Wednesday, October 15, 2008

[Smoke & Spice] 1 New Entry: ကြက်သား နှင် ပဲ (အချိုချက်)

ကြက်သား နှင် ပဲ (အချိုချက်)

ပါဝင်သောအရာများ

ကုလားပဲ
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ဆီ
ဆား
နနွင်း
ပဲငံပြာရည် (အကြည်၊ အနောက်)

ကုလားပဲ ကို မချက်ခင် ၁နာရီလောက်ကြိုပြီး ဆားအနည်းငယ်ထည့်ပြီး စိမ်ထားလျှင်
ပြုတ်တဲ့အခါ အချိန်ခဏလေးနဲ့ ကျက်သွားပါတယ်။

အရင်ဆုံးကြက်သားကို  ပဲငံပြာရည် (အကြည်၊ အနောက်) ၂မျိုး၊ ဆားနဲ့ တကွ နယ်ထား
ထားရပါမယ်။ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ ကို မထူမပါးလေးတွေလှီးပြီး နနွင်းထည့်
ဆီသပ်ရပါမယ်။ ကြက်သွန်ဖြူ ၊ နီ တွေ အနံ့မွှေးလာရင်တော့ နယ်ထားတဲ့ ကြက်သားကို
ထည့်ရပါတယ်။ အသားနူးလာရင်တော့ ကုလားပဲပြုတ်ကိုရောထည့်လိုက်ပါတယ်။ ရေ
အနေတော်ထည့်ပြီး မီးခပ်အေးအေးလေးနဲ့ ကြာကြာနှပ်ချက်လိုက်ပါတယ်။  ဆားအပေါ့
အငံမြည်းပြီး ရေနည်းနည်းစီထည့်ရင်း အသားနူးအိသွားတဲ့ အထိချက်ပေးရပါမယ်။



အထက်ကနည်းအတိုင်း ၀က်နရိုး နဲ့ ပဲဟင်းကိုလဲ ချက်ပြုတ်နိုင်ပါတယ်။

ကုလားပဲအမြန်ပြုတ်နည်းဝေမျှပေးတဲ့ နေးတစ်မြန်မာမှ အနီရောင်ကိုကျေးဇူးတင်ပါတယ်။
ဝိုင်အေအမ်စီဖိုရမ်မှ krystle ရဲ့  ၀က်နံရိုးနဲ့ပဲဟင်း ပို့စ်ကိုမှီငြမ်းချက်ပြုတ်ပါတယ်။

You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.