Wednesday, November 12, 2008

[ဒီရေ] 1 New Entry: ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်ချမှတ်

၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်ချမှတ်

ကြားဖြတ်သတင်း

သတင်း မဇ္ဈိမ | နယူးဒေလီ။ ။ ရွှေဝါရောင် လူထုအုံကြွမှုတွင် ဦးဆောင်ပါဝင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသား ၁၄ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ် ချမှတ်လိုက်သည်ဟု မိသားစုဝင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။
ထောင်ချခံရာတွင် ပါဝင်သည့် ကိုပဏ္ဍိတ်ထွန်း၏ မိခင်ဖြစ်သူအပြောအရ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့လည်း ပါဝင်သည်ဟု သိရသည်။

အပြည့်အစုံ ဖတ်ရန်

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.