတာနဲ့  ရယ်ချင်နေပြီး.........။
ဟူးး....မောလိုက်တာ တစ်ယောက်ချင်းဆီလိုက်ရေးနေရတား) ဘယ်သူတွေ ကျန်သေးလဲ မသိ မမှတ်မိတော့လို့  ကျန်ခဲ့ရင်လည်း စိတ်မဆိုးကြနဲ့ နော့် ။ သူငယ်ချင်းတို့ ရေ့ ကျနော့်ရဲ့ ၂၀၀ မြောက်ပို့ စ်အမှတ်တရလေးပါ တစ်နှစ်ပြည့်မှ ဒီလိုပုံစံလေးရေးဖို့ စဉ်းစားမိပေမယ့် ရေးသူကိုတိုင်တောင် သိပ်မသေချာလို့  ဒီပို့ စ်လေးနဲ့ ပဲရေးလိုက်တော့တယ် ဘာပဲဖြစ်ဖြစ် ဒီနေရာလေးမှာ ကြောင်တောင်တောင် ကောင်လေးတစ်ယောက် ကိုအသိမှတ်ပြုပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ အခြေနေနဲ့  အချိန်ခါပေးနေသရွေ့  Blogging ပါအုံးမယ် ။ကျနော့်ရဲ့ တောင်ရောက် မြောက်ရောက် စာတွေအချိန်ကုန်ခံဖတ်သွားကြတဲ့ ဘလော့ရေးသူးများ ဖတ်သူများ အားလုံးကို ကျေးဇူးတင်ရင် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာ အားလုံးပဲ ပျော်ရွှင်ကြပါစေ...။
ပို့ စ် ၂၀၀ ပြည့် အမှတ်တရ လက်ဆောင်လေး လုပ်ပေးတဲ့ ကျနော့်အစ်မ မအိမ့် ကိုကျေးဇူးအထူး .........။
You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.