Wednesday, November 12, 2008

[DeGoLar] 2 New Entries: ♥ Sir Stamford Raffles

♥ Sir Stamford Raffles

Sir Thomas Stamford Bingley Raffles (July 6, 1781 – July 5, 1826) was known as the founder of the city of Singapore (now the Republic of Singapore). He was also heavily involved in the conquest of the Indonesian island of Java from Dutch and French military forces during Napoleon's war. He is one of the more famous Britons who contributed to the expansion of the British Empire.

ဝေလီဝေလင်း အဲဒီနားသွားပြီး ဟိုငေးဒီငေးလုပ်ခဲ့တုန်းကပေါ့၊ လာခဲ့ဖူးတဲ့မိုး သံယောဇဉ်မပြတ်နိုင်လို့ ခြေရာတွေချန်ခဲ့ပေမယ့် နင်ကတော့ငါ့ကို လှည့်တောင်မကြည့်ဘူးကွာ။ -_-

托馬斯.斯坦福.萊佛士爵士 (Sir Thomas Stamford Bingley Raffles,1781 年 7 月 6 日至 1826 年 7 月 5 日)是英國殖民時期重要的政治家。他的主要貢獻包括把新加坡建立為歐洲與亞洲之間的國際港口。

萊佛士的早年生活我們知道得並不多。萊佛士爵士生於加勒比海牙買加(時維英國殖民地)離岸海上,在 14 歲時進入倫敦的英國東印度公司工作,該公司是一家半官方性質的企業,負責英國在遠東的殖民活動。1805 年他被公司派往今天的馬來西亞檳城,從此開始了他與東南亞的一段情誼。

1811 年萊佛士被任命為爪哇總督,在英國佔領了原本屬於荷蘭的蘇門答臘島後,他很快被提升為蘇門答臘總督。統治期間,萊佛士嘗試實行一定程度的自治,廢除奴隸貿易,恢復了一些當地古跡,並以新的土地租賃系統,取代過去荷蘭人統治時期的強制農業計劃。他還撰寫了一部《爪哇史》,回顧該島的歷史。

1815 年英國將爪哇歸還荷蘭,作為交換蘇門答臘,萊佛士返回英國; 1818 年他又再度來到蘇門答臘,並於 1819 年 2 月 29 日在馬來亞半島南端的一個小島上,建立了一個自由貿易港,即今日的新加坡。他在當日宣布東印度公司已經從蘇丹手中獲得了新加坡的治理權,而事實上這個治理權來得並不完全合法:當時合法的蘇丹並未同意萊佛士的要求,萊佛士是在推翻了這個蘇丹,並另立蘇丹之弟為名義上的統治者後,才取得了新加坡。萊佛士成為新加坡總督,直到 1823 年離職,返回倫敦。他是倫敦動物學會的首任主席,于 1817 年獲冊封為爵士。

1826 年柒月伍日,萊佛士爵士於倫敦快要享年四十五歲之際與世長辭。

在新加坡,他的名字流傳下來,今天新加坡的頂尖學府萊佛士書院、萊佛士女中和萊佛士初級學院都以他的名字命名。此外萊佛士飯店則是新加坡最好的五星級飯店之一。其他用他的名字命名的場所還包括了萊佛士坊地鐵站、斯坦福路、萊佛士城等。由淡馬錫控股在上海投資的一個房地產項目,也被命名為「來福士廣場」。

♠ Honesty & Anonymity (4)

ဆက်ပါဦးမည် ခွန်းလင်းလီ။ ရေးခဲ့ပြီးသလောက် သူ့ဝါသနာပါတယ်၊ သူ့စရိုက်ပါတယ်၊ သူ့မိသားစု နောက်ခံအကြောင်း အနည်းအကျဉ်းပါတယ်။ အဲတာတွေထဲမှာ မပါသေးတဲ့ အားကျစရာ အကောင်းဆုံးလို့ ကျနော်ယူဆတဲ့ သူ့အလုပ်အကိုင်ကို ဒီပို့စ်မှာရေးပါမယ်၊ အဲ၊ သူ့နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ တခြား အကြောင်းတွေလည်း ဖြည့်စွက်သွားပါမယ်။

ရေးခဲ့တဲ့အတိုင်း သူဟာ ဩော်ဇီက ဘရစ်စဘိန်းမြို့မှာ နေခဲ့ပြီး ကွင်းစလန်တက္ကသိုလ်မှာ ပညာ ဆည်းပူးခဲ့တယ်၊ သူ့မိသားစု ဩော်ဇီကို ပြောင်းရွှေ့အခြေချပြီး သူ့ကို ဟိုမှာပဲ ပျိုးထောင်ခဲ့တာပါ၊ အစစ အရာရာ သူ့မိဘတွေရဲ့ စီမံမှုအောက်မှာပဲ နေခဲ့ရတယ်၊ အထက်တန်းတက်နေတဲ့ ၅ နှစ်လုံးလုံး နေ့တိုင်း မနက် ၅ နာရီခွဲထပြီး ဂေါက်ရိုက်သင်၊ တင်းနစ်ရိုက်သင်၊ ပြီးမှကျောင်းသွား၊ ကျောင်းဆင်း တာနဲ့ အင်္ဂလိပ်ကျူရှင်၊ ဂျာမန်ကျူရှင်၊ သင်္ချာကျူရှင် စတာတွေလိုက်တက်ရတယ်၊ အိပ်ယာဝင်ခါနီး စန္ဒယား မသင်မဖြစ် တီးသင်ရတဲ့အပြင် နေ့လည်ထမင်းစားချိန်လည်း အလေးမ သင်ရသေးတယ်။ အဲသလို စွယ်စုံရအောင် ပျိုးထောင်ပေးပေမယ့်လည်း သူ့ရဲ့ ပင်ကိုယ်ဗီဇဖြစ်တဲ့ အရှက်အကြောက် ကြီးခြင်းကြောင့် လူမသိ သူမသိ ဘဝမှာပဲ နေခဲ့တယ်။ အဲလိုနဲ့ ဖြစ်ချင်တော့ ဂျာမနီသွားဖို့ ဖြစ်လာတယ်၊ ဟိုမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ထိတွေ့ပြီးနောက်ပိုင်း လုံးဝပြောင်းလဲသွားတယ်။

ဂျာမန်မိသားစုအိမ်ကို ရောက်ရောက်ချင်း ပထမနေ့မှာပဲ အိမ်သာတက်နေတုန်း ဝုန်းခနဲ အိမ်ရှင့် သမီးဝင်လာပြီး ကိုယ်လုံးတီးနဲ့ ရေချိုးတယ်၊ တဆက်တည်း သူ့မောင်လည်း ဝင်လာပြီး မောင်နှမနှစ်ယောက် ရေအတူချိုးတယ်၊ အိမ်သာအိုးပေါ်မှာ နေမထိ ထိုင်မသာဖြစ်နေတဲ့ လီဟာ အဲဒီနေ့ကစပြီး အရှက်တရားနဲ့ နပန်းလုံးရတယ်၊ ဆောင်းနာချိုးဖို့ အိမ်ရှင်ကဖိတ်တော့ သွားတယ်၊ ဟိုရောက်တော့ တစ်ကန်လုံး သူတစ်ယောက်တည်း အတွင်းခံဝတ်ထားတာ တွေ့တယ်၊ အိမ်ရှင်က အတင်း ချွတ်ခိုင်းတော့ ချွတ်ပြီးချိုးရတယ်၊ အဲဒီမှာ ပြဿနာတက်တယ်၊ မိန်းမတွေလည်း ကိုယ်လုံးတီးနဲ့ အတူတူ စိမ်နေကြတာဆိုတော့ ခြေနှစ်ချောင်း လူသတ္တဝါကနေ ခြေသုံးချောင်း ဖြစ်သွားတယ်၊ ဆိုတော့ ရှက်ရှက်နဲ့ လက်တစ်ဖက်က ဖုံးဖိထားပြီး နောက်လက်တစ်ဖက်နဲ့ ချိုးရတယ်၊ အဲဒါကို အိမ်ရှင်ကမြင်သွားတော့ လက်ဖယ်ခိုင်းတယ်၊ ဒါနဲ့ပဲ လူအုပ်ကြီးရှေ့မှာ ထိုးထိုးထောင်ထောင်နဲ့ အလံတော်တလူလူ လွှင့်ခဲ့သတဲ့ကွယ်။ သူ့ပြောပုံအရ အာရှသားဖြစ်တဲ့ သူ့ မိုးတိုးမတ်တပ် ဝီးဝီအလံတိုင်ဟာ ဂျာမန်တွေရဲ့ ဆောင်းခိုနေတဲ့ ပုံမှန်အနေအထား အလံတိုင်တွေထက်တောင် သေးလွန်းနေတယ် ဆိုပါတယ်၊ အရှက်ဗြန်းဗြန်း ကွဲတာပေါ့ကွယ်။

အဲဒီနောက် သူ့အရှက်တွေ တဖြည်းဖြည်းပျောက်သွားပြီး ဩော်ဇီကို တက္ကသိုလ်တက်ဖို့ ပြန်လာတော့ အရေထူသတ္တဝါ ဖြစ်နေပြီ။ အပုပ်နံ့တွေ အဲဒီမှာ စပြီး ထွက်လာတယ်၊ အမြဲတစေ သူများနဲ့မတူအောင် နေတတ်လို့ သူ့ကို အကဲပိုလွန်းတဲ့ ထိုင်ဝမ်သားလို့ သတ်မှတ်ကြပြီး ထိုင်ဝမ်သား အချင်းချင်းတောင် သူ့ကို ကြဉ်တဲ့သူတွေ ရှိလာတယ် (မြန်မာလို အရှက်အကြောက်ကြီးတဲ့ လူမျိုးတွေသာဆို သူ့ကို ဒီထက်ပိုကြဉ်ကြမှာ)။ ဒါပေမဲ့ သေချာတာက သူဟာ ဘယ်လို ဝေဖန်မှုကိုမှ ဂရု သိပ်မစိုက်ဘူး၊ ဗလတောင့်တောင့် ကြည့်ပျော်ရှုပျော်ရှိတဲ့ သူ့ဘော်ဒီကို သူများမမြင်မြင်အောင် ဖော်တယ်၊ ချွတ်တယ်၊ ကြွားတယ်။ နောက်တော့ သူ့အနီးနားက လူတွေကိုပါ သူ့လို အတွေးအခေါ် အပြုအမူတွေ လိုက်တုလိုက်လုပ်နိုင်အောင်ပါ ဆွဲဆောင်နိုင်ခဲ့တယ်။ ဥပမာ ကွင်းစလန်တက္ကသိုလ် စာကြည့်တိုက် ထဲမှာ ခန္ဒာကိုယ်အထက်ပိုင်း ဗလာကျင်းနဲ့ စာဖတ်နေတာ သူတစ်ယောက်ပဲ ရှိရာက တဖြည်းဖြည်း သူ့လိုပဲ အင်္ကျီချွတ်နဲ့ စာဖတ်သူတွေ များလာတာမျိုးပေါ့။

ကျောင်းသားဘဝမှာ သူ့လိုပဲ ကဲတာ ရွဲတာ ပြဲတာ ကျနော်တို့လည်း ရှိခဲ့ပေမယ့် သူ့လိုတော့ ထူးထူးချွန်ချွန် ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာခဲ့ဘူး၊ သူ့လောက် ဥာဏ်မကောင်းတာက တပိုင်းပေါ့၊ သေချာတာက သူ့လောက် ဝီရိယမရှိလို့ပဲ။ အဲဒီလူ စာကြည့်တိုက်မှာ ညစဉ်ဆက်တိုက် စာကြည့်နိုင်တယ်၊ ရေချိုးတဲ့ ပစ္စည်းပစ္စယတွေ၊ အဝတ်အစားတွေ စာကြည့်တိုက်ယူသွားပြီး အိမ်လို့ သဘောထားပြီး အဲဒီမှာပဲအိပ်၊ အဲဒီမှာပဲ စားခဲ့တယ်။ အဲဒီတုန်းက သူ့ဘော်ဒီဟာ တကယ်ပဲ အားကျစရာပါ၊ ရှုပါ၊ အဖုအထစ်တွေ တစ်လုံးတစ်လုံး ထင်းခနဲ ရှင်းခနဲပါပဲ၊ ပြလည်းပြချင်စရာ။


ဟာ၊ ရေးရင်းရေးရင်း အဲဒီအကြောင်းတွေက မထွက်နိုင်ဘူး၊ သူ့အလုပ်အကြောင်း ရေးမလို့ဥစ္စာ။ သူ့ အထူးပြု ဘာသာရပ်က ဓာတုအင်ဂျင်နီယာပါ၊ လူတော်လူမော်တွေ အယူများတဲ့လိုင်း မဟုတ်ဘူး၊ အဲဒါကြောင့် သူ့မှာ အခွင့်အရေး ပိုများသွားတယ်လို့ သူအမြဲပြောပါတယ်။ သူ အရမ်းတော်နေလို့ အခုလို ချောချောရှူရှူနဲ့ အဆင်ပြေနိုင်တာမဟုတ်ပဲ သူ့ပညာရပ်ဆိုင်ရာ နယ်ပယ်ထဲမှာ လူတော်တွေ ရှားလို့သာ သူ့အတွက် အခွင့်အရေးရတာပါတဲ့။ သူ့အလုပ်အကိုင်အကြောင်း ရေးရင် Dr. Nesic ဆိုတဲ့ သူ့ဆရာကို ထည့်ရေးမှ ပြည့်စုံလိမ့်မယ်။ အဲဒီပါမောက္ခက ယူဂိုဆလားဗီးယား ဇာတိပါ၊ ကနေဒါမှာ ပါရဂူဘွဲ့ယူပြီး နော်ဝေးမှာ ငါးနှစ်အလုပ်လုပ်ပြီးမှ ဘရစ်စဘိန်းမှာ စာသွားသင်တာ။ အဲဒီဆရာ သွေးဆောင်မှုကြောင့်လည်း လီခွန်းလင်း ပီအေ့ခ်ျဒီဘွဲ့ကို သူ့လက်အောက်မှာ လုပ်ဖို့ ဖြစ်သွားခဲ့တာပဲ၊ နောက်ပြီး ထောက်ပံ့ကြေး တော်တော်ရတာလည်း ပါတယ်လို့ လီပြောတယ်၊ သူအမေရိကားမှာ ပါရဂူဘွဲ့ယူဖို့ နေခဲ့တုန်းက ပညာသင်စရိတ် မကုန်ခဲ့တဲ့အပြင် တစ်လကို ဒေါ်လာ ၁၇၀၀ အသုံးစရိတ် ရခဲ့ပါတယ်။ သုတေသနပြုတဲ့ နယ်ပယ်ကတော့ ရေနံပိုက်လိုင်းတွေ ဆွေးမြေ့ယိုယွင်းခြင်းကို လေ့လာတဲ့ ဘာသာရပ်ပါပဲ (key word = ရေနံ)။ သူတို့ဌာနကို ကမ္ဘာ့ထိပ်သီး ရေနံကုမ္မဏီတွေက ထောက်ပံ့ပေးထားတယ်၊ နောက်မှာရေးပါမယ်။

နောက်ကနေ တကောက်ကောက်လိုက်ပြီး လေ့လာဆည်းပူးတော့မှ သူ့ဆရာဟာ ဒီနယ်ပယ်မှာ ရှေ့ဆောင်လမ်းပြ တစ်ယောက် ဖြစ်နေမှန်း လီ တဖြည်းဖြည်း သဘောပေါက်လာတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ နယ်ပယ်က ကျွမ်းကျင်သူ အတတ် ပညာရှင်တွေ တက်ရောက်တဲ့ စာတမ်းဖတ် ပွဲတွေမှာ အောစဖို့ဒ်လို အထင်ကရကျောင်းက ပါမောက္ခတွေ၊ ပြင်သစ်၊ ဂျာမနီက ပညာရှင်တွေ မေးတဲ့ မေးခွန်းတွေကို ဒီလောက်လွယ်တာ ဘာလို့မေးရသလဲ ဆိုတဲ့အတွေးမျိုး ဝင်လာပြီးနောက်ပိုင်း သူ့ဆရာကို ပိုပိုပြီး လေးစားလာတယ်၊ သူ့ကို ဆရာစားမချန်ပဲ သိသင့်တတ်သင့်တာ မှန်သမျှ သင်ပေးတာကြောင့်ပဲ။ အဲသလို သင်ဆရာ အရွေးမှန်ပြီး သူကိုယ်တိုင်ကလည်း တပည့်ကောင်း တစ်ယောက်အဖြစ် စိတ်ပါလက်ပါ သင်ယူနိုင်ခဲ့လို့ (သူ့အပြောအရ) အခုဆို အဲဒီ ပိုက်လိုင်းယိုယွင်းတာ လေ့လာတဲ့အပိုင်းမှာ သူတို့ဆရာတပည့်ဟာ တကမ္ဘာလုံးမှာ ရှေ့ဆုံးရောက်နေတယ် ဆိုပဲ။

ဖြစ်ပုံကဒီလို၊ သူ့ဆရာက နာမည်ကြီးဆိုတော့ ဆရာ့လက်ထွက်တွေကို ကျောင်းမပြီးခင်ကတည်းက ကုမ္မဏီကြီးတွေက အပြိုင်အဆိုင် ဝိုင်းလုပြီးသားပဲ၊ လခကလည်း တစ်လကို စင်္ကာပူ ၁ သောင်းကျော် ကနေ စပေးတဲ့ အလုပ်တွေ၊ ဒါကြောင့် အများအားဖြင့် ကျောင်းပြီးတာနဲ့ ကုမ္မဏီကြီးတွေမှာ ဝင်လုပ်ကြတာများတယ်။ အဲဒီကျောင်းသားတွေနဲ့ မတူပဲ ဘွဲ့ရပြီးတော့ ငွေကြေးဖိအားသိပ်မရှိတဲ့ လီကို သူ့ဆရာက အလုပ်စပ်တူလုပ်ဖို့ စကားစပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစချင်း နှစ်တွေကို ဝင်ငွေမရှိပဲ ကိုယ့်စရိတ်နဲ့ကိုယ် သွားကြရမှာမို့ပါ။ လီအနေနဲ့က သူသင်ထားတဲ့ ပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်း ချင်တာရယ်၊ သူများ ကုမ္မဏီမှာ သွားလုပ်ရင် သူ့ဗီဇအတိုင်း လွတ်လွတ်လပ်လပ် မနေနိုင်တာရယ်၊ အလုပ်ချိန်များပြီး သူဝါသနာပါရာ ကိစ္စတွေကို စိတ်နှစ်ပြီး မလုပ်နိုင်မှာရယ် တွေးမိပြီး ဆရာ့ ကမ်းလှမ်းချက်ကို မဆိုင်းမတွ လက်ခံလိုက်တယ်။ ကွက်တိပဲ၊ ဒီဆရာနဲ့ ဒီတပည့်၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဖို့များ ကြိုတင် စီမံထားတယ် ထင်ရအောင် အားလုံးက အဆင်ပြေသွားတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုယွင်းဆွေးမြေ့မှုဆိုင်ရာ အကြံပေးကုမ္မဏီ ထောင်ပြီးနောက်ပိုင်း လူသိများတဲ့ သူ့ဆရာက မိတ်တွေပိုရအောင် ကြော်ငြာတဲ့အပိုင်း အားသန်သွားပြီး သူကတော့ နည်းပညာပိုင်းကို တာဝန်ယူထားတယ်။ ဆိုင်ရာ ဆိုင်ရာ ပိုက်လိုင်းထဲက ဓာတုဗေဒ ပါဝင်မှု အချိုးအဆတွေ ဒေတာတွေကို ထည့်သွင်းပေးရုံနဲ့ ပိုက်လိုင်းသက်တမ်း ခန့်မှန်းပေးတဲ့ simulation software ကို အားလုံးနီးပါး သူရေးရတယ်၊ အဲဒါက သူတို့ရောင်းတဲ့ အဓိကပစ္စည်းပါပဲ။

သူ့ရေးထားတဲ့အတိုင်းဆိုရင် အဲဒီဆော့ဝဲဟာ တခြားလူတွေ လိုက်မမှီတဲ့ နည်းပညာတွေ ပါဝင်နေပြီး လောလောဆယ် ဒီနယ်ပယ်မှာ သုံးနေကြတဲ့ နည်းလမ်းတွေထက် သိပ္ပံပိုကျပြီး တိကျမှုပိုရှိတယ်။ သမားရိုးကျ နည်းလမ်းတွေမှာ အတွေ့အကြုံကို အခြေခံတဲ့အပိုင်း ပိုများတဲ့အတွက် ထည့်သွင်းလိုက်တဲ့ ကိန်းဂဏန်းတွေကို သိပ္ပံနည်းကျကျ တွက်ဆပေးတဲ့ သူတို့ဆော့ဝဲလောက် မတိကျဘူး ဆိုပါတယ်။ ဒါ့အပြင် သူ့ဆော့ဝဲဟာ ယိုယွင်းနှုန်းကို တွက်ပေးရုံမကပဲ ယိုယွင်းရတဲ့ အကြောင်းရင်းကိုပါ ဖော်ပြပေးနိုင်ပြီး အဲဒီအချက်က သူများတွေ လိုက်မလုပ်နိုင်တဲ့ အကြောင်းရင်းပဲ ဖြစ်တယ်လို့ သူပြောပါတယ်။ သူတို့ ဆရာတပည့်က ပိုက်လိုင်းတွေရဲ့ ဆွေးမြေ့ခြင်းသက်တမ်းကို မှန်းဆပေးတဲ့အပြင် အကြံပေးကုမ္မဏီ ဆိုတဲ့အတိုင်း ယိုယွင်းဆွေးမြေ့ခြင်း လျော့နည်းသွားအောင် ကြိုတင်ကာကွယ်နည်း ကိုလည်း အကြံပေးပါတယ်။ အဓိက ဦးဆောင်နေတာ သူတို့နှစ်ယောက်ပါပဲ၊ ခုလက်ရှိမှာ ကမ္ဘာ့အကြီးဆုံး ရေနံကုမ္မဏီ နံပါတ် ၁ ကနေ ၅ အထိ (BP, Shell, ExxonMobil, Total နဲ့ ConocoPhillips) နောက် နံပါတ် ၇ ဖြစ်တဲ့ ENI စတဲ့ ဂေါ်ဇီလာကြီးတွေ သူ့ဆော့ဝဲကို စတင်ပြီး အသုံးပြုနေပါပြီ (အဲဒါတွေကပဲ သူ့ဆရာဦးဆောင်နေတဲ့ အိုဟိုင်းအိုးတက္ကသိုလ်က သုတေသနဌာနကို ပံ့ပိုးနေတာပါ)။ အဲဒီထဲက တချို့ဟာ သူ့ကို ယုံကြည်လို့ သူတို့ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့ ရေနံပိုက်လိုင်းအတွင်းက ဓာတုဗေဒ ကိန်းညွှန်းတွေ ကိုတောင် ပေးထားပါတယ်၊ အဲဒါတွေနဲ့ သူ့ဆော့ဝဲနဲ့ အသုံးတည့်အောင် ပြင်ရေးသင့်တာ ပြင်ရေးဖို့ပါတဲ့။ ဒီစာမျက်နှာမှာ သူ့လုပ်ငန်းနဲ့ ပတ်သက်တာ အတော်များများ ရေးထားပါတယ်၊ ဝင်ကြည့်ပါ။

ခုထက်ထိလည်း သူ့အကြောင်းတွေပဲ တဝဲလည်လည် ဖြစ်နေပါတယ်၊ ဒါတောင်ကျနော် နည်းနည်းလေးပဲ ရွေးထုတ်ပြီး ရေးထားတာပါ၊ သို့သော်လည်း ရှည်လွန်းသွားပြီ။ နောက်ပို့စ်မှာ ဆက်ပါဦးမယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.