Wednesday, November 12, 2008

[Moehmaung] 1 New Entry: လွမ်းရက်ရှည်

လွမ်းရက်ရှည်



အနာဂတ်အတွက် ရည်မှန်းချက်တွေနဲ့
အဝေးမှာကိုယ်ရောက်နေခဲ့တယ်
ပျော်ခဲ့တာတွေ ပြန်တွေးကြည့်ရင်
ခဏလေးပေမယ့်
လွမ်းရက်တွေ ရှည်ကြာလှချည်လား…….

မင်းကိုစိတ်ချမယ်နော်လို့ ပြောခဲ့ပေမယ့်
ကိုယ် ဘယ်လိုမှ စိတ်မချနိုင်ဘူး
မင်းကလည်း ကိုယ့်ကို ယုံပါတယ်ဆိုပေမယ့်
စိုးရိမ်နေတတ်တာ သိပါတယ်
တစ်ယောက်နဲ့တစ်ယောက် စိတ်မချဖြစ်နေရတဲ့
ရက်တွေကလည်း ရှည်ကြာလှချည်လား…….

တို့နှစ်ယောက်ကို အလွမ်းပြေ ဆုံတွေ့ခွင့်ပေးနိုင်တဲ့
ဖုန်းလိုင်းလေး ၊ Gtalk လေးတွေရှိပေမယ့်
ကိုယ်အချိန်တိုင်းတော့ သတိရမိနေတာပဲလေ
လွမ်းရက်တွေကို လက်ချိုးရေကြည့်ပေမယ့်
ဘယ်နှစ်ခေါက်ချိုးမိမှန်း ကိုယ်မမှတ်မိဘူး
တကယ်တော့လွမ်းရမယ့်ရက်တွေ ရှည်လွန်းတယ်ကွာ……..

You received this email because you are subscribed to the real_time feed for http://moehmaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.