Thursday, November 20, 2008

[NYI LYNN SECK 18+ DEN] 1 New Entry: http://blog.nyilynnseck.com

http://blog.nyilynnseck.com


ကံကောင်းထောက်မစွာ သူများ နှစ်နှစ်လောက် ယူထားတာ ခံရတဲ့ ကိုယ့်နာမည်နဲ့ ဒိုမိန်းလေးကို လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်က ပြန်ရလိုက်ပါတယ်။ ဒါနဲ့ Google Site မှာ အကောင့်တစ်ခု ဖွင့်ပြီး အပိတ်ခံထားရတဲ့ Blog လေးကို Redirect လုပ်ဖို့ ကြိုးစားရတယ်။ ဒီနေ့တော့ ရပြီလို့ ထင်တယ်။ ဒါပေမယ့် တချို့ Widgets တွေက အဲဒီမှာ ကောင်းကောင်း အလုပ်မလုပ်ဘူး။ ပြီးတော့ Mail to Blogger ပိုစ့်တင်ထားတဲ့ ပုံတွေကိုလည်း မြင်ရမှာ မဟုတ်ပါဘူး။ နိုင်ငံခြားက လူတွေအတွက်တော့ အရင် ဘလော့လင့်ကို သွားလည်း ဒီနေရာကို အလိုလို Redirect လုပ်ပေးသွားပါလိမ့်မယ်။ မြန်မာပြည်က လူတွေအတွက်တော့ ဘာမှ ကျော်စရာမလိုဘဲ ဖတ်ရတာ အဆင်ပြေသွားမယ် ထင်ပါတယ်။ နောက်ပိုင်း အချိန်ရရင်တော့ ကိုယ့်ဝဘ်ဆိုဒ်လေးကို သေချာလုပ်ပြီး စုဆောင်းထားတဲ့ Resources တွေ Share လုပ်ပေးသွားပါမယ်။ ပျော်ရွှင်ပါစေ။ 





You received this email because you are subscribed to the real_time feed for http://nyilynnseck.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.