Wednesday, November 12, 2008

[ဒေါက်တာလွဏ်းဆွေ] 3 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၁-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၁-၀၈)

- ၈၈ မျိုးဆက်ကျောင်းသား (၁၄) ဦးအား ထောင်ဒဏ် (၆၅) နှစ်စီချ click
- ၈၈ ကျောင်းသားခေါင်းဆောင်များ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံရ click
- ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်ချမှတ် click
- မစုစုနွေးကို ထောင်ဒဏ် (၁၂) နှစ်ကျော်ချ click
- လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံရ click
- အရှင်သတ္တမနှင့် ကိုထွန်းထွန်း ထောင်ဒဏ် ၁၉ နှစ်စီ ချမှတ်ခံရ click
- ရှေ့နေဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ကို ထောင်ဒဏ် (၄)လစီချမှတ် click
- ရှေ့နေများကိုလွှတ်ရန် နအဖကို အမေရိကန်က တောင်းဆို click
- မောင်တောမြို့မှ မူဆလင်ခေါင်းဆောင် ၉ ဦး ထောင် ၁၀ နှစ်ကျော် ချမှတ်ခံရ click
- တရားသူကြီး လာဘ်စားမှုသတင်း ဖော်ပြသည့် သတင်းသမားများ ထောင်ကျ click
- အာဏာပိုင်များ၏ စောင့်ကြည့်မှု လွန်လွန်းပြီဟု အဖွဲ့ချုပ် အမျိုးသမီးအဖွဲ့တာဝန်ခံ ဝေဖန် click
- ထောင်ဒဏ်ချမှတ်ခံရသည့် ရှေ့နေဦးညီညီထွေး၏ ဇနီးနှင့် ဆက်သွယ်မေးမြန်းချက် click
- အမေရိကန်သမ္မတဘုရှ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်တဦး လျာထား click
- ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေး မထိခိုက်ဟု တာ့ခ်ခရိုင် ကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌပြော click
- ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် ခေတ်ပြိုင်တွေ့ဆုံ မေးမြန်းခန်း (အင်တာဗျူး) click
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များ တိုးချဲ့ချထား click
- မြန်မာနှင့်တင်းမာမှု ပြေလည်ပြီဟု ဘင်္ဂလားဒေ့ရှ်ပြော click
- ၀ါးရုံရိပ်မှ မြို့ပြအား ကိုင်းကူးခြင်း (ဆောင်းပါး) click
- တောင်ကြီးတန်ဆောင်တိုင် လောင်းကစားဝိုင်းကြောင့် ဒေသခံများစာရိတ္တ ထိခိုက် click
- နယ်စပ်တလျှောက် နှစ်ဘက်နိုင်ငံအနေဖြင့် တပ်ဖွဲ့ဝင်များကို ပိုမိုထပ်မံတိုးချဲ့ချ click
- ကျေးလက်ဒေသ၌ နယ်လှည့်နအဖစစ်ကြောင်းတို့ လူ့အခွင့်အရေး ဆက်တိုက်ချိုးဖောက်ဆဲ click
- ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ ရေပိုင်နက် နှစ်ဖက်တင်းမာမှု အနည်းငယ်လျော့ကျ click
- တိုင်းရင်းသားမဟာမိတ်အဖွဲ့က နိုင်ငံရေးအကျဉ်းသားအရေး ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆို click
- ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက်ပြဿနာ ပိုမိုတင်းမာလာ click
- ကချင်ပြည်နယ် လိုင်ဇာမြို့လယ်၌ ဓားပြတိုက်မှုဖြစ်ပွား click
- Myanmar Court Sentences Dissidents to 65 Years click
- Relatives: Myanmar activists get long prison terms click
- Myanmar jails dissidents for 65 years click
- 23 activists jailed 65 years click
- India approves open sky for ASEAN countries click
- Harsh sentences for Burma rebels click
- Myanmar signs visa deal click
- Grand Royal Challenge Cup 2008 kicks off in Myanmar click

ဂန္ဒီခန်းမ၊ စင်ပြိုင်အစိုးရနှင့် ဘ၀တကွေ့နိုင်ငံရေး - အပိုင်း (၂)

ချစ်တင် (မင်းလှ-မကွေးတိုင်း)

(စင်ပြိုင်အစိုးရဖွဲ့စည်းဖို့ လျှို့ဝှက်စည်းဝေးခဲ့ပုံနှင့်ပတ်သက်ပြီး ပထမပိုင်းတွင် တင်ပြခဲ့ပါသည်။)

စာရေးသူလည်း နောက်တနေ့ (၂-၁၀-၉၀) နေ့ ညနေတွင် မန္တလေးမှ ရန်ကုန်သို့ မီးရထားဖြင့် ပြန်လာခဲ့ပါ သည်။ မကွေးသို့ မပြန်တော့ဘဲ အခြေအနေအရပ်ရပ်ကို ရန်ကုန်တွင် နေထိုင်ပြီး စောင့်ကြည့်နေခဲ့ပါသည်။ ရန်ကုန်သို့ရောက်ရှိပြီး နောက်တနေ့ ညနေတွင် ဦးစိန်လှဦးနှင့်တွေ့ဆုံပြီး မန္တလေးတွင် အစည်းအဝေးပြုလုပ် ကြသည့် အခြေအနေနှင့် အစီအစဉ်တချို့အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

နောက်တနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းမှ ကိုယ်စားလှယ်တဦးနှင့်အတူ ဦးခင်မောင်ဆွေ နေအိမ်သို့ သွား ရောက်၍ မန္တလေးတွင် အစည်းအဝေးပြုလုပ်ရခြင်းအကြောင်းနှင့် စင်ပြိုင်အစိုးရဖွဲ့ရန် အစီအစဉ်ကို ဆွေးနွေး ပြောကြားပြီး ၎င်းအား ၀န်ကြီးချုပ်တာဝန် လျာထားကြောင်းနှင့် တောတွင်းတနေရာသို့ သွားရောက်ဖွဲ့စည်းမည် ဖြစ်သဖြင့် ၎င်းအားလိုက်ပါရန် ပြောဆိုဆွေးနွေးခဲ့ပါသည်။ သို့သော် ဦးခင်မောင်ဆွေမှ စင်ပြိုင်အစိုးရဖွဲ့စည်း ခြင်းကိစ္စကို နိုင်ငံခြားသံရုံးအချို့နှင့်ဆွေးနွေးခဲ့ရာ နိုင်ငံခြားသံရုံးများမှ ယင်းအစီအစဉ်ကို မထောက်ခံကြောင်း၊ ရွေးကောက်ပွဲရလဒ် ပျက်စီးသွားနိုင်ကြောင်း ယခုအချိန်မှာ ဖွဲ့စည်းရန် စောနေသေးကြောင်း ရှင်းလင်းဆွေး နွေးခဲ့ပါသည်။

နောက် (၂) ရက်ခန့်အကြာ တနေ့သော ညနေပိုင်းတွင် ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးတင်ဦး (ဗဟိုဦးစီး၊ က ယား) တို့နှင့် ရန်ကုန်တိုင်းလူငယ်ရုံး အပေါ်ထပ်တွင် စာရေးသူအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး ခန့် လူငယ်လုပ်ငန်းအဖွဲ့မှ (၅) ဦးခန့်တို့ ဆွေးနွေးပွဲတခု ပြုလုပ်ကြပြီး အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပါ သည်။ ယင်းဆွေးနွေးပွဲတွင် ကျွန်ုပ်တို့မှ ဂန္ဒီတောင်းဆိုချက်အပြီးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၌ န၀တမှ တစုံတရာ ပြန်ကြားမှုမရှိလျှင် ရှေ့ဆက်ဘာလုပ်မလဲဆိုတဲ့ alternative programme ရှိလျှင် မိမိတို့အနေဖြင့် အရာရာကို စွန့်လွှတ်၍ စတေးခံပေးရန် အသင့်ရှိကြောင်း၊ န၀တမှ အာဏာလွှဲပေးလိမ့်မည်ဟု မိမိတို့မထင် ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါသည်။

ထိုအချိန်ကာလက အဖွဲ့ချုပ်အတွင်းတွင် ၅/၉၀နှင့်ပတ်သက်ပြီး သဘောထားတင်းမာသော ကိုယ်စားလှယ် (Die-hard)နှင့် သဘောထားပျော့ပျောင်းသော ကိုယ်စားလှယ်အဖြစ် (Flexible) နှစ်မျိုးနှစ်စား ပေါ်ပေါက်လာ တော့သည်။ ၅/၉၀ နောက်သို့ လိုက်လိုသော ကိုယ်စားလှယ်များမှာ အနည်းစုသာဖြစ်ပါသည်။ အခြေအနေ စောင့်ကြည့်နေသူများလည်း ရှိနေပါတော့သည်။ ထိုအချိန်က စီအီးစီထဲတွင် တချို့မှာ န၀တမှ အာဏာလွှဲပေး လိမ့်မည်ဟု ယုံကြည်သူအချို့ ရှိခဲ့သည်။ န၀တဘက်မှ မိမိတောင်းဆိုချက်ကို မလိုက်လျောလျှင် အနိုင်ရပါတီ အနေဖြင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သင့် သည်များကို မပြင်ဆင်မဆောင်ရွက်နိုင်ခြင်းအတွက် ပါတီတရပ်၏ ဦးဆောင်မှုအားနည်းချက်ဟု သုံးသပ်မိပါ သည်။

ယင်းသို့ဖြစ်နေသည့်အချိန်တွင် ကျွန်ုပ်တို့၏ ဒုတိယအကြိမ် လျှို့ဝှက်အစည်းအဝေးလုပ်ရန် အခြေအနေမပေး တော့ဘဲ နိုဝင်ဘာလဆန်းပိုင်းတွင် အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အချို့နှင့် ဗဟိုဦးစီးအဖွဲ့ဝင် အချို့ကို စတင်ဖမ်းဆီးမှုများ ပြုလုပ်လာပါသည်။ ထိုအချိန်တွင် သံဃာတော်များမှလည်း ပတ္တနိကုဇ္စနကံ ဆောင်ပွဲများ ပြုလုပ်နေကြသည့် ကာလဖြစ်ပါသည်။

အောက်တိုဘာလကုန်ခါနီး ရက်တရက်တွင် ဦးလှထွန်း၊ ဦးမောင်ကိုတို့နှင့် အဖွဲ့ချုပ်အနီးတွင်ရှိသော လက်ဖက် ရည်ဆိုင်တဆိုင်တွင် တွေ့ဆုံပြီး ဦးမောင်ကိုအား သံရုံးများနှင့် ဆက်သွယ်မှုအခြေအနေကို ဆွေးနွေးမေးမြန်းခဲ့ ကြပြီး ဦးမောင်ကိုက ဦးဘိုလှတင့်နှင့် ဦးဝင်းကိုတို့ ရန်ကုန်သို့ ရောက်နေကြောင်းနှင့် အဆက်အသွယ်လုပ်ပေး မည်ဟု ပြောကြားခဲ့ပြီး နောက်တနေ့တွင် ဦးမောင်ကိုအား ညကဖမ်းဆီးသွားကြောင်း ကြားသိခဲ့ရပါသည်။ ထို့ အတွက် ဦးဝင်းကိုနှင့် ဦးဘိုလှတင့်တို့နှင့် အဆက်အသွယ် မရခဲ့တော့ပါ။ ၎င်းတို့မှလည်း အဖွဲ့ချုပ်ရုံးသို့ မလာ ရောက်ကြသဖြင့် ထိုရက်များအတွင်းတွင် အဖွဲ့ချုပ်၌ ကျွန်ုပ်၊ ဦးလှထွန်းနှင့် ဦးမြ၀င်းတို့ သုံးဦးသာ တွေ့ဆုံဖြစ် ကြပါသည်။

နောက်တနေ့တွင် ဦးလှသန်းအား ဖမ်းဆီးသွားကြောင်း သိရှိရပါသည်။ ကျွန်ုပ်လည်း နိုဝင်ဘာ (၁၁) ရက်နေ့ တွင် မကွေးတိုင်းတရားရုံး၌ ကျွန်ုပ်အမှုလိုက်ပါဆောင်ရွက်နေသော တရားမမှုရုံးချိန်းရှိသဖြင့် မကွေးသို့ ခေတ္တ ပြန်ခဲ့ပါသည်။ ဦးလှထွန်းအား ကျွန်ုပ် မကွေးသို့ ပြန်သွားသောနေ့တွင် ဖမ်းဆီးသွားကြောင်းသတင်းနှင့် နိုဝင် ဘာ (၉) ရက်နေ့က ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ဦးမောင်ကို သေဆုံးသွားကြောင်း ရေဒီယိုသတင်းမှ ကြားသိခဲ့ရသည်။

နိုဝင်ဘာ (၁၂) ရက် ည (၁) နာရီခန့်တွင် ရပ်ကွက်ကောင်စီလူကြီး (၂) ဦး၊ မကွေးမြိ့နယ် မှုခင်းတပ်ဖွဲ့မှူး ဦး မြင့်သန်းနှင့် ထောက်လှမ်းရေးမှ ဗိုလ်ကြီးကိုကိုတင်နှင့် ထောက်လှမ်းရေးရဲဘော် (၃) ဦးတို့ မိမိအိမ်သို့ ၀င် ရောက်လာကြပြီး စာရွက်စာတမ်းများ ရှာဖွေရန်ရှိသည်ဆိုပြီး စာအုပ်ဘီဒိုအတွင်းရှိ စာအုပ်များ၊ အ၀တ်အစား များကို မွှေနှောက်ရှာဖွေကြရာ နံနက် (၄) နာရီအထိ မည်သည့်စာရွက်စာတမ်းမျှ မတွေ့ရှိသည့်အခါတွင် ကျွန်ုပ် အား ခေတ္တမေးမြန်းရန် ကိစ္စရှိသည်ဆိုပြီး ၎င်းတို့ရုံးသို့ လိုက်ခဲ့ရန် ထောက်လှမ်းရေးမှ ပြောဆိုခဲ့ရာ ကျွန်ုပ်က ခင်ဗျားတို့ ဖမ်းတာလား၊ ဖမ်းတာဆိုရင်လည်း အ၀တ်အစားများထည့်၍ လိုက်ခဲ့မည်ပြောသော်လည်း ခဏစစ် ဆေးမေးမြန်းစရာရှိလို့ပါ ဆိုသဖြင့် အနွေးထည်ဂျာကင်ဝတ်၍ ၎င်းတို့ခေါ်ဆောင်ရာသို့ လိုက်သွားခဲ့ပါသည်။

မကွေးမြို့ထောက်လှမ်းရေးရုံးတွင် ကျွန်ုပ်၏ ကိုယ်ရေးရာဇ၀င်အား ရေးခိုင်းပြီး နံနက် (၆) နာရီခန့်တွင် ကျွန်ုပ် အား ဟိုင်းလပ်ကားပေါ်တင်ဆောင်ပြီး မောင်းနှင်ခေါ်ဆောင်သွားကာ ရေနံချောင်းမြို့ရှိ ၎င်းတို့ရုံးအတွင်းတွင် ခေတ္တရပ်နားပြီးနောက် ကျောက်ပန်းတောင်းမြို့သို့ ဆက်လက်မောင်းနှင်သွားပါသည်။ ကျောက်ပန်းတောင်းသို့ နံနက် (၁၁) နာရီခန့်တွင် ရောက်ရှိပြီး ကျောက်ပန်းတောင်း ရဲစခန်းအတွင်းရှိ အချုပ်ခန်းထဲသို့ ကျွန်ုပ်အား ပို့ ဆောင်ခဲ့ပါသည်။ ယင်းအချုပ်ခန်းအတွင်းတွင် တညအိပ်ပြီး နောက်တနေ့ (၁၄-၁၁-၉၀)ရက်နေ့တွင် ကျောက် ပန်းတောင်းအချုပ်မှ မိတ္ထီလာရှိ ၎င်းတို့ထောက်လှမ်းရေး တပ်ဝင်းထဲတွင်ရှိသော အခန်းကျဉ်းတခုတွင် ချုပ် နှောင်ထားခဲ့သည်။

(၁၅-၁၁-၉၀) နေ့ နံနက် (၆) နာရီခန့်တွင် လက်နှစ်ဖက်ကို နောက်ပြန်လက်ထိတ်ခတ်လျက် မိတ္ထီလာမှ သာ စည်ဘူတာသို့ ခေါ်ဆောင်သွားပြီး သာစည်ဘူတာ ရောက်သည့်အခါ ရထားလမ်းအား ကျောပေးပြီး ပလက် ဖောင်းပေါ်တွင် ငုတ်တုတ်ထိုင်ခိုင်းထားခဲ့သည်။ မန္တလေးရထား ဆိုက်ရောက်လာသည့်အခါတွင် ရိုးရိုးလူစီးတွဲ ပေါ်သို့ ကျွန်တော့်အားတင်သည်။ တွဲပေါ်ရှိ ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းပြီး လက်နှစ်ဖက်အား နောက်ပြန်လက် ထိတ်ခတ်ထားသည်။ ထိုင်ခုံဘေးလက်တန်းနှင့် လက်ထိတ်ကို ချည်နှောင်ထားကာ ထိုင်လိုက်ခိုင်းခဲ့သည်။

ကျွန်ုပ်နှင့်အတူ အစောင့်နှစ်ယောက် လိုက်ပါလာခဲ့သည်။ သာစည်ဘူတာမှ ရမည်းသင်းဘူတာအထိ ထိုင်ခုံ ဘေးတန်းနှင့် လက်နောက်ပြန် လက်ထိတ်ခတ် ချည်နှောင်ထားသဖြင့် ရထားလှုပ်တိုင်း ကျွန်ုပ်၏ ခန္ဓာကိုယ် လိုက် ယိမ်းနေသဖြင့် ချည်နှောင်ထားမှုကြောင့် နာကျင်သည့်ဝေဒနာ ခံစား၍ လိုက်ပါခဲ့ရပါသည်။ ရထားပေါ်ရှိ လူအများမှာ ကျွန်ုပ်၏ မသက်မသာ ထိုင်လိုက်နေရသည့် မြင်ကွင်းကို ၀ိုင်းကြည့်နေကြပါသည်။ ရမည်းသင်းဘူ တာ ရောက်သည့်အခါတွင် ထိုင်ခုံလက်တန်းနှင့် ချည်နှောင်ထားခြင်းကို ဖြုတ်လိုက်ပြီး လက်ထိတ်နောက်ပြန် ခတ်ထားလျက် ထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ လိုက်နိုင်ခဲ့ပါသည်။

ညအချိန် (၉) နာရီခန့်တွင် ရန်ကုန်ဘူတာကြီးသို့ ရောက်သည့်အခါ ဘူတာအပြင်ဘက်တွင် စောင့်နေသော E2000 ကားပေါ်သို့ တက်ခိုင်း၍ ထိုင်းခိုင်းပြီးနောက် မျက်နှာကို အ၀တ်ဖြင့်အုပ်ပြီး လက်ထိတ်နောက်ပြန်ခတ် လျက် ခေါ်ဆောင်သွားပါသည်။ ကားမှာ (၁) နာရီခန့် မောင်းနှင်ပြီး စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကာ အခန်းတခုအတွင်းသို့ ရောက်သည့်အခါတွင် မျက်နှာစွပ်ထားသော အ၀တ်ကိုချွတ်၍ လက်ထိတ်ကို ဖြေပေးပြီး ခွေးခြေကုလားထိုင်တခုပေါ်တွင် ထိုင်ခိုင်းလိုက်ပါသည်။

အခန်းမှာ မှန်တချပ် ကပ်ထားပြီး အခန်းအတွင်းမှ ကြည့်လျှင် ဘာမှမမြင်ရပါ။ ရေကြည်အိုင် စစ်ကြောရေးစ ခန်းဖြစ်မည်ဟု စိတ်ထဲတွင်ထင်လိုက်ပါသည်။ ခဏအကြာတွင် ကျွန်ုပ်နာမည်ရေးထားသည့် သံပြားနှင့် လက် ကိုင်ကို ကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်ပါသည်။ ခေတ္တအကြာတွင် စာရွက်များနှင့် ဘောပင်ယူလာပြီး ကျွန်တော်၏ ကိုယ်ရေးရာဇ၀င် အသေးစိတ်ကို ရေးခိုင်းပါသည်။ နံနက် (၃) နာရီခန့်တွင် ကိုယ်ရေးရာဇ၀င် ရေးပြီးသည့်အခါ မျက်နှာကိုအ၀တ်စွပ်လျက် ခေါ်ဆောင်သွားပြီး ပျဉ်အဆောက်အဦး တန်းလျားရှည်ကြီးတခုတွင် အခန်းတခန်း ၌ တယောက်အိပ်ကုတင်၊ အိပ်ရာခင်း၊ ခေါင်းအုံးနှင့် စဥ့်အင်တုံတခု ထားရှိသည်ကို တွေ့ရပြီး ပြတင်းပေါက် တွင် သံတိုင်များနှင့် ကာရံပြုလုပ်ထားပါသည်။

ယင်းအခန်းထဲတွင် (၃) နာရီခန့်မှ ခေတ္တအိပ်ပြီး မနက် (၇) နာရီခန့်တွင် လာရောက်နှိုးကာ မျက်နှာကို အ၀တ် စွပ်ပြီး ညက စစ်ဆေးခဲ့သည့် အခန်းတွင်းသို့ ခေါ်ဆောင်သွားပြီး စာရွက်နှင့် ဘောပင်ပေးကာ ခွေးခြေကုလား ထိုင်တွင် ထိုင်ခိုင်းပြီး မန္တလေးတွင် အစည်းအဝေးပြုလုပ်ခဲ့စဉ်က တဦးချင်း ဆွေးနွေးပြောကြားချက်များကို ရေးခိုင်းပါတော့သည်။ ကိုယ်မှတ်မိသလောက် အနည်းငယ်သာ ရေးပေးနိုင်ပြီး သိပ်မမှတ်မိဘူးဆိုကာငြင်းပြီး အပြင်တွင် အဖမ်းမခံရသေးသောသူများ လွတ်မြောက်စေရန် ရည်ရွယ်၍ အချိန်ဆွဲပြီး အနည်းငယ်သာ ရေး သားပေးသည့်အခါ ရေးသားချက်များကို စစ်ကြောသူက လာဖတ်ကြည့်ပြီးနောက် မပြည့်စုံဘူးဆိုကာ စာရွက် များကို ဖြဲပစ်ပြီး အသစ်ပြန်ရေးခိုင်းပါသည်။ ထိုကဲ့သို့ ရေးခိုင်းလိုက် ပြန်ဖြဲလိုက်နှင့် (၃) ရက်တိုင်တိုင် ညမအိပ် ရဘဲ ဆက်တိုက်ရေးခိုင်းလိုက်၊ ရေးပြီးလျှင် ပြန်ဖြဲလိုက်နှင့် စစ်ဆေးခံခဲ့ရပါသည်။

ပထမနေ့က ဗိုလ်မှူးကြီးစိန်မြထံမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံသို့၊ တောတွင်းသို့ လာရောက်ပြီး စင်ပြိုင်အစိုးရဖွဲ့ရန် အစီအစဉ်ရှိကြောင်း ဖိတ်ခေါ်သည့်စာကိုပြပြီး ၎င်းစာရွက်အား ရရဲ့လားဆိုကာ ထိုစာရွက် ကို ပေးဖတ်ခိုင်းခဲ့ရာ မိမိမှ မတွေ့ဖူးကြောင်း၊ မိမိထံသို့ ရောက်ရှိလာခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။

ဒုတိယမြောက် စစ်ကြောသောနေ့တွင် ကျွန်တော်၏ ထွက်ဆိုချက်များ မှားယွင်းသည်ဆိုကာ ဒေါက်တာစိုး လင်း၏ ထွက်ဆိုချက်စာရွက်များ ယူလာပြီးလျှင် ယင်းထွက်ဆိုချက်များအတိုင်း ရေးကူး၍ပေးရန် ခြိမ်းခြောက် စေခိုင်းလာသဖြင့် ဒေါက်တာစိုးလင်း၏ ထွက်ဆိုချက်အချို့ကို ရေးကူး၍ ပေးလိုက်ပါတော့သည်။

တတိယမြောက်နေ့တွင်မူကား ကျွန်ုပ်၏ ထွက်ဆိုချက်များထဲမှာ စင်ပြိင်အစိုးရဖွဲ့စည်းရန် တိုင်ပင်ဆွေးနွေးရာ တွင် မိမိတို့အစိုးရ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်မှာ န၀တအပေါ် အပြည်ပြည်ဆိုင်ရာ ဖိအားပေးမှုများ ပြုလုပ်ရန်၊ ပြည်တွင်း၌ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရေး၊ အစိုးရအဖွဲ့သစ်ပေါ်ပေါက်လာလျှင် မိမိတို့ စင်ပြိုင်အစိုးရ အား ဖျက်သိမ်းပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ၏ Mandate အရ ရွေးကောက်ပွဲတွင် အ နိုင်ရရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၁) ပုဒ်မ ၂ (က) တွင် လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုသည်ဟု ပြဋ္ဌာန်းချက်အရ ယခုပေါ် ပေါက်လာမည့် ပြည်သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြု လွှတ်တော်မဟုတ်ဘဲ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြု အာဏာ၊ တရားစီရင်မှုအာဏာဟူသော အာဏာ (၃) ရပ် ပိုင်ဆိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ် ၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း ရေးသားထွက်ဆိုချက်အား မနှစ်သက်သဖြင့် လူ (၅) ဦးခန့် ကျွန်ုပ်အနီးသို့ ၀န်းရံ လာပြီး ထိုအထဲမှ စစ်ကြောသူတဦးက ကျွန်ုပ်၏ ညာဘက်နားအုံကို အားဖြင့် (၃) ကြိမ် အပြင်းအထန် ရိုက် နှက်လိုက်သဖြင့် ထိုင်ခုံပေါ်မှ အောက်သို့ လိမ့်ကျသွားပါသည်။ (ယင်းနှိပ်စက်မှုကြောင့် ယနေ့တိုင် ညဘက် နားမှာ ကောင်းစွာ မကြားရတော့ပါ)

ထို့နောက် ယင်းစာပိုဒ်များအား ဖျက်ခိုင်းပြီး န၀တအစိုးရအား ဖြိုဖျက်ရန် အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း ရေးရမည်ဟု အတင်းအကျပ် ပြင်ဆင်ရေးခိုင်းခဲ့ပါသည်။ ကျွန်ုပ်ကတော့ ခင်ဗျားတို့သဘောနှင့် ရေး ခိုင်း၍ ရေးခြင်းသာဖြစ်ကြောင်း၊ နောင်တချိန် သမိုင်းမှာသိမယ်ဟု ပြောဆိုလျက် အထက်ပါစာကြောင်းအား ရေးပေးလိုက်သည့်အခါကျမှ အနီးအနားရှိ လူ (၅) ဦးလည်း ကျွန်ုပ်၏ ထွက်ဆိုချက် စာရွက်များအားယူကာ အခန်းအပြင်သို့ ထွက်သွားကြပါသည်။

ကျွန်ုပ်မှာ ဥပဒေဘွဲ့ရရှိသူ ဗဟိုတရားရုံးရှေ့နေတဦးဖြစ်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၁ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု၏ ingeidient (အင်္ဂါရပ်)ကို သိရှိသူဖြစ်ထား၍ ယင်းအချက်အလက်များနှင့် မကိုက်ညီ အောင် ထွက်ဆိုရေးသားခဲ့သော်ငြားလည်း ထောက်လှမ်းရေး စစ်ကြောသူများ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ယင်းတို့လိုချင်သော စာသားအတိုင်း အလိုကျ ရေးပေးလိုက်ရခြင်းဖြစ်သည်။

ထိုသို့ ၎င်းတို့အလိုကျ အချက်အလက်များ ရရှိသွားပြီးနောက် ကျွန်ုပ်အား ၎င်းတို့ ရေကြည်အိုင် စစ်ကြောရေး ၀င်းခြံအတွင်းရှိ တထပ်တိုက်အိမ်တလုံးသို့ မျက်နှာအ၀တ်စွပ်၍ ပို့ပေးခဲ့ပါသည်။ ယင်းတထပ်တိုက်မှာ သွပ် ပြားများဖြင့် လေးဘက်လေးတန် ကာရံထားပြီး အိမ်အတွင်းတွင် ရေချိုးခန်းနှင့် ရေလောင်းအိမ်သာပါရှိပြီး အိမ် ထဲတွင် ကုတင်၊ မွှေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်နှင့် အပြည့်အစုံ ဖြစ်ပါသည်။

ယင်းတထပ်တိုက်၏ အ၀င်တံခါးကို သော့ခတ်ထားပြီး မနက်ပိုင်းတွင် (၁) နာရီခန့်၊ ညနေပိုင်းတွင် (၁) နာရီ ခန့် သော့ဖွင့်ပေးပြီး မိမိအိမ်ဝင်းအတွင်းတွင် လမ်းလျှောက်ခွင့်ပေးပါသည်။ ထိုအချိန်က လက်ဝဲဘက်တိုက် တွင် ဦးခင်မောင်ဆွေ၊ ဦးနိုင်းနိုင်း၊ ဦးဝင်းလှိုင်တို့အား သွပ်ပြားအပေါက်မှ လှမ်းမြင်ရပြီး ယင်းအပေါက်များမှ တဦးနှင့် တဦး ခိုး၍စကားပြောကြရပါသည်။

လက်ယာဘက်ရှိ တိုက်တွင်မူ ဒေါက်တာစိုးလင်း၊ ဗိုလ်မှူးကြီးမျိုးအောင်နှင့် ကျန်တဦး (မမှတ်မိတော့ပါ) တို့ ရှိ နေပါသည်။ ကျွန်ုပ်နှင့်အတူ ကိုကိုကြီး (လူငယ်)၊ ကိုသန်းထွဋ်အောင် (လူငယ်)တို့ နေရပါသည်။ ယင်းတထပ် တိုက်တွင် နေထိုင်နေစဉ်အတွင်း ရံဖန်ရံခါ ခေါင်းစွပ်ကာ ခေါ်ဆောင်သွားပြီး မကြာခဏ ထပ်မံစစ်ဆေးမှုများ ပြုလုပ်ပါသည်။ တခါတရံ ည (၁) နာရီ၊ (၂) နာရီအချိန်တွင် လာရောက်ခေါ်ယူ စစ်ဆေးခြင်းများနှင့်လည်း ကြုံ တွေ့ခဲ့ရပါသည်။

ရက်မမှတ်မိတော့ပါ။ တနေ့သော ညနေ (၄) နာရီခန့်တွင် ကျွန်ုပ်နှင့်အတူနေထိုင်သော ကိုကိုကြီးနှင့် သန်း ထွဋ်အောင်တို့အား ပစ္စည်းများသိမ်းခိုင်း၍ ခေါ်ယူသွားပြီးနောက်တွင် ဒေါက်တာဇော်မြင့်၊ ဦးသိန်းဖေနှင့် ဦး စောလှိုင်တို့ ကျွန်ုပ်နေသောအိမ်သို့ ရောက်ရှိလာပါတော့သည်။ ဦးသိန်းဖေ ပြောပြချက်အရ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ အဖမ်းခံရသော ကိုယ်စားလှယ်များမှာ မန္တလေး-ရန်ကုန်လေယာဉ်ခကို မိမိတို့ ကာယကံရှင် များမှ ကုန်ကျခံ၍ ဖမ်းဆီးခေါ်ဆောင်လာကြောင်း ပြောပြပါသည်။

၁၈-၁၂-၉၀ ရက်နေ့ ည (၁၀) နာရီခန့်တွင် ကျွန်ုပ်အား ခေါင်းစွပ်၍ခေါ်သွားပြီး အခန်းတခန်းထဲတွင် ထိုင်ခိုင်း ပြီးနောက် ရေကြည်အိုင်တပ်မှူးဟု ထင်ရသူပုဂ္ဂိုလ်က ကျွန်ုပ်အား ခင်ဗျားတို့ ဒေါက်တာစိန်ဝင်းနှင့်အဖွဲ့ မာ နယ်ပလောတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ယနေ့ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာသွားပြီဟုပြောဆိုပြီး ကျွန်ုပ်အား အိမ်သို့ပြန်ပို့ခဲ့ပါသည်။ အိမ်သို့ ပြန်ရောက်သည့်အခါ ကျွန်ုပ်နှင့် နေ သူများအား ဒေါက်တာစိန်ဝင်းတို့အဖွဲ့ မာနယ်ပလောတွင် စင်ပြိုင်အစိုးရဖွဲ့စည်းကြောင်း ကြေညာသွားသည်ကို ခေါ်ပြောခြင်းဖြစ်ကြောင်း ပြောပြလိုက်သည်။

နောက်တနေ့ ၁၉-၁၂-၉၀ ရက်နေ့ ညနေ (၄) နာရီခန့်တွင် မိမိတို့ပါလာသည့် ပစ္စည်းများကို သိမ်းခိုင်းကာ မျက်နှာကို အ၀တ်စီး၍ ခေါ်ဆောင်သွားပြီး တီအီး (၁၁) ကားပေါ်သို့ တက်ခိုင်းပါတော့သည်။ ကားပေါ်တွင် မိမိတို့မန္တလေးအစည်းအဝေးတွင် တက်ရောက်သူများ၏ အသံများကို ကြားနေရပါသည်။ ၎င်းနောက် ကားဖြင့် ကျွန်ုပ်တို့အား ခေါ်ဆောင်သွားပါသည်။ မျက်နှာတွင် အ၀တ်စွပ်ထား၍ တဦးနှင့်တဦး မမြင်ရပါ။ သို့သော် စွပ် ထားသည့် ခေါင်းစွပ်မှ ခိုး၍ငုံ့ကြည့်ရာ ကားမှာ အင်းစိန်ဘက်သို့ မောင်းနေကြောင်း မြင်တွေ့ရပြီး နောက်ဆုံး အင်းစိန်မီးရထားခုံးကျော်တံတားအတက်ရောက်မှ မိမိတို့အား အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရပါသည်။

ချစ်တင် (မင်းလှ-မကွေးတိုင်း)
(၂၀၀၈ ခုနှစ် နိုဝင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

အိတ်ဖွင့်ပေးစာ၊ ထုတ်ပြန်ကြေညာချက်၊ ၀မ်းနည်းသ၀ဏ်လွှာ

11.11.08

Get your own at Scribd or explore others:

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.