Wednesday, November 12, 2008

[Free In Mind] 1 New Entry: When can’t double click on Drive icon

When can't double click on Drive icon

တလောဆီက သူငယ်ချင်းတစ်ယောက် ကျွန်တော့်ဆီဖုန်းဆက်ပြီး လှမ်းမေးပါတယ်..။ သူ့ကွန်ပျူတာ virus ၀င်သွားတယ်…။ အဲဒါတွေကို ရှင်းလိုက်ပြီးတဲ့နောက်မှာ Drive icon တွေကို double click လုပ်ပြီး ဖွင့်မရတော့ဘူး ဆိုပါတယ်..။ သူ့မှာ drive တွေကိုဖွင့်ချင်ရင် folder view ဆိုတာနှိပ်ပြီးမှ ဖွင့်လို့ရတယ် ပြောပါတယ်..။ ကျွန်တော့်သူငယ်ချင်းက end user တစ်ယောက်ပါ..။ Computer professional တစ်ယောက် မဟုတ်ဘူး..။ သူ့ကို registry တွေအကြောင်း ဘာဖြစ်တယ် ညာဖြစ်တယ် ဘာလုပ် ညာလုပ် လုပ်ခိုင်းရင်း ခေါင်းကုတ်ပြီး မင်းဟာမင်းလာလုပ်လှည့်ကွာ ဆိုခေါ်ခိုင်းတော့တာပါပဲ..။

အရင်ကတည်းက ပေါင်းလာတဲ့သူတွေ အကြောင်းသိတွေဖြစ်နေတော့… ကျွန်တော့်ဆီကို software တစ်ခု လာယူဖို့ ပြောရပါတယ်..။ အဲဒီ file လေးကို double click လုပ်လိုက်တာနဲ့ မင်း double click လုပ်ပြီး ဖွင့်မရတာတွေ ပွင့်သွားမယ်..။ အဲဒီကောင်ရဲ့ အားသာချက်က memory stick တွေတပ်ထားတယ်ဆိုရင်တောင် အဲဒီ stick တွေမှာ double click လုပ်မရတဲ့ Trojan ကြောင့် ဖြစ်ခဲ့ရတာတွေကို ရှင်းပစ်လိုက်ပါတယ်..။ တကယ်အသုံးတည့်ပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်တယ့် tools လေးတစ်ခု ဖြစ်ပါတယ်..။  Flash Disinfector ဆိုတဲ့ exe file လေးပဲဖြစ်ပါတယ်..။ အဲဒီဖိုင်လေးကို ဒီမှာ download လုပ်နိုင်ပါတယ်..။ 

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.