Tuesday, October 7, 2008

[ပန်းခရမ်းပြာ] 1 New Entry: ဖြစ်သလို ချက်စားမိတဲ့ ဟင်းတစ်ခွက်

ဖြစ်သလို ချက်စားမိတဲ့ ဟင်းတစ်ခွက်

အလွန်ဇီဇာကြောင်တဲ့ ကျမ၊ မနေ့က ဖြစ်သလို ဟင်းတစ်ခွက် ချက်လိုက်မိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မနက် C Box မှာ အိမ်က လာအော်သွားတယ်။ Tag ထားတယ်… ဖြစ်သလိုစားတာ ရေးပေးပါတဲ့ …။ ရေကန်အသင့် ကြာအသင့်၊ Tag သူအသင့် ပို့စ်အသင့်နဲ့။ ဟန်ကြလိုက်တာ။



မနေ့ညနေ ရုံးကအပြန် Super Market NTUC ကိုဝင်တယ်။ အိမ်မှာ ပုဇွန်ထုပ် နည်းနည်းကျန်သေးတယ်။ ရောချက်စရာရှာတာ နွမ်းနေတဲ့ ဟင်းရွက် တွေပဲတွေ့တယ်။ ဒါနဲ့ မှို (Oyster Mushroom) ကိုပဲ ဝယ်လာခဲ့တယ်။ ထုံးစံက မှိုနဲ့ ကန်စွန်းရွက် ကြော်ရမှာ။ ခုတော့ အိမ်မှာရှိတဲ့ လက်ကျန်တွေကို ရောမွှေချက်ရတော့မယ်။

ပုဇွန်ု အခွံနွာ ဆားနဲ့နယ်၊ မှိုကို ရေဆေး အနေတော်လေးတွေဖြတ်၊ ကြက်သွန်နီက ခပ်ပါးပါး၊ ငရုတ်စိမ်း ထက်ချမ်းခွဲ၊ ခရမ်ချဉ်သီး လေးစိတ်စိတ်။

ဒယ်အိုးထဲမှာ ဆီပူအောင် တည်လိုက်တယ်။ ပုဇွန်တွေ ထည့်ကြော်တယ်။ ရေထွက်လာမှာစိုးလို့ အဖုံး မအုပ်ဘူး။ အနီရောင် သန်းလာတော့ ခပ်ထားလိုက်တယ်။ ကြက်သွန်နီ ငရုတ်စိမ်း ဆနွင်းမှုန့်ထည့် ဆီသတ်တယ်။ မှိုကို ထည့်၊ ဆားထည့်မွှေ၊ ကြော်ထားတဲ့ ပုဇွန် ထည့်မွှေ၊ အဖုံးအုပ်ထားလိုက်တယ်။ ထွက်လာတဲ့ ရေနဲ့ မှိုနူးသွားလိမ့်မယ်။ ခရမ်းချဉ်သီးလေး ထည့်မွှေပြီးရင် စားလို့ရပြီ။ ပြင်ဆင်ချိန် မပါ။ စုစုပေါင်း ချက်ချိန် ငါးမိနစ်ပဲကြာတယ်။

ဖြစ်သလို မှိုပုဇွန် ချက်လိုက်တာ စားကောင်းသား။ နှစ်ယောက်စာ ပုဇွန် ဆယ်ကောင် မှိုတစ်ထုပ်ဆို ကန်စွန်းရွက် လေးစည်းဘိုးလောက်ပဲ ကုန်တယ်။ စကာင်္ပူဈေးနှုန်းနဲ့ တွက်တာနော်။


You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.