Wednesday, November 12, 2008

[Htoo Myat] 1 New Entry: Flash games sharing

Flash games sharing

Warfare 1917

အင်မတန်မှ ဆော့လို့ကောင်းပြီး ကိုယ်တိုင် ခဏခဏ ဆော့ဖြစ်နေလို့ ဂိမ်းတွေကို နောက်လည်း ရှာရလွယ်အောင် ကျနော့် ဘလော့ဂ် ပေါ်မှာပဲ ထပ်တင်ပြီး ပြန်မျှဝေတာပါ။ ပထမ ကမ္ဘာစစ်ရဲ့ ဥရောပ ခံစစ်လိုင်းကြီးတွေက ရှည်လျားလှတဲ့ ကတုတ်ကျင်းတွေ တစ်ခုနဲ့ တစ်ခု ကူးပြီး တိုက်ရတဲ့ ပုံစံပါ။ ဗျူဟာပိုင်း ဆိုင်ရာ လိုအပ်တဲ့ Strategy game ပါပဲ။ သံချပ်ကာ ကားတွေ မထည့်ပဲ ဆော့ရင်တော့ တော်တော်လေး မျှတမှု ရှိပါတယ်။ :)

ကစားရန် ဤနေရာတွင် နှိုပ်ပါ။

Oiligarchy

ဒါကတော့ ရေနံတွင်း တူးတဲ့ ဂိမ်းပါ။ ရေနံ တူးလို့ရတဲ့ နေရာမှန်သမျှ ရေနံတူးမယ်။ ဆန္ဒပြရင် အစိုးရနဲ့ ပေါင်း၊ လာဘ်ထိုးပြီး ရှင်းခိုင်းမယ်။ ရွေးကောက်ပွဲမှာ အစိုးရ တစ်ဖက်ကို ငွေ ပုံအောထည့်ပြီး ပေါင်းမယ်။ နောက်ပြီးရင် ကိုယ့် ရုပ်သေး အစိုးရကို ရေနံ ကုမ္ပဏီ အကြိုးအတွက် ဥပဒေတွေ ထုတ်ခိုင်းမယ်။ သဘာဝ ပတ်ဝန်းကျင်၊ ကိုယ်ချင်း စာစိတ်၊ သနားကြင်နာမှု မရှိမှ အောင်မြင်သော ရေနံ ကုမ္ပဏီ ပိုင်ရှင် ဖြစ်နိုင်မယ် ဆိုတာကို သင်ပြ ထားပါတယ်။ တော်တော်လေး ဆော့လို့ ကောင်းပါတယ်။ :)

ကစားရန် ဤနေရာတွင် နှိုပ်ပါ။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.