Thursday, November 20, 2008

[MY REMEMBRANCE] 1 New Entry: ပိတ်ဆို့ခံ ဦးနှောက်

ပိတ်ဆို့ခံ ဦးနှောက်


ဒီအကြောင်းတွေ ငါမကြားချင်ဘူး။ စိတ်မကောင်းလွန်းလို့ ၊ ရင်လဲနာတယ်။ ခံစားရတယ်။ တကယ်ပါ။ သူလို တော်တဲ့လူတွေရဲ့ စွမ်းအားတွေ ငါတို့နိုင်ငံမှာ ရှေရှောက် ပျောက်ဆုံးဖို့ပဲ ရှိတော့တယ်။ နောင်ဆို မြန်မာလို့ဆိုရင် "မရှုတ် မလုပ် မပြုတ်"ဆိုတဲ့ လူစားမျိုးပဲ ဖြစ်လာတော့မယ်နဲ့ တူပါတယ်။ အခုလဲ တော်တော်များများ "မရှုတ် မလုပ် မပြုတ်" ဖြစ်နေကြပြီလေ။ ငါအပါ အဝင်ပေါ့။


အညွှန်တလူလူ တက်နေတဲ့ အပင်ကို ခေါင်ညွန်ကနေဖြတ်လိုက် သလိုပဲ။ တချို့ကလည်းပြောမပေါ့။ ခေါင်ညွန့် ကျိုးသွားရင် နောက်ထပ်ဘေးကနေ အညွန်တွေ ထပ်ထွက်လာမှာပေါ့။ ဒါပေမဲ့ အဲဒါက ဘေးကအညွန်တွေလေ။ ခေါင်ညွန်မှ မဟုတ်တာ။ ခေါင်ညွန်နဲ့ ဘေးကထွက်လာတဲ့ အညွန့် တခြားစီပါ။


နည်းနည်းတော့ကြာပြီ။ the voice weekly editorial ထဲမှာလား။ ဆရာမဂျူး ပြောတာလား မမှတ်မိတော့ဘူး။ အခုခေတ်မှာ လူတော်ခေါင်းဆောင်တွေ ရှားသွားပြီတဲ့။ ဟိုခေတ်က ဒေါက်တာဘမော်လို့။ ကိုအောင်ကျော်လို ရဲရဲတောက် ခေါင်းဆောင် ကောင်းတွေ ပေါ်ခဲ့ကြတယ်။ အခုတော့ မရှိသလောက်ပဲ။ နည်းနည်း ရှိလာမယ်ဆိုရင်လဲ အမြစ်ကပါတူးထုပ် လိုက်တော့ မရှိတာလဲ မဆန်းပါဘူး။


နိုင်ငံတော်တော်များများက brain drain ကိုပြသာနာ တစ်ရပ်လို စိုးရိမ်ကြတယ်။ ကျတော့ကတော့ brain drain ထက် brain block ကိုပိုစိုးရိမ်မိတယ်။ ကျတော်မသေသေးရင် နောင် အနှစ် ၂၀၊ ၃၀ လောက်မှာ ကျတော်တို့ brain block တွေ ခရီးဆက်ကြတာပေါ့။

..........................................................................................................................................................................

ကျတော်သုံးထားတဲ့ brain block ဆိုတဲ့ အသုံးအနှုန်း မှန်ချင်မှ မှန်ပါလိမ့်မယ်။ မှားနေရင် ပြင်ပါမယ်။

the above photo is taken from http://theguiridispatches.wordpress.com

You received this email because you are subscribed to the real_time feed for http://kookgyi.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.