Wednesday, October 15, 2008

[A Splendid Rose's . . .] 1 New Entry: Missing Old school days and Giving Respect Ceremony

Missing Old school days and Giving Respect Ceremony

ကျောင်းတော်သာ သို့

အတိတ်မြက်ခင်းစိမ်းများဆီ
စိတ်ကူးရည်.. လမ်းသလား..
စိန်ပန်းနီ ဝေဆာရဲ
ရွှဲရွှဲစို စွတ် ခဲ့ မိုးရေ..။

ထီးရောင်စုံ ပန်းတော
ရယ်မောရင်း မျောပါ..
မြေနီသား လမ်းထက်မှာ..
တွဲလက်တွေ မြဲဆက် ခိုင်မာလို့..
ခေါင်းလောင်းသံချိုအေး
ကျောင်းကလေးရဲ့ ညနေ..။

လာလေ သူငယ်ချင်းတို့..
ပညာနို့သောက်စို့ခဲ့ရာ..
ပင်မ ဥယျာဉ်ကြီးမှာ..
ဥယျာဉ်မှုး ဆရာများကို
တူညီညာ လက်စုံမိုးလို့..
ကန်တော့ပန်း ဆက်ကြပါစို့..။

၁၅ အောက်တိုဘာ ၂၀၀၈
တင်ခိုင်လင်း
၁၉၈၂-၁၉၉၂ ပညာသင်နှစ်။

နိုဝင်ဘာ ဒီဇင်ဘာ အားကစားလရာသီဆိုရင်.. ဆရာဦးသန်းတိုးရဲ့ ဘင်ခရာ အသံ ဒိန်းဒိန်း..ဒိန်းဒိန်း.. ဒိန်း..ဒိန်း.. ဒိန်း ဆိုတာနဲ့ ဘယ်ညာ စည်းချက်ကျနေပြီဖြစ်တဲ့ ကျွန်မတို့တတွေ ရွတ်ဆိုတတ်တဲ့ သီချင်းလေး

"ဘက်စုံပညာပြိုင်ပွဲ ဆင်နွှဲမည်.. ရည်ရွယ်ချက် ၅ ရပ်ကို ဦးထိပ်မှာတည် မွန်မြတ် သန့်စင်ရှင်ပြိုင်ကြမည်.. ။ တစ်ဦးနဲ့တစ်ဦးပေါ် ရင်းနှီးမှုတွေ ခိုင်မြဲကြပါသည်.. နည်းလမ်း အသွယ်သွယ် နှီးနှောဖလှယ်ကာ အဖိုးထိုက်လှ သည် နိုင်ငံတော်.. ပညာရေး အလင်းရောင်.. တိုးတက်အောင် တို့ ရှေ့ဆောင် မည်..."

(စာသားတစ်ချို့မှားနိုင်ပါတယ်.. ခုတိုင်မှတ်မိသလောက်လေး ပြန်ရေးတာပါ)

သူငယ်တန်းကနေ အဌမတန်း အထိ ပညာသင်ကြားခဲ့တော့ ကျွန်မချစ်သော ကျောင်းကလေး ရန်ကင်းတီတီစီ ကျောင်းမှာ စုပေါင်းဆရာကန်တော့ပွဲကို ၁၂ ရက် နိုဝင်ဘာ ၂၀၀၈ မှာ ကျင်းပမှာဖြစ်လို့.. ထိုကျောင်းကလေးမှာ အခြေခံပညာသင်ကြားဘူးခဲ့တဲ့သူတိုင်း.. ကိုယ်ပါဝင်နိုင်တဲ့အပိုင်းက ပါဝင်ဆင်နွှဲကြပါစို့ လို့ တိုက်တွန်းလိုက်ချင်ပါတယ်။

အလှူငွေများကို ကျောင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် ၉ နာရီမှ ၁၁ နာရီအတွင်း လှူဒါန်းနိုင်ပါတယ်။

ဒါကတော့ ကျောင်း web site ပါ။ ဓါတ်ပုံများကို ကျောင်း ၀က်ဘ်ဆိုဒ်က ရယူထားပါတယ်။



You received this email because you are subscribed to the real_time feed for http://splendidrose.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.