Wednesday, November 12, 2008

[စည်းလုံးခြင်းရဲ့ အင်အား] 3 New Entries: အမေ ဒေါ်နုနုအေး ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း

အမေ ဒေါ်နုနုအေး ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း

အမေ ဒေါ်နုနုအေးရဲ့  ကိုယ်ရေး ရာဇ၀င်အကျဉ်း ပြုစုသူများ က ကျွန်တော် ကိုဖိုးတရုတ် ထံ အမေ့ ကိုယ်ရေးရာဇ၀င် အကျဉ်းကို ပေးပို့လာလို့ စာဖတ်ပရိသတ် များ ဗဟုသုတ ရရှိစေရန်နဲ့ ယနေ့ မွန်းလွဲ (၁)နာရီမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ မြူနီစပယ်သင်္ချိုင်းတွင် သဂြိုလ် မည် ဖြစ်ပါတယ်။ မိတ်ဆွေ ရဲဘော်အပေါင်းတို့ အနေဖြင့် အမေ ဒေါ်နုနုအေး ၏ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ပေးကြပါရန် ကျွန်တော် ကိုဖိုးတရုတ်မှ မေတ္တာရပ်ခံအပ်ပါတယ်။

အမေ ဒေါ်နုနုအေး၏ ကိုယ်ရေးရာဇ၀င် အကျဉ်း

ဒေါ်နုနုအေးကို ပအို့ ဝ် တိုင်းရင်းသား မိဘနှစ်ပါးဖြစ်သော အဖဦးစံရွှေ၊ အမိဒေါ်ငြိမ်းသွယ် တို့  မှ ၁၉၃၈ ခုနှစ်တွင် သထုံခရိုင် နောင်ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

သထုံမြို့ အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်း ပညာအောင်မြင်ပြီး ကာကွယ်ရေးဝန်ကြီးချူပ်ရုံး (လေ)တွင် ကိုယ်ပိုင်အမှတ် (လေ/ ၁၁၁၄၃)ဖြင့် ၂၆နှစ် ကြာအောင် တပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော် အရာရှိတစ်ဦးနှင့် အိမ်ထောင်ကြခဲ့ပြီး သမီးလေးဦး ထွန်းကားခဲ့သည်။

၁၉၈၈ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လူထုအရေးတော်ပုံကြီးမှာ စစ်တပ်မှ မတရား ရက်စက် သတ်ဖြတ်မှု များကို မျက်ဝါးထင်ထင်တွေ့မြင်ရကာ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း တပ်မတော် လေတပ်မှ ရဲဘော် အချို့ နဲ့အတူ ပြည်သူ့ ဘက်သို့ ကူးပြောင်း၍ ပူးပေါင်းခဲ့တဲ့ မျိုးချစ် စိတ်ဓါတ် ပြင်းထန်သူ တစ်ဦး ဖြစ်ပါသည်။

၁၉၈၈ ကာလ တပ်မှူးကြီးဟောင်းများ ညီလာခံတွင် ဆက်စပ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ရာ ဒေါ်နုနုအေးသည် တက်ကြွသော ကျောင်းသားများ၊ တပ်မတော်သားများအား ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သံလွင်စခန်းရှိ စခန်း (၁)(၂)(၃) တို့ ၏ ကိုယ်စားလှယ် သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သေ့ဘောဘိုး စခန်း ၊ကော့မူးရာ စခန်းတို့ ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို စတင်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ သံလွင်စခန်းရှိ ကျောင်းသားနှင့် ပြည်သူ ၁၄၀၀ ရောက်ရှိသည့်အနက် စခန်းကော်မတီဝင် သုံးဦးရွေးချယ်ကြရာ ဒေါ်နုနုအေးသည် တစ်ဦး အပါအ၀င်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော်လည်း သူမဘ၀၏ အချိန်တော်တော်များများကို တော်လှန်ရေးတာဝန်များတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသသို့ သူမရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် တွေ့ဆုံကာ တော်လှန်ရေးလမ်းကြောင်းကို ဖောက်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် မယ့်စရီယန်း ဒေသသို့ သူမရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် ပြန်လည် ဆက်သွယ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာ၌ ယာယီရုံးဖွင့်လှစ်ကာ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အဖွဲ (့PWVB) ကိုဖွဲ့ စည်းလှုပ်ရှားခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ခရီးရှည် ချီတက်ပွဲနှင့် အခြားလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်မေလတွင် ကျောင်းသားတပ်မတော် တပ်ရင်း(၃)၌ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်ထမ်း ဆောင်ရန် လာခဲ့ပြီး ကျန်းမာရေး အခြေအနေအရ မဲဆောက်သို့ တက်ရောက်အနားယူကာ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ အဖွဲ့ တွင် နာယကအဖြစ်ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်နုနုအေးသည် ဒီမိုကရေစီတော်လှန်ရေးဘက်သို့ ကူးပြောင်းလာသော ရဲဘော်များ၊ ကလေးစစ်သားများကို အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ကာ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းကို ကြီးကြပ်စောင့်ရှောက်ခဲ့သည်။ ထို့ နောက် (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) တည်းဟူသော သားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထို့ အပြင်၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သားသုံးသားနှင့်ပြည်သူညီ၊ အာဏာရှင်တွေ ဘာလဲ ဘယ်လဲ အမည်ရှိ စစ်အစိုးရကို ထိုးနှက် တိုက်ခိုက်သည့် သံချပ်ခွေကို ဦးဆောင်တင်ဆက်ခဲ့သူလည်း ဖြစ်သည်။

၉- ၁၁-၂၀၀၈ နေ့ ညနေ ၅း၅၀ နာရီတွင် မဲဆောက်မြို့ မယ်တော်ဆေးခန်း၌ လူကြီးရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။ တော်လှန်ရေးသစ္စာ … မိခင်မေတ္တာ ခိုင်မာရဲရင့်သော စိတ်ဓါတ်ဖြင့် တော်လှန်ရေးတာဝန်ကို ကွယ်လွန်ချိန်ထိ စံပြထမ်းဆောင်သွားခဲ့သော အမေဒေါ်နုနုအေး အား မိမိတို့ မှအလေးအနက် ဦးညွတ်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဈာပန ကော်မတီ

နေ့ စွဲ ၁၁- ၁၁-၂၀၀၈ နံနက် ၈း၄၅နာရီ

ကိုယ်ရေးရာဇ၀င်ပြုစုသူများ

(၁) ရဲဘော်မောင်မောင်သိန်း
(၂) ဗိုလ်ထက်မင်း
(၃) ရဲဘော်မိုးကြိုး
(၄) ရဲဘော်ဇေယျာ
(၅) ရဲဘော်မောင်မောင်ငြိမ်း
(၆) ရဲဘော်ခင်မောင်ထွေး

ယနေ့ မွန်းလွဲ (၁)နာရီတွင် မဲဆောက်မြို့ မြူနီစပယ်သင်္ချိုင်းတွင် သဂြိုလ်မည် ဖြစ်ပါသည်။ မိတ်ဆွေ အပေါင်း ရဲဘော်အပေါင်းတို့ အနေဖြင့် အမေ ဒေါ်နုနုအေး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

မြန်မာစစ်သည်နှစ်ဦး ကေအန်ယူထံ လက်နက်ချ၊ လာရောက် ပူးပေါင်း

သတင်း - ခေတ်ပြိုင်

မြန်မာစစ်တပ်မှ ဒုတပ်ကြပ်တဦးနှင့် ဆေးတပ်သားတဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃)နှင့် တပ်မဟာ (၅)သို့ နိုဝင်ဘာ ပထမပတ်အတွင်းက လာရောက် လက်နက်ချခဲ့သည်။

အဆိုပါ စစ်သည်နှစ်ဦးမှာ ဒုတပ်ကြပ် ကိုထက်(၂၄နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၁၃၃၃၀၈)၊ ခလရ (၂၉၉)၊ ကိုးမိုင်ကျေးရွာ၊ ရေးမြို့ဖြစ်ပြီး ၎င်း၏ တပ်ခွဲမှူးမှာ တပ်ခွဲ(၂)မှူး ဗိုလ်ကြီး ထင်အောင်စန်း ဖြစ်ပြီး လက်နက်ငယ် (၂)လက်နှင့်အတူ လာရောက် ပူးပေါင်းခြင်း ဖြစ်သည်၊ ကျန်တဦးမှာ ဆေးတပ်သား သူရဇော်(၂၂နှစ်) ကိုယ်ပိုင်အမှတ် (တ/၂၇၇၇၉၇)၊ မဆရ(၁၀) စစ်မြေပြင် ဆေးတပ်ရင်း၊ လားရှိုးမြို့ ဖြစ်သည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးကျော်စိုးဖြစ်ပြီး လက်နက်ငယ်(၁)လက်နှင့်အတူ လာရောက်ပူး ပေါင်း ခြင်းဖြစ်သည်။

လာရောက် ပူးပေါင်းသည့် စစ်သည်နှစ်ဦးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၅)၊ ဖာပွန်ခရိုင် ဆက်စပ်ဒေသများတွင် တာဝန်ကျသည့် စစ်သည်များဖြစ်သည်။

၎င်းတို့လာရောက် ပူးပေါင်းခြင်းနှင့် ပတ်သက်၍ ဆေးတပ်သား သူရဇော်က "ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခဲ့ တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်လည်တိုက်ခိုက်ပြီး လူထုအကျိုးပြုလုပ်ငန်း တွေကို ပြုလုပ်ချင်တဲ့ ဆန္ဒနဲ့ လာရောက်တာပါ"ဟု ပြောသည်။

ဒုတပ်ကြပ် ကိုထက်ကလည်း "တပ်တွင်းဖိနှိပ်မှု အဆင့်ဆင့်ကို မခံချင်တာရယ် လူထုဆန့်ကျင်ရေး လုပ်ရပ်တွေကို ဆက်မလုပ်ချင်တော့တာကြောင့် လာရောက်ပူးပေါင်းတာပါ"ဟု ပြောသည်။ ၎င်းစစ်သည်နှစ်ဦး သည် ယခုလ (၅) ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်သို့ ရောက်ရှိလာပြီး KNU မှ ၎င်းတို့ကို ကြိုဆိုပြီး ကူညီလက်ခံစောင့်ရှောက်ထားလျက်ရှိသည်။

ဗွီဒီယိုဖိုင် ဒေါင်းလုပ်လုပ်ရန်

စစ်ကျွန်မခံ ခွပ်ဒေါင်းအလံ ဗွီဒီယိုများအား ဒေါင်းလုပ်လုပ်ချင်ပါတယ်လို့ ပြောလာသူများ ရှိတာကြောင့် ကျွန်တော် ကိုဖိုးတရုတ် အနေနဲ့ ဒေါင်းလုပ်လုပ်နိုင်မဲ့ လင်ခ်များကို တင်ပြပေးလိုက်ရပါတယ်။ ဗွီဒီယို အမျိုးအစားကတော့ avi ဖြစ်ပြီး စုစုပေါင်း (၆) ပိုင်း ပါဝင်ပါတယ်။ အဆင်မပြေတာ ရှိရင်လည်း အကြောင်းကြား ပြောပြပေးပါ။

http://www.mediafire.com/download.php?zlnnemrmwig
http://www.mediafire.com/download.php?0z2yywqznz0
http://www.mediafire.com/download.php?okmzhzzyznm
http://www.mediafire.com/download.php?20lzdnmfmjn
http://www.mediafire.com/download.php?1mnydkyd3df
http://www.mediafire.com/download.php?jdjemytjzdz

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.