Caricature (သို့) ရုပ်ပြောင်
မင်္ဂလာပါ။ ဖြစ်သလိုလေးပဲ စားနေရတာနဲ့ ပို့စ်အသစ်လေးကို အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ဟီး...
ဘလော့ဂ်လေးကို အလည်လာရင်း Comment လေးတွေရေးပေးသွားတာ ကျေးဇူးပါနော်...
ဒီနေ့ ကယ်ရီကေးချား အကြောင်းလေး တင်ဆက်ပါ့မယ်။ Wiki မှာတော့ A caricature is either a portrait that exaggerates or distorts the essence of a person or thing to create an easily identifiable visual likeness, or in literature, a description of a person using exaggeration of some characteristics and oversimplification of others လို့ရေးသားထားပါတယ်။
မြန်မာလိုဆိုရင်တော့ ရုပ်ပြောင်ပေါ့။ ဒီလို ရုပ်ပြောင်လေးတွေကို မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတွေမှာ တွေ့ရတတ်ပါတယ်။ Caricaturist တွေဟာ လူမျက်နှာ ရေးဆွဲတဲ့အခါမှာ အလွယ်တကူ ထင်းထင်းကြီးတွေ့မြင်ရတဲ့ ထူးခြားတဲ့ သွင်ပြင်ကို ချဲ့ကားရေးဆွဲ တတ်ပါတယ်။
ကဲ... ပထမဆုံး Movie Stars တွေရဲ့ ကယ်ရီကေးချားလေးတွေကို ကြည့်ရင်း ဘယ်သူတွေများလဲဆိုတာ ခန့်မှန်းကြည့်ကြရအောင်နော်...
ဒီတစ်ခါတော့ သီချင်းကောင်းလေးတွေ အမြဲသီဆိုဟစ်ကြွေးနေတဲ့ အဆိုကျော်တွေပေါ့.... မှန်းကြည့်လိုက်ကြရအောင်...
ကမ္ဘာကျော် ဘောလုံးသမားတွေကိုလဲ အလွတ်မပေးပါဘူး... လွယ်လွယ်ကူကူ မှန်းဆနိုင်ပါတယ်ဗျာ...

၁၃ ယောက်မှာ ဘယ်နှစ်ယောက် သိပါသလဲခင်ဗျာ။ " ဒါလေးများ.... အကုန်သိ... လွယ်လွယ်လေးတွေ " လို့ ပြောရဘူးနော်.. အင်တာနက်မှာ တကူးတက ရှာထားရတာ... ဟီးဟီး...
အပေါ်ပုံက မင်းသားခန့်ချောလေးက ဘယ်သူများပါလိမ့်နော်.... ဟီးဟီး..
ဒီပုံလေးကို လွန်ခဲ့တဲ့ ၄-၅ နှစ်တုန်းက Mr. Guitar Cafe မှာ ဖြစ်သလို သွားစားတုန်းက အမှတ်တရ ရေးဆွဲခံခဲ့တာပါ။ ကယ်ရီကေးချား အဆွဲခံရတာ အရမ်းပျော်ဖို့ကောင်းပါတယ်နော်... ပန်းချီဆရာက ဘယ်လို သမ လိုက်မလဲ ဆိုတာ ရင်တမမနဲ့ပေါ့.... ဟီးဟီး...
ရွှင်လန်းချမ်းမြေ့ကြပါစေ။