Wednesday, November 12, 2008

[We Fight We Win. -- " More than Media "] 2 New Entries: ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်

ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်



၈ လေးလုံးမျိုး ဆက်ခေါင်းဆောင်များ၁၄ ဦးကို ကို စစ်အစိုးရ ထောင်ဒဏ် ၆၅ နစ် မတရားထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ခေါင်းဆောင်များကတော့
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)

၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင် တို့ ဖြစ်ကြပါတယ်။ မစုစုနွေး ကိုလည်းထောင် ၁၂ နစ်ခွဲ ချမှတ် ပါတယ်။

မင်းကိုနိင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ကိုမူ မသိရသေးပါ။ ကိုမင်းဇေယျ က ၆၅ နစ်ထဲလားကွာ ဟု ကြွေးကြော်သွားကြောင်းသိရပါတယ်။ မမီးမီးကလည်း ဘယ်တော့မှ မကြောက်ဘူး။ မြန်မာ ပြည် လွတ်မြောက်ပါစေလို့အရေးတော်ပုံအောင်ရမည်လို့ ထောင်ထဲတွင် ကြွေးကြော်သံများ ကို တိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။

Summary

Rest of your post

ကျားသေ ကို အသက်သွင်း နိုင်တော့မည်


-Ko -

ပဉ္စနရစ် ပုံပြင်ထဲမှာ တက္ကသိုလ်က ပြန်လာတဲ့ ကျောင်းသားသုံးရောက်ဟာ ကျားအရိုးစုတွေကိုတွေ့ တယ်။ တယောက်က အရိုးကို ပြန်ဆင်တတ်တယ်။ တယောက်က ကျားကို ရုပ်လုံးသွင်းတတ်တယ်။ တယောက်က တော့ ကျားကို အသက်သွင်းတတ်တယ်လို့ ဆိုတယ်။ သူတို့ က ကျားကိုအသက်သွင်းလိုက်တယ်။ ဒါပေမဲ့ ကျားက သူတို့ ကို အန္တရယ်ပေးတာကိုခံရတယ်။ ပုံပြင်ရဲ့  သင်္ခန်းစားပေးချက်ကတော့ အန္တရယ်ရှိတဲ့သူကို အားကောင်းလာအောင်မလုပ်နဲ့ ဆိုတာဖြစ်ပါတယ်။ ဒါကို ပုံပြင်တခုလို့ ပဲ ကျမတို့ မှတ်သားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ သိပံပညာရှင်တွေကတော့
နစ်ပေါင်းများစွာ ကတည်းက သေဆုံးခဲ့တဲ့  သတ္တ၀ါတွေ ရဲ့ မျိုးရိုးဗီဇတွေ ကနေတဆင့် သူတို့ ကို ပြန်လည် အသက်သွင်းဖို့ ကြိုးပန်းခဲ့ကြတာကြာပါပြီ။ ဂျိရားစစ် ပခ် ရုပ်ရှင်ထဲမှာ နစ်ပေါင်းများ စွာ ကသေသွားတဲ့ ဒိုင်နိုဆော်တကောင်ရဲ့ မျိုးဗီဇ ကိုရပြီး ဒိုင်နိုဆော်တွေကို ပြန်လည် ဖန်တီး ခဲ့တဲ့ရုပ်ရှင်ဟာ လူကြိုက်များခဲ့ပါတယ်။

အခုလည်း ဂျပန် သိပ္ပံပညာရှင်တွေဟာ ဆယ့်ခြောက်နှစ်ကြာ အေးခဲသေဆုံးပြီးဖြစ်တဲ့ ကြွက်ဇီဝအုပ်စု တစ်မျိုးကို ထုတ်လုပ်ဖန်တီးခဲ့ကြပါတယ်။ မန်မို ( Mammoth) ကဲ့သို့ အချိန်ကြာပြောက်ကွယ်ပြီးဖြစ်တဲ့ မျိုးစိတ် ကိုတစ်ရက်ကြာ ပြန်လည်ရှင်သန် စေနိုင်ခဲ့ခြင်းက သုတေသနပညာရှင်တွေကို လမ်းပြခဲ့တဲ့ အောင်မြင်မှုတစ်ခု ပါပဲ။ မန်းမို့ ( Mammoth ) ဆိုတာကတော့ ရေခဲ ခေတ်က သေဆုံးခဲ့တဲ့ ရောမ ဆင်ရိုင်းကြီး တမျိုးပါ။ အမေရိကန် နိင်ငံ ကင်တာကီပြည်နယ်က ကျောက်တောင်တွေထဲမှာ သူတို့ ရဲ ကျောက်ဖြစ်ရုပ်ကြွင်းတွေ ကနေတိုင်ရှိနေပါသေးတယ်။


ဒေါ်လီဟာ သက်ရှိသတ္တာဝါတွေရဲ ဆဲလ်နည့်ဖန်တီးထားခဲ့တဲ့ ဇီဝမျိုးစေ့ တစ်ခုပါ။အခုဆိုရင် သေဆုံးသွားပြီးဖြစ်တဲ့မျိုးစိတ် တွေကိုပြန်လည်ရှင်သန် စေနိုင်တယ်ဆိုတာ သိပ္ပံပညာရှင်တွေ ယုံကြည်လက်ခံသွားကြပြီ သိပ္ပံပညာရှင်တွေဟာ အခုထိတော့ သက်ရှိတွေရဲ့ ဆဲလ်ကနေသာ လိင်မဲ့နည်း နည့်ပေါက်ဖွားတဲ့ ဇီဝမျိုးစု (ကလုံး) ကိုဖန်တီးထုတ်လုပ်နိုင်ခဲ့ကျတယ်။အရွယ်
ရောက်သက်ရှိကနေ ပြုလုပ်ဖန်တီးထားတဲ့ ပထမဆုံးနို့တိုက်သတ္တ၀ါ သိုးမလေး ဒေါ်လီကို သူတို့ဖန်တီးနိုင်ခဲ့သလိုမျိုးပေါ့။
သုတေသနပညာရှင်တွေဟာ အေးခဲထားပြီးဖြစ်တဲ့ဆဲလ်တွေကို အသုံးပြုလို့မရ နိုင်ဘူးလို့ ထင်မြင်ခဲ့ကျတယ်။
ဒါဟာဘာ့ကြောင့်လဲဆိုရင် ရေခဲဆိုတာက (DNA) ကိုပျက်စီးစေနိုင်တယ်လို့ တွေးထင်ခဲ့ကျလို့ပဲ။ ဒီလိုတွေးထင်မှုဟာ
အေးခဲထားပြီးဖြစ်တဲ့ သတ္တ၀ါတွေရဲ့ ဆဲလ်ကို ပြန်လည်ရှင် သန်အောင် လုပ်နိုင်တယ်ဆိုတဲ့ ဖြစ်ရပ်ကိုတားဆီးထားခဲ့တယ်။
ဒါပေမဲ့လည်း အ မျိုးသား သိပ္ပံပညာက ထုတ်ဝေတဲ့ ဂျာနယ်မှာတော့ နောက်ဆုံးသုတေသနရလဒ် အရ သိပ္ပံပညာရှင်တွေဟာ
အတားအဆီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ဖော်ပြထားခဲံ့တယ်။


ဂျပန်နိုင်ငံ ကိုဘေ မှာရှိတဲ့ ဇီဝဗေဒ ဖွင့်ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးနှင့်အကျိုး စီးပွားဌာနရဲ့ သုတေသနပညာရှင်တွေဟာ
(-20C )မှာ ဆယ့်ခြောက်နှစ်ကြာအေးခဲထားပြီးဖြစ်တဲ့ ကြွက်တွေရဲ့ ဆဲလ်ကိုအသုံးပြု ခဲ့ကျတယ်။ သူတို့ဟာ ဆဲလ်ရဲ့ နယူးကလိယရကို ပြန်လည်ရှင်သန်အောင်လုပ်ပြီး (DNA )ဖော် ထုတ်ထားပြီးဖြစ်တဲ့ ဥတွေထဲကို အဲဒိဆဲလ်တွေထဲကို ထိုးသွင်းခဲ့ကျတယ်။နောက်ထပ် အဆင့်အဆင့်တွေ အမျိုးမျိုးပြုလုပ်ပြီးတဲ့ အခါမှာတော့ ကြွက်တွေရဲ့ လိင်မဲ့ဇီဝမျိုးစေ့ကို သူတို့ထုတ်လုပ်နိုင်ခဲ့ကျတယ်။ သုတေသနကို ဦးဆောင်ခဲ့တဲ့ (TaruHiko Wakaya ma) ကတော့ဒါဟာဆိုရင် ရေခဲနေတဲ့အခြေအနေတစ်ခုမှာ နုမုနာအဖြစ် သိုလှောင်ထားခဲ့တဲ့ ဆဲလ်ကနေနို့တိုက် သတ္တ၀ါကို ပထမဦးဆုံ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆို တယ်။ ဒီအဖြစ်အပျက်ဟာဆိုရင် အေးခဲထားတဲ့ ဆဲလ်တွေကနေ အချိန်ကြာပျောက်ကွယ်ပြီးဖြစ်တဲ့ မျိုးစုတွေကို ပြန်လည်ရှာဖွေတူးဖော် မည့်သူများအတွက် မျော်လင့်ချက် တစ်စပါပဲ။

You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.