Wednesday, October 15, 2008

[Maung Myo's Heartfelt] 1 New Entry: တောသား အရိုင်းစိုင်း

တောသား အရိုင်းစိုင်း

ဒီပို့ စ်လေးမဖတ်ခင် အားလုံးကိုကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ စကားလုံးတွေရိုင်းနေမယ်လို့ ထင်ပါတယ် ကျနော့်ရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်မယ်လို့ ထင်မှ Read More ကို Click လုပ်စေလိုပါတယ်ခင်ဗျာ အားလုံးကို အားနာစွာဖြင့်ကျေးဇူးတင်ပါတယ် ။


ကျနော် တောသား အရိုင်းစိုင်း
ပညာက မတောက်တစ်ခေါက်
လုပ်နေတဲ့ အလုပ်က အောက်ခြေသိမ်း
ပေးတာယူ
ကျွေးတာစား ဆဲတာခံ
ကိုယ့်ကိုယ်ကို သတ်မှတ်တာက ယိုးဒယားက ကျွန်


ကျနော် တောသား အရိုင်းစိုင်း
တန်ဖိုးကြီးတဲ့ စာပေကို ခုတုံးလုပ်
လူမှုရေး စီးပွားရေး အချစ်ရေး ပြဿနာတွေကို
ဟော့ဒီ အဖြူရောင် စာမျက်နှာပေါ် ခဏခဏ အန်ချမိတဲ့ အတွက်
ကိုယ့်ကိုယ်ကိုလည်း မုန်းပါ၏.........။


ကျနော် တောသား အရိုင်းစိုင်း
တော်လွန်း တက်လွန်းသော
စာပေသမားကြီးများကို ဖိတ်ဖိတ်တုန်အောင်ကြောက်ပါ၏
ရေစောင်း လေစောင်းထပ် ကြောက်စရာကောင်းတဲ့
ကလောင်းသွားထက်တဲ့ နှုတ်ခမ်းထက်က ဓားသွားတွေကြောင့်
အရှိုးရာတွေလည်း အထပ်ထပ်နဲ့ ပါ ....။


ကျနော် တောသား အရိုင်းစိုင်း
အသက်က (၂၃) လူကြီးစာရင်းဝင်ပေမယ့်
ရေးလိုက်တဲ့စာက
(ဟီးဟီး/ဟိဟိ/ဟားဟား) နဲ့  မိန်းမရွှင်မတစ်ယောက်လို
ခလေးလိုလို ခွေးလိုလို နဲ့ စုတ်ပြတ်နေတဲ့
အဆိပ်သင့် စာကိုရေး
"ကျားစစ်ပါတယ်နော် " ဆိုပြီး အမေးခံရလောက်အောင်
ရေးသားမိတဲ့
ကိုယ့်မျက်နှာ ကိုလည်း ဓားနဲ့  မွှန်းချင်စိတ်ပေါက်ပါ၏.........။


ကျနော် တောသား အရိုင်းစိုင်း
ခိုတစ်ကောင်လိုအမြဲငြီး
ခံစားရတာတွေကို မမြိုသိပ်နိုင်ပဲ
ချချရေးမိတဲ့အတွက်လည်း
အားနာပါ၏


ဒီနေရာမှာ
အတ္တ နဲ့  မာနတွေ မရှိသလို...
သုခ တွေ ဒုက္ခတွေလည်းမရှိဘူးးး
အနိုင်ရလိုမှုတွေ နဲ့  ထောက်ထားငဲ့ညှာစရာတွေလည်းမရှိဘူးး


ဒီနေရာမှာ…

အချစ် နဲ့. အမုန်း မရှိသလို…
သံယောဇဉ်နဲ့ တိမ်းမူမှုတွေ မရှိဘူး…။
မနာလိုမှုတွေ နဲ့ ငြူစူမှုတွေလဲ မရှိ သလို…
ရင်ခုန်သံတွေနဲ့ ကြည်နှုးမှုတွေလဲ မရှိဘူး…။


ဒီနေရာမှာ
လူအထင်ကြီးအောင် ဟန်ဆောင်ရေးထားတာတွေမရှိသလို
သနားစေလိုတဲ့ ဆန္ဒနဲ့  ကိုယ့်အကြောင်းကို ရေးခဲ့ဖူးတာတွေမရှိဘူး
ကြွယ်ဝတဲ့ အရေးသားတွေမရှိသလို
လူတက်ကြီးဆန်ဆန် အထက်စီးလေသံနဲ့  ပြောဆိုမှုတွေလည်းမရှိဘူးး...။


ဒီနေရာမှာ
အချစ်တွေ အနမ်းတွေနဲ့  ကာမညတွေမရှိသလို
သူရဲဘောကြောင် ခေါင်းငုံ့ ခံဖို့ စိတ်ကူးတွေလည်းမရှိဘူးး
ဟန်ဆောင်မှုတွေနဲ့  မခင်မင်တက်သလို
အမှန်တရားပါဆိုပြီး စာကြီးပေကြီး ကာရန်ဖွဲ့ မှုတွေလည်းမရှိပါဘူးး.........။


ဒီနေရာမှာ အမှန်တကယ်ရှိနေတာဆိုလို့ 
ရိုးသားမှုတစ်ခုနဲ့  ရှင်သန်နေရတဲ့
တောသားအရိုင်းစိုင်းတစ်ကောင်ပဲရှိပါတယ်.........။








You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.