Wednesday, October 15, 2008

[ချစ်သူ့ ပုံရိပ်] 1 New Entry: သီတင်းကျွတ်ညလေးတစ်ည

သီတင်းကျွတ်ညလေးတစ်ည

သီတင်းကျွတ်ညလေးတစ်ည
ဟိုအဝေးတစ်နေရာက
ကျေးဇူးရှင်မိဘနှစ်ပါးထံ
လှမ်းကန်တော့မယ်အကြံနဲ့
ဖုံးဆက်ကြည့်ဖို့ ကြိုးစားတော့
ဝယ်ထားတဲ့ IDD ကဒ်
သုံးမိနစ်သာဖြတ်သွားတယ်
အဆက်အသွယ်တော့ မရခဲ့ပါ ....

သီတင်းကျွတ်ညလေးတစ်ည
ဘာမှ ထူးထူးခြားခြားတော့မရှိတော့ဘူး
မောင်လေးအောင်ဦးဆီကိုသွား
တရားနာပြီး ပြန်ခဲ့ချိန်မှာ
နာရီလက်တံက ဆယ်နာရီ
ငါးနာရီပြန်ထရဦးမဲ့ ငါ့အတွက်တော့
အိပ်ဖို့ မစောတော့ဘူးနဲ့တူပါတယ် ...

by ...DecemberCinderella
P.S
သို့ ...အဖေနဲ့အမေ
ဘယ်နေရာမှာဖြစ်ဖြစ်
အဖေနဲ့အမေရဲ့ သမီးဖြစ်ခြင်းအတွက်
သမီးကတော့ ဂုဏ်ယူလျက်ပါပဲလေ ...


You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.