Thursday, November 20, 2008

[We Fight We Win. -- " More than Media "] 3 New Entries: မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ

မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ


-လင်းလင်း ( လသာ)-

မြန်မာပြည် ကုန်ဈေးနှုန်း အခြေအနေ တွေနဲ့ ပက်သက်တဲ့ သတင်းအချက်အလက် တွေပါ။ ပြည်တွင်း က
မလင်းလင်း (လသာ) ဆိုသူ ကျွန်တော်တို့ကို ပေးပို့ထားတာပါ။ ကျွန်နော် တို့ ဘလောက်ဂ် စာမျက်နှာကို အမြဲဖတ်ရှု့ နေတယ်ဆိုတဲ့ မလင်းလင်းကို အထူးကျေးဇူး တင်ရှိပါတယ်။ ထင်ထင်ရှားရှားဖတ်ရှု့ လိုလျှင် ပုံကို ကလစ်လုပ်ပါ။ ဖော်ပြပါ ဈေးနှုန်းများမှာ ဈေးကွက်အတွင်းမှ ကောက်ယူထားခြင်း ဖြစ်ပါတယ်။ အချိန်နှင့်အမျှ ဈေးနှုန်း ပြောင်းလဲနိုင်ပါသည်။
























စကော့တလန်ရောက် ကမ္ဘာ့ဘော်လုံးသမားတွေရဲ့အချစ်တော် မာရာဒိုနာ

၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ
အင်္ဂလန်ဘော်လုံးဝါသနာအိုးတွေ အသည်းနာ ခဲ့ရတဲ့ ဂိုးကိုသွင်းသွားသူ
ကမ္ဘာ့ဘော်လုံးသမားတွေရဲ့ အချစ်တော် မာရာဒိုနာ

-ကိုဖိုးထောင် ( ဖ.ဆ.ပ.လ)-

ကမ္ဘာ့ဘော်လုံးသမားတွေရဲ့အချစ်တော် နာမည်ကျော် အာဂျင်တီးနား ဘော်လုံးသမားကြီး မာရာဒိုနာဟာ အာဂျင်တီးနားဘော်လုံးနည်းပြအဖြစ် စကော့တလန်ကို ရောက်ရှိနေပါတယ်။ သူဟာ နည်းပြဆရာ တဦးအဖြစ် အာဂျင်တီနားဘော်လုံးအသင်းကို သူ့ရဲ့ပွဲဦးထွက် နည်းပြ တဦးအဖြစ် ကြီးကြပ် အုပ်ချုပ် သွားမှာပါ။ မာရာဒိုနာဟာ အင်္ဂလန်ကို ၂ဂိုး ၁ဂိုး အနိုင်ရရှိတဲ့ ၁၉၈၆ ခုနှစ်ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အနိုင်ဂိုးတွေကို သွင်းယူသွားခဲ့တယ်။ သူသွင်းယူခဲ့တဲ့ ပထမဂိုးဟာ လက်နဲ့ ပုပ် သွင်းယူ သွားတာကြောင့်၊ အင်္ဂလန်ဘော်လုံး အသင်းကစားသမားဟောင်းတွေနဲ့ အားပေး သူတွေ အတွက် အတော့်ကို စိတ်နာပြီး ဝေဖန်မှုတွေကို ဒီနေ့ထိတိုင် ပြုလုပ်နေဆဲပါ။ အင်္ဂလန်သင်းကို အားပေးခဲ့တဲ့ သူတွေနဲ့၊ တချို့ အင်္ဂလန်နိုင်ငံ သားတွေက မာရာဒိုနာဟာ ဒီပွဲမှာ လိမ်လည် လှည့်ဖျားမှု သုံးခဲ့၍သာ နိုင်ခဲ့ခြင်းဖြစ်တယ်လို့ စွပ်စွဲနေတုန်းပါ။ အင်္ဂလန်ဘော်လုံးဝါသနာအိုးတွေ ကတော့ ၁၉၈၆ ခုနှစ်တုန်းက သူတို့ရှုံးနိမ့်သွားခဲ့လို့ ကမ္ဘာ့ ဘော်လုံးဘုရင်ကြီး မာရာဒိုနာ ကို အခုထိ အသည်းနာ နေတုန်းပါ။

သူကတော့ ဒီလို ဝေဖန်စွပ်စွဲမှုတွေကို ဂရုစိုက်မှာမဟုတ်ဘူး၊ ဒိုင်သူကြီးရဲ့ အဆုံးအဖြတ် သာဖြစ်တယ် လို့ စကော့တလန်မှာရောက်နေစဉ် ပြန်လည်ချေပခဲ့တယ်။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အချိန်ပို ကစားစဉ်၌ အင်္ဂလန်က ဂျာမဏီကို ၄ဂိုး ၂ဂိုးနဲ့ နိုင်ခဲ့တယ်။ ဒီပွဲတုန်းကလည်း အင်္ဂလန်က သွင်းတဲ့ဂိုးဟာ စည်းမကျော်သော်လည်း ဂိုးပေးခံ ခဲ့ရတာရည်ညွှန်းပြီး၊ သူအပေါ်စွပ် စွဲမှုတွေကို ပြန်လည်ချေပ ပြောဆိုသွားတယ်။

သူကတော့ အနိုင်ဂိုးသွင်းခဲ့တဲ့ သူ့ရဲ့လက်ကို ဘုရားသခင်ရဲ့လက်လို့ တင်စားပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဟာသနော ပြောဆိုသွားတယ်။ သူဟာသကို ကြိုက်ပြီး ရည်မော်သူတွေရှိပေမဲ့၊ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အင်္ဂလန် နောက်တန်းက ကစားခဲ့တဲ့ လက်ရှိ စကော့တလန် ဘော်လုံးအသင်း လက်ထောက်မန်နေဂျာ တယ်ရီဘုချာ တယောက် မပါ ပါဘူး။ တယ်ရီ ဘုချာ ကတော့ သူဟာ ပြိုင်ပွဲကစားရင် လက်ဆွဲတောင် မနုတ်ဆက်ဘူးလို့ နာနာကျည်းကျည်း ပြောဆိုနေတယ်။ မရာဒိုနာ ကတော့ တယ်ရီဘုချာ တယောက် ဘာလို့ ဒီလောက် တောင် အခုထိ နာကျည်းပြီး သူကိုစိတ်ဆိုးနေတာလည်း ဆိုတာ မစဉ်းစား တက်အောင်ဘဲ ဗျာ လို့ ပြောပြီး၊ သူကလည်း လိုက်ရှာပြီး နုတ်ဆက်မှာမဟုတ်ဘူး လို့ ပွင့်ပွင့်လင်းလင်းဘဲ သတင်းစာရှင်းလင်းပွဲ မှာပြောဆိုခဲ့တယ်။ သူ့ကို တယ်ရီဘုချာ ဘယ်လိုဘဲ စိတ်နာနာနေနေ၊ သူကတော့ အိပ် ကောင်း စားကောင်း နဲ့ ဘ၀ကို ပျော်ရွှင်စွာ နေထိုင်နေပါတယ်လို့ မထိတထိ နောက်ပြောင် သွားတယ်။

၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အာဂျင်တီးနား နှင့် အင်္ဂလန် နှစ်နိုင်ငံ ဘော်လုံးအသင်း ယှဉ်ပြိုင်ခဲ့မှုဟာ ဖော်ကလန်စစ်ပွဲကြောင့် တကမ္ဘာလုံးက စိတ်ဝင်တစား ရှိခဲ့သလို၊ ဘော်လုံးဝါသနာအိုးတွေ အတွက် ဒီနေ့ထိ မေ့မရနိုင်တဲ့ သမိုင်းဝင် ဘော်လုံပွဲ တပွဲ ဖြစ်ခဲ့ရတယ်။ ဖော်ကလန်ကျွန်းကို သူပိုင်ကိုယ်ပိုင် ကျေညာပြီး ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနား နှင့် အင်္ဂလန် တို့စစ်ပွဲ ဖြစ်ပွားခဲ့တယ်။ အင်္ဂလန်ဘော်လုံး အသင်းအား ပေးနေကြတဲ့ ပွဲကြည့် ပရိတ်သတ်တွေကတော့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲမှာ အာဂျင်တီးနား ကို ရှုံးနိမ့်သွားမှုအပေါ် အခုထိ မခံမရပ်နိုင် ဖြစ်နေတုန်းပါဘဲ။ အင်္ဂလန်နိုင်ငံ ဘော်လုံးဝါသနာအိုး တွေ ဘော်လုံးဘုရင်တဦးလည်းဖြစ်၊ ကမ္ဘာ့ဘော်လုံးသမားတွေရဲ့ အချစ်တော်လည်းဖြစ်တဲ့ ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲ ရဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင် ဒစ်ကိုမာရာဒိုနာ ကို ကြိုဆိုလိုက်ပုံ တွေကို ကမ္ဘာ့သတင်းစာတွေထဲမှာ ဝေေ၀ ဆာဆာ ဖော်ပြနေပါတယ်။


န၀တ နွားကို ပလာတာ ကျွေးနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ


UN Press

Rest of your post

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.