Wednesday, November 12, 2008

=?utf-8?Q?=5bPadauk_Myay=5d_=32_New_Entries=3a_=e1=80=9b=e1=80=81=e1=80=ad=e1=80=af=e1=80=84=e1=80=b9=e1=80=80=e1=80=99=e1=80=b9=e1=80=b8=e1=80=9c=e1=80=bc=e1=80=94=e1=80=b9=e1=80=9c=e1=80=af=e1=80=95=e1=80=b9=e1=80=80=e1=80=bc=e1=80=80=e1=80=b9_AD=2d=37_=e1=80=90=e1=80=bc=e1=80=84=e1=80=b9_=e1=80=b1=e1=80=86=e1=80=ac=e1=80=84=e1=80=b9=e1=80=9b=e1=80=bc=e1=80=80=e1=80=b9=e1=80=9b=e1=80=94=e1=80=b9_=e1=80=9b=e1=80=ad=e1=80=bd=e1=80=9e=e1=80=8a=e1=80=b9=e1=80=99=e1=80=ba=e1=80=ac=e1=80=b8=e1=80=80=e1=80=ad=e1=80=af_=e1=81=bf=e1=80=95=e1=80=ae=e1=80=b8=e1=80=86=e1=80=b6=e1=80=af=e1=80=b8=e1=80=9e=e1=80=8a=e1=80=b9=e1=80=a1=e1=80=91=e1=80=ad_=e1=80=86=e1=80=80=e1=80=b9=e1=80=9c=e1=80=80=e1=80=b9_=e1=80=b1=e1=80=86=e1=80=ac=e1=80=84=e1=80=b9=e1=80=9b=e1=80=bc=e1=80=80=e1=80=b9=e1=80=9e=e1=80=bc=e1=80=ac=e1=80=b8=e1=80=99=e1=80=8a=e1=80=b9=e1=80=9f=e1=80=af_=e1=80=bb=e1=80=99=e1=80=94=e1=80=b9=e1=80=99=e1=80=ac=e1=80=a1=e1=80=85=e1=80=ad=e1=80=af=e1=80=b8=e1=80=9b=e1=81=8f_=e1=80= 91=e1=80=af=e1=80=90=e1=80=b9=e1=80=bb=e1=80=95=e1=80=94=e1=80=b9=e1=80=81=e1=80=ba=e1=80=80=e1=80=b9=e1=80=90=e1=80=bc=e1=80=84=e1=80=b9_=e1=80=b1=e1=80=96=e1=80=ac=e1=80=b9=e1=80=bb=e1=80=95=e1=80=95=e1=80=ab=e1=80=9b=e1=80=ad=e1=80=bd?=

ရခိုင်ကမ်းလွန်လုပ်ကွက် AD-7 တွင် ဆောင်ရွက်ရန် ရှိသည်များကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု မြန်မာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ



(၁၂.၁၁.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ကသတင်းဖြစ်ပါတယ်။ ဓာတ်ငွေ့လုပ်ကွက်ပုံပါ ဖော်ပြထားလို့ လေ့လာနိုင်အောင် ဖြန့်ဝေပေးလိုက်ပါတယ်။)

ရခိုင်ကမ်းလွန်လုပ်ကွက် AD-7 တွင် ဆောင်ရွက်ရန် ရှိသည်များကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဟု မြန်မာအစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားကြောင်း နိုဝင်ဘာလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပါရှိချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက AD-7 လုပ်ကွက်သည် ၎င်းတို့၏ ရေပိုင်နက်အတွင်း ကျရောက်ကြောင်းနှင့် မြန်မာနိုင်ငံမှ တူးဖော်နေမှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

``ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရသည် နယ်နမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မှားယွင်းစွာ တောင်းဆိုမှုကို လက်ခံနိုင်ခြင်း မရှိ သဖြင့် ပယ်ချခဲ့ကြောင်း´´ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

``ထို့ပြင် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ် စောင့်ရှောက်သည့် အနေဖြင့် AD-7 လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း´´ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့သည် ရေပိုင်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အစည်းအဝေး များ ကျင်းပခဲ့ဖူးကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့က လာရောက်ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်နှင့် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံကာ AD-7 လုပ်ကွက် ရေပိုင်နက် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်လုပ်ကွက် AD-7 တွင် ကိုရီးယားသမ္မတနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ရှာဖွေ တူးဖော်လျက် ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁ ရက်နေ့တွင် ရခိုင်ကမ်းလွန် စီးပွားရေးဇုန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေသည့် မြန်မာနိုင်ငံဘက်က ရေနံရှာဖွေရေးသဘောင်္နှင့် အစောင့်သဘောင်္တစ်စင်းရှိသည့် နေရာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က စစ်သင်္ဘောတစ်စင်း ရောက်ရှိလာပြီး ၎င်းတို့ ရေပိုင်နက် နယ်နမိတ်ထဲ ကျရောက်နေသည့်အတွက် ပြန်ဆုတ်ပေးရန် လာရောက်ပြောကြောင်းနှင့် မြန်မာနိုင်ငံဘက်က ရှာဖွေတူးဖော်နေသည့် နေရာသည် မြန်မာ့ရေပိုင်နက်အတွင်း ရှိနေသည့် အကြောင်း ပြန်ပြောခဲ့သည်ဟု သိရှိရပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်ထဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်သင်္ဘောလေးစင်း ထပ်မံ ရောက်ရှိလာပြီး မြန်မာဘက်က လုပ်ငန်းလုပ်ဆောင်မှုများ ချက်ချင်း ရပ်ဆိုင်းရန် နှင့် မရပ်ဆိုင်းလျှင် မလိုလားအပ်သည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်လာလိမ့်မည်ဟု ပြောလာခဲ့ ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။

ယခင်လများ အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သွားရောက်စဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ၀ယ်ယူတင်သွင်းလိုကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘက်က လက်ရှိအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရန် အခွင့်အရေးမရှိကြောင်းနှင့် လက်ရှိတူးဖော် ရှာဖွေလျက်ရှိသော လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ တင်ပို့ရောင်းချရန် တရုတ်ကုမ္ပဏီများ၊ ထိုင်းကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို ထား၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယခုဖြစ်ရပ်မှာ ၎င်းဆွေးနွေးပွဲအပြီး နောက်ပိုင်း၌ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ကမ်းလွန်လုပ်ကွက် အမှတ် AD-7 လုပ်ကွက်ကို ၂၀၀၅ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ရာ ကိုရီးယား သမ္မတနိုင်ငံ ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းမှ တင်ဒါအောင်မြင်ခဲ့ကြောင်းနှင့် အဆိုပါ AD-7 လုပ်ကွက်အတွင်း ၂၀၀၇ ခုနှစ်၌ ရှာဖွေရေးလုပ်ငန်းများကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှစ၍ စမ်းသပ်တူးဖော်ခြင်း လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

AD-7 လုပ်ကွက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စိန့်မာတင်ကျွန်းမှ မိုင် ၃၀ ကွာဝေးပြီး ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်နှင့် ခုနစ်မိုင် အကွာတွင်ရှိကာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က သတ်မှတ်ခဲ့သည့် မြန်မာ့သီးသန့် စီးပွားရေး ဇုန်အတွင်း ကျရောက်နေကြောင်း သိရပါသည်။


ခေါင်း (သို့ ) ပန်း ကျ လား ၊ သို့မဟုတ် ဒေါင့် လိုက် ကျ လား

ရှမ်းပဲပုတ်

(မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ရှမ်းပဲပုတ်ရဲ့အယူအဆဖြစ်ပါတယ်။ ၂၀၁၀ နဲ့ ပတ်သက်တဲ့ အယူအဆများကို လေ့လာနိုင်ဖို့အတွက် ဝေမျှလိုက်ပါတယ်။)

တနေ့နှင့်တနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများ တိုးတက်မှု ဘာများဖြစ်မလည်းဟု နားစွင့်ရ၊ ဟိုသတင်း ဒီသတင်းများပြားသော အပိုင်းအသီးသီးအလိုက် ဖြစ်ပေါ်တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အသီးသီးကို ပြည်တွင်းမှ နိုင်ငံရေး လေ့လာ လိုက်စားသော အသိုင်းအ၀ိုင်း များနှင့် ပြည်ပတွင်နိုင်ငံရေးလေ့လာ လိုက်စားသူများ အပါအ၀င်မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းသည်၊ မအားလပ်သည့် ကိုယ်ရေးကိုယ်တာများကြားမှ စစ်အစိုးရရဲခြေလှမ်းတိုင်း ကိုဆန်းစစ်ဝေဖန် နေကြသလို ပြည်တွင်း၊ ပြည်ပမှ အတိုက်အခံအင်အားစု လုပ်ဆောင်ချက်များတိုင်းရင်း သားလူမျိုးစု အသီးသီးတို့၏ ကြိုးပမ်းချက်များသည် မည်သိုမည်ပုံ ဖြစ်လာ ကြမည်ကို အလွန်အမင်း သိလိုကြသည်၊နားစွင့်ကြသည်။

လက်ရှိအခြေအနေတွင် အဓိကနိုင်ငံရေးပါတီကြီးဖြစ်နေသော အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ နောက်ဆုံး ထုတ်ပြန်တောင်း ဆိုလိုက်သော အကြောင်းကို စစ်အစိုးရ မှမည်သိုတုံပြန်မည်နည်းဆိုသော မေးခွန်းအတွက် စစ်အစိုးရမှ အဖြေကိုလည်း လူတိုင်းက သိလိုနေကြသည်။ ဤသိုအမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီ၏ ထုတ်ပြန်လိုက်သော တောင်းဆိုချက်သည် စစ်အစိုးရမှ ကျင်းပရန် တစိုက်မတ်မတ် ပြင်ဆင်နေသော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို သဘောမတူကြောင်း ပြတ်သားစွာပြသည်ဆိုသည် ထက် အကောင်းဆုံးသော နိုင်ငံရေးကကွက်ကို အနုပညာ တရပ်အသွင်ဖြင့် စတင်လှမ်းလိုက်သလို၊ ပူပေါင်းဆောင်ရွက်ရန်အတွက် နိုင်ငံရေး ဗျူဟာ သစ်တစ်ခုအနေနှင့် ရှာကြံ တွေးဆပြီး အစပျိုးတောင်း လိုက်သည်ဟုမြင်မိပါသည်။

ထိုအကြောင်းရာသည် "အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ၏ နောက်ဆုံးခြေလှမ်း (သို့) စိမ်ခေါ်ခြင်းရဲ့  ပထမဆုံးသောခြေလှမ်း" များဖြစ်နေမလား ဆိုသော အကြောင်းများလားဟု နိုင်ငံရေး စိတ်ဝင်စားသူ အပေါင်းနှင့် လေ့လာအကဲဖြတ်သူ အားလုံးမှ စောင့်ကြည့် ကာ တွေးတော၊ စဉ်းစားဖွယ် အချက်တွေက လည်း ရှိနေပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘာမှ လှုပ်လို့လုပ်လို့ မရအောင် စစ်အစိုးရမှ မတရား ဖိနှိပ်ချုပ် ချယ်ခြင်းပြုခံထားရသလို၊ ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကို ကတိမတည်ခြင်း၊ မတရား၊ တဖက်သတ် ပြုလုပ်ခြင်းများအပေါ်အလွန်ခံပြင်းဒေါ်သဖြစ်မိကြသည်။

ထို့အတူ မြန်မာလူမျိုးအချင်းချင်း ကြားတွင် ထိုသို့ ပြုလုပ်ခံရသည်အဖြစ်ကိုလည်း အလွန်ရှက်ရွံ စွာနှင့်လည်း ဖြစ်နေကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရဲ့ အခြေခံမှုတွေ ကိုပြည့်စုံရေးတို့ကို တွေ့ဆုံ ဆွေးနွေးခြင်းဖြင့်သာ သွားလိုသည်ဟု ခိုင်မာစွာ သံဓိဌာန်ချထားကြသည်ဆိုလျှင်ကစား၊ ကြာမြှင့်လာသော နိုင်ငံရေးအဖြေရှာပွဲကြီးနှင့် ပဋိပက္ခဘောသဘာဝတွေနှင့် သဘောထားခြင်း မတိုက်ဆိုင်သော အကြောင်းအရာများသည် တစ်ယောက်နှင့်တစ်ယောက်၊ တဖွဲ့နှင့်တဖွဲ့ အမြင်မတူ၊ ခံယူချက်မတူ၊ တွေ့ကြုံ ဖြတ်သန်းကျင်လည်လာရသော ပတ်ဝန်းကျင် အနေအထား၊ မြန်မာ့နိုင်ငံရဲ့ သမိုင်းဖြတ်သန်ခြင်းနှင့် ပါဝင်ခဲ့သောအခန်း အချက်တော်တော်များများပေါ်တွင် မှီတင်းကာ အဖြေမရနိုင် ဖြစ်ခဲ့နေသည့် အဖြစ်သို့ရောက်နေခဲ့သည်ကတော့ ငြင်းဆန်လို့ မရသောအချက်တစ်ခုဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့်လည်း ထိုရောထွေးရှုပ်ယှက်နေသော၊ ကာလကြာ ရှည်ခဲ့သည့် ပဋိပက္ခ အားလုံးကို ဦးဆောင် ဖြေရှင်းနိုင်သည်ထားအုံး၊ အတိုင်းအတာတစ်ခု ထိတော့ချက်ချင်း လက်ငင်း ပြီးပြည့်စုံသွားမည်ကတော့ လုံးဝဖြစ်နိုင်မည်၊ မဟုတ်သလိုအဆင်မသင့်ပါက အငှားထိုးခံ ဗိုက် အဖြစ်လည်း ရောက်ရှိတော့မည့် အခြေအနေနှင့် စိမ်ခေါ်မှုကိုလည်းရှိ နေပါသည်၊ လက်ရှိရပ်တည်နေသော ရပ်တည်ချက် မှ သွေဖှီကာ ပြစ်ပါယ်ထားသော ထိပ်တိုက် ရင်ဆိုင်ခြင်းရဲ့ နိုင်ငံရေးအံတုမှုကြီးကို အသက်သွင်း ပြန်လည်လုပ်ဆောင် ရန်အတွက် ကလည်း တော်တော်ကြီးကို စွန်စားရမည့် နိုင်ငံရေး စိမ်ခေါ်မှုကြီး တစ်ရပ်ဖြစ် နေကြောင်းကို တွက်ဆ နေ မိကြမည်ဆိုတာ ကတော့သေချာသလောက်ရှိပါသည်။

ထိုစိမ်ခေါ်မှုကြီးကိုရင်ဆိုင်ရန်ဖြတ်သန်းရန်အတွက်အဓိကလိုအပ်သောအကြောင်းအရာ များစွာတို့သည် ပြီးပြည့် စုံသော၊ တိကျသော ဘုံသဘော တူညီချက်နှင့် အခြေခံကျသော စုစည်း ညီညာမှုမရှိထားပါ။

လိုချင်သောအခြေအနေနှင့် အနေအထားတရပ်ကို ကောင်းမွန်စွာ တည်ထောင်လို့ မရသေးကြောင်းကို ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင် အားလုံး ကောင်းမွန်စွာ သိရှိနားလည် နေမိမည် ဟုလည်းမြင်ပါသည်။

ကမ္ဘာနိုင်ငံ ရေးဇတ်ခုံသည် ပြောင်းလဲနေပေမဲ့၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အလျှားလိုက်ဘဲ ဖြစ်ဖြစ်၊ ဒေါင်လိုက်ဘဲဖြစ်ဖြစ်၊ နိုင်ငံရေးပြောင်းလဲခြင်းသီအိုရီ အရဘဲဖြစ်ဖြစ်၊ ပြောင်းလဲခြင်းဆိုင်ရာ လိုအပ်သော အချက်တွေရဲ့ အချက်များ ညီညွတ်သည်၊ မညီညွတ်သည်ဖြစ်စေ၊ သို့မဟုတ် ထိုပြောင်းလဲခြင်း ဆိုင်ရာတွင် ရှိရမည့် အခြေခံအားများ၊ တွန်းအားဖြစ်တည်ရမည့် အချက်များ၏၊ှ သေးငယ်သော အပိုင်းတစိတ်တဒေသရဲ့  အပိုင်းများကဘဲ လှစ်ဟာနေပါစေ သို့မဟုတ် ရှိနေ၊ ဖြစ်နေစေပါစေ လက်ရှိဖြစ် ပျက်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲခြင်းသည်၊ ကမ္ဘာနိုင်ငံအသီးသီးတို့တွင် ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များနှင့် ပုံတူကားချပ် လုံးဝယူလို့ မရသလို အလွန်ကိုလည်း မှန်းဆရ ခက်ပါသည်။ လွယ်မယောင်နှင့် ခက်ပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းရန်အတွက် ဘာတွေလိုအပ်နေပြီး၊ ဘာတွေက အမှန်တကယ် လုပ်မှသာလျှင် ပါတီစုံ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံတွင် ပြန်လည်ကာ ဖြစ်ထွန်းနိုင်မည်ဟူသော လက်တွေ့ဆန်သော အမြင်အသိများ၊ အခင်း အကျင်းများနှင့်အတူ မိမိတို့မှ မည်သို့ လုပ်ဆောင်မှသာလျှင် ပြောင်းလဲလို့ ရမည်ဆိုသော အမြင်၊အသိဖြင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲ ရေးတွင် အဓိကကြနေသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိမိအနေနှင့် မည်သည့်အခန်းတွင် ပါဝင်ပေးမှ ရတော့မည်ကိုလည်း ကိုယ်တိုင်ရှင်းလင်းစွာသိမြင် နေမည်ဟုထင်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ ဗဟိုကော်မတီဝင်တို့ အနေနဲ့ မိမိတို့ပါတီ အနေနှင့် မည်သည့်အခန်းမှ ပါဝင်ပေးရ တော့မည်ဆိုတာကိုလည်း၊ ကောင်းမွန်စွာ သုံးသပ်ပြီးသား၊ အဖြေရှိနေပြီးသားဟု ကျွန်တော် ချွမ်းချက်မရှိ ယုံကြည်ထားမိ ပါသည်။

လက်ရှိ ကမ္ဘာအဖွဲ့ အစည်းအသီးသီးနှင့် ပြင်ပနိုင်ငံများရဲ့ အဓိကဖိအားနှင့် မြန်မာနိုင်ငံ


နေ့အချိန်သည် ကမ္ဘာနိုင်ငံရေးဇတ်ခုံတွင် ဖြစ်ပျက်နေသော နိုင်ငံရေးချိန်ခွင်လျှာအားစမ်း ပွဲကြီးများ၊ စစ်ရေး၊ အကြမ်းဖက် တိုက်ခိုက်မှု နှိမ်နှင်းရေး အောက်တွင် ဖြစ်ပေါ်နေသော အချင်းများဖွယ်ရာ အကြောင်းများ၊ ဆင်းရဲသောနိုင်ငံများ၏ နိုင်ငံရေးမတည်ငြိမ်မှုသည် ကမ္ဘာ့အင်အား ကြီးနိုင်ငံများတို့၏ မှုဝါဒရေးရာနှင့် စီးပွားရေးယှဉ်ပြိုင် ချဲ့ထွင်ခြင်းအောက်တွင် ခံနေကြရသည်။

အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ရာကောင်းသော ကမ္ဘာစီးပွားရေးပျက်ကပ် ကြီးသည် ဒုတိယကမ္ဘာစစ် မဖြစ်ပွားမီ အချိန်ပိုင်းလေး အတွင်းက အဖြစ်ပျက်များတို့နှင့် အသွင်တူ နေလွန်းလှသလို၊ "ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း လက်ဝဲ၊ လက်ျာဝါဒနိုင်ငံကြီးများ၊ အင်အားစုများတို့၏ ဆက်ဆံမှုတို့သည် ဟန်ဆောင်ခြင်းများ ပြည့်နှက်နေကြသလို၊ အပြုံးများနောက်ကွယ်တွင် စစ်ရေးအရ သိမ်းပိုက်အနိုင် ယူခြင်းထက်၊ စီးပွားရေးအရ သိမ်းပိုက်ကာ ရုပ်သေး အစိုးရများ (သို့မဟုတ်) အကျိုးတူစီးပွားရေး အင်အားစု၊ ဖေးမကူညီရေး လမ်းစဉ်များ ကို အပြိုင်အဆိုင်ပြင်းထန် စွာလုပ်လာသောအခင်းအကျင်း ပြိုင်ဆိုင်ခြင်းသည် ကမ္ဘာနိုင်ငံရေးဇတ်ခုံ နောက် ကွယ်တွင် အလွန်အားကောင်းသော မီးတောက်ကြီးသဖွယ် လုပ်ဆောင်နေကြသော အချိန်လည်းဖြစ် နေပါသည်"

ကမ္ဘာနိုင်ငံပေါင်းစုံရဲ့ အဓိက အဖွဲ့စည်းဖြစ်သော ကမ္ဘာကုလသမဂ္ဂမှာလည်း ဖြစ်ပျက်နေသော ကမ္ဘာနိုင်ငံရေး လွန်ဆွဲပွဲနှင့် စီးပွားရေး ကမောက်ကမကြားတွင်၊ ကမ္ဘာဒေသတွင်း ပြသနာပေါင်းစုံကို အထူးစိုးရိမ်ပူပန်စွာနှင့် ရှိနေသည်။ အထူးသဖြင့် ဆင်းရဲသော နိုင်ငံများ တွင် ထိုငွေကြေးစီးပွားရေး ကယက်ကြီးက အပြည့် အ၀ ရိုက်ခတ်ကာ ဒေသတွင်းနိုင်ငံရေး မတည်ငြိမ်မှုအောက်တွငမလိုလားသော အကြောင်းအရာများကို မဖြစ်ပေါ် စေရန် ထိမ်းထိမ်းသိမ်းသိမ်း ပြောဆိုကူညီလုပ်ဆောင် နေရသောအခြေအနေလည်း ဖြစ်ပါသည်

ကမ္ဘာ့လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲမှလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်အခြေခံသော အရပ်သား အစိုးရတရပ် ပေါ်ပေါက်ရေး အတွက် လက်ရှိတာဝန်ယူအုပ်ချုပ်နေသော စစ်အစိုးရမှ ဖေါ်ဆောင်ပေားတွင် အဓိက လိုအပ်သော ဒီမိုကရေစီစနစ်၏ စံနုန်းစံထားများ ကို မတွေရသေးကြောင်းနှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ တောင်းဆိုနေသော ထင်သာမြင်သာသည့် အချက်များကို လုပ်ဆောင်မှသာ လွတ်လပ်ပြီး တရားမျှတမည့်ရွေး ကောက်ပွဲအဖြစ် သတ်မှတ်လိုရမည် ဆိုသည်ဟုပြော ဆိုနေသော အချိန်လည်းဖြစ်နေပါသည်။

ကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း သိသာတိုးတက်ဖြစ်ထွန်း၊ သိသာသော ရလဒ် တစုံတရာ မဖြစ်မခြင်း မြန်မာနိုင်ငံသိုယခုလာမည့် ဒီဇင်ဘာလတွင် တင်းမာနေသောအတိုက် အခံနှင့် စစ်အစိုးရတိုကြား ဖြစ်ပေါ်နေသော နိုင်ငံရေးလွန်ဆွဲပွဲကြီးကို သွားရောက်ဖြေရှင်းရန်ခေါင်းစဉ် တပ်ထားသော ခရီးစဉ်အား ဖျက်သိမ်းကောင်းဖျက်သိမ်းမည်ဟု ဖွင့်ဟပြောဆိုလာသောအချိန်ကာ လည်းဖြစ်ပါသည်။

တချိန်တည်းမှာပင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အထုးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှ သတင်းစားရှင်းလင်းပွဲ တွင် အဓိကထားပြီး ပြောဆိုနေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေး၊ ဒေါ်အောင်းဆန်းစုကြည်နှင့် စစ်အစိုးရတိုတွေ့ဆုံဆွေးနွေး ညှိနိုင်းစေသည့် အကြောင်းသာတစိုက်မှတ်မှတ်ပြောဆိုနေကြသည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက နိုင်ငံရေး၊ လူမှုရေး၊ မတရားမှုများအပေါ် မလေးစားသော မြန်မာနိုင်ငံ စစ်အစိုးရ ကို ၀ိုင်းဝန်းဘေးဖယ် ထားကြသလို၊ အရမ်းခေါင်းမာပြီး၊ နိုင်ငံတကာမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို လည်း မပြုသလို၊ ကိုယ့်ဘာသာလည်း အထီးကျန်နေတတ်သည့် မြန်မာနိုင်ငံစစ် အစိုးရသည်၊ နာဂစ် လေမုန်းတိုင်း ဖြစ်ပေါ်ပြီးနောက်ပိုင်း ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံတို့ ပါဝင်သော သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက်မှာ ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံနဲ့ အခြားသော နိုင်ငံပေါင်းစုံမှ လူမှုအကူအညီ စောင့်ရှောက်ပေးရေးးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အများသူငါ ထင်ကြသော ဆိုးဝါး သော အခြေအနေမျိုး မရောက်စေရန် လုပ်နိုင်ခဲ့သည်။

မြန်မာအစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းများ အကြားမှာ ကောင်းမွန်တဲ့ အလုပ်သဘော ဆက်ဆံရေး တစ်ရပ် ထူထောင်နိုင်ခဲ့တယ် ဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊ INGO များရဲ့ ပြောကြားချက်များကပြောကြသလို၊ ICG, CMI (Crisis Management Institute) စတဲ့ အဖွဲ့အစည်းများက နာဂစ်ကရတဲ့ အခွင့်အရေးကို တိုးချဲ့ပြီး မြန်မာနိုင်ငံကို လူမှုဂရုဏာ အကူအညီတွေ တိုးချဲ့ပေး က ပိုမိုမြင်သာသော တိုးတက်မှုနှင့် ကောင်းမွန်သောရလဒ်များ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း တွေမြင်လာရ ပါသည်။

ကျွန်တော်တို့ လိုချင်သော အခြေအနေတရပ်သို့ တင်းပြည့်ကျပ်ပြည့် မရောက်ပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း အခြေအနေ တစ်ခုကို အစပြိုး လုပ်နိုင်သွားသည့် အတွက်ကြောင့် တိုးတက်မှု တစ်ခုအနေနှင့် သတိထားပြီး ကြိုဆိုပေးကြရပေမည်ဟု မြင်ရသော အခြေအနေဖြစ်ပါသည်။

ကျွန်တော်ယုံကြည်မိသည်ကတော့ မြန်မာ့နိုင်ငံရေးသည် အာဃာတများ အပြည့်အ၀၊ချေဖျက်ကာ စစ်အစိုးရ ကော၊ ဒီမိုကရေစီ လိုလားသော သူတိုတွေဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ မြန်မာပြည်တွင် ဒီမိုကရေစီ ဖြစ်ပေါ်တည်ဆောက်နိုင်မည်ဟု ရှင်းရှင်း လင်းလင်း ယုံကြည် ထားပါသည်။

ကျွန်တော်တို့သည် Rule of the Game ကို စတင်သူနှင့် လိုက်နာသူတိုဆိုသော နေရာတွင် ယနေအချိန်တွင် ကိုယ်ကမည်သည့်နေရာ ကို ရောက်ရှိနေသည်ကို သေသေချာချာ သိမြင်တတ်ဖိုနဲအတူ ဖြစ်ပေါ်လာသော အခြေအနေကို လက်ခံတတ်ဖို့နဲ့ အပါးကြွယ်ဖို့လည်း လိုပေသည်။

ကျွန်တော်သည်လက်ရှိ မြန်မာနိုင်ငံ၏နိုင်ငံအုပ်ချုပ်ပုံ စနစ်ပြောင်းလဲရေးတွင် အဓိကကျသော စစ်အစိုးရ အခင်းအကျင်းနှင့် အတိုက်ခံ အားလုံးတို့ရဲ့  လုပ်ဆောင်သော အခင်းအကျင်းကို သဘောမကျပါ၊

စစ်အစိုးရသည် ၄င်းတို့ရေးဆွဲထားသော အခြေခံဥပဒေကိုလည်း ပြန်လည်ရေးဆွဲ ဖြည့်စွက် မပြင်ဆင်နိုင်သလို၊ ပြင်ဆင်ဖို့လည်း အကြောင်းမရှိဟု ယတိပြတ်ကြေညာထားပါသည်။

စစ်အစိုးရသည် ကမ္ဘာကုလသမဂ္ဂ အထွေအထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စာလှယ်မှတဆင့် ကုလသမဂ္ဂမှ ဖိတ်ခေါ် တောင်းဆို သော ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှု ဖြစ်ရန်အတွက် လိုအပ်သော အထောက်အကူ နည်းပညာ ပံပိုးဆောက်ရွက်မှုကို ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုထားသည်

ကမ္ဘာကုလသမဂ္ဂ အထွေထွေညီလာခံတွင် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံတို့က ပိတ်ပင်ထားသော စီးပွားရေး ဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံ တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုကို ဖြစ်စေနိုင်ပြီး၊ နိုင်ငံရေး ပြောင်းလဲရန် လက်နက်သဖွယ် ဖိအားမျိုးသုံးရန် မလုပ်ဆောင် သင့်ကြောင်း ကိုထုတ်ဖေါ်ပြောဆိုထားသည်။

နယ်နမိတ်ထိစပ်သောနိုင်ငံများနှင့် နိုင်ငံတနိုင်ငံ၏ အချုပ်ခြာကို ရင်းနှီးချစ်ခင်စွာ အပြန်အလှန်လေးစားပြီး အကြမ်းဖက် လက်နက်ကိုင် များ မရှိရေးနှင့် နှစ်နိုင်ငံ နယ်မြေဒေသ လုံခြုံရေးဆိုသော ခေါင်းစဉ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် အထူးပြုလုပ်ဆောင်ခြင်း၊ မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ် နေသောနေရာတိုင်းကို စီးပွားရေး ဖွင့်လှစ်ခြင်းဆိုသော ဗျူဟာကို ကိုင်ပြီးယခင်က မစိုးမိုးသော၊ မချုပ်ကိုင်နိုင်သော နယ်မြေကို အလုံးစုံ စိုးမိုးရန်တက်လှမ်းလာခြင်း၊ အပစ်ခတ်ရပ်ဆဲထားသော တိုင်းရင်းသားများမှတဆင့် နယ်မြေစိုးမိုး ထိန်းသိမ်းရန်အတွက် လိုအပ်သောအင်အားကို အပြည့်အ၀ အထောက်အကူပေးပြီး ကျန်လက်နက်ကိုင် တိုင်းရင်းသားများ ၏ အင်အားနှင့် ရပ်တည်ခြေကုတ်ယူခြင်း လျော့နည်းသွားရန်အတွက် လုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်လာသလို၊ ၂၀၁၀ရွေးကောက်ပွဲ အတွက် ဆက်လက်ပြီး လက်ဦးမှုရယူရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို ကြိုတင်လုပ်ဆောင်နေသည်ကို သတိကောင်းကောင်း ပြုမိနေပါသည်။

ထိုအတွက်ကြောင့် န၀တသည် အချိန်အတိုင်းတာ တစ်ခုကိုစောင့်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင် နိုင်ငံရေးအကျဉ်းသား အချို့အား ကိုရွေးကောက်ပွဲမတိုင်မီ ပြန်လွတ်ပေးခြင်းဖြင့်၊ ကုလသမဂ္ဂ အဖွဲချုပ်နှင့် နိုင်ငံတကာအသိုင်းဝိုင်းကို ၂၀၁၀နှစ်တွင်လုပ်ဆောင်မည့် ရွေးကောက်ပွဲကို တရားမျှတစေရမည်ဆိုသော မူကို ကိုင်တွယ်ဖို့များသည်ဟု မြင်မိပါသည်။

တချိန်တည်းမှာပင် စစ်အစိုးရသည် ၂၀၁၀ရွေးကောက်ပွဲကို ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီများ ဖွဲစည်းခြင်း ဥပဒေကို ထုတ်ပြန်ကာ တက်သုတ်ရိုက်ကာ မောင်းနှင်းတော့မည်။

ကမ္ဘာနိုင်ငံများအားဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခြင်းဖြင့်သာ လွတ်လပ်ပြီး တရားမျှတမှုကို မိမိတို့ဘက်က စပြသပါသည်ဆိုသောမှုကိုသာ ကိုင်တွယ်ပေမဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းဆိုသော လိုင်းကိုတော့ မတက်နိုင်ပေ။ တွေ့ဆုံဆွေးနွေးရေးလမ်းဆိုထက် အများတောင်းဆိုနေသော သုံးပွင့်ဆိုင်ဆွေးနွေးရေးနှင့် အခြေခံ ဥပဒေပါ အကြောင်းအရာတို့ ကို ညှိနိုင်းပြင်ဆင်ရေးဆိုသော အကြောင်းသည် န၀တဘက် မည်သို့မှ လုပ်ဆောင်ဖို့ လမ်းတော့ ဖွင့်လာ တော့မည်မဟုတ်ချေဟု မြင်ပါသည်။

ထိုထက်ပိုပြီးပြင်းထန်သော အခြေအနေကို ကျွန်တော်တို့ဘက်မှ ဖိအားဆက်တိုက်ပေးသော် စစ်အစိုးရအနေနဲ့ တွေ့ ဆုံဆွေးနွေးရေးကို ပြန်လည်အစပျိုးနိုင်ပေမဲ့ ဆက်ဆံရေးဝန်ကြီး ဦီးကြည်အောင်နှင့်သာ လုပ်ဆောင်သွားပြီး အချိန်ကို ၀ယ်ယူသွားမည်ဖြစ်သလို မည်သည့်တိုးတက်သော ရလဒ် ဖြစ်ထွန်းမှုများ မရှိနိုင်ပေ။ မရှိပေ။ ထို့ပြင် ဆက်လက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးသည် စစ်အစိုးရမှ ထုတ်ပြန်ထားသော တွေ့ဆုံ ဆွေးနွေးရေးအတွက် စစ်အစိုးရမှ စွတ်စွဲတောင်းဆိုထားသော အချက်လေးချက်၏ တုံပြန်သော အဖြေပေါ်တွင်သာ အဓိက သက်ဆိုင်သည်ဟုသာ ဆုပ်ကိုင်သွားပေမည်ဖြစ်သည်။

စစ်အစိုးရသည် ထိုကဲသို့လုပ်ခဲ့သောသည်ကား နိုင်ငံရေးဗျူဟာ တစ်ခုကို စတင် ခင်းကျင်းပြီဟုသာ မြင်ပါသည်။

(မှတ်ချက်။ ။ စစ်အစိုးရရဲ ဖြစ်နိုင်သောခြေလှမ်းကို များကိုသာ တွေးဆပြော ဆိုတင်ပြခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော RULE OF THE GAME ကို စစ်အစိုးရမှ ချုပ် ကိုင်သွားနိုင်သော အနေအထားကို ပိုင်နိုင်စွာရရှိသွားသောကြောင့်ဖြစ်ပါသည်။)

ထိုသိုစစ်အစိုးရ လုပ်ဆောင်ခဲ့သည်ရှိသောအလွန်တင်းမာခက်ထန်သော စစ်အစိုးရ၏ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးခြင်းပေါ်တွင် နိုင်ငံတကာမှ အပြုသဘောအနေဖြင့် မြန်မာနိုင်ငံတွင်ဒီမိုကရေစီစနစ် ဖြစ်ပေါ်ထွန်းကားမှုသည် အနှေးနှင့်အမြန် ပေါ်ထွန်းလာမည်ဆိုတာကို သိရှိလက်ခံ ပေးရတော့မည်။

တွေဆုံးဆွေးနွေးရေး၊ ဖြစ်သင့်ဖြစ်ထိုက်သော လတ်တော်ကိုယ်စားလှယ်များ၊ ပါဝင်ထိုက်သည်ဆိုသော သူများနှင့် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန်အတွက် လုပ်ဆောင်ပါက ပိုမိုကောင်းမွန်သော ပြည့်စုံသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားရင်ကြားစေ့စပ်ရေးကို ဖြစ်နိုင်သည်ဟု ထောက်ပြပြောဆိုခင်းဆိုသော နိုင်ငံရေး စကားလုံးများကို သံတမာန်နည်းအရ ပြောဆိုထုတ်ပြန်ယုံကလွဲ၍ ဘာမှ ထူးခြားစွာဝင်ရောက် လုပ်ဆောင် မသင့်တော့သည့် အခြေအနေ ကိုရောက်သွားပေတော့မည်။

ဖြစ်ပေါ်လာသောအရပ်သားအစိုးရကို ၀ိုင်းဝန်းပြီးတော့ အပြသဘော ဆောင်သော တုံပြန်ခြင်းမျိုးများဖြင့် ဒီမိုကရေစီ လိုလားသော အနောက်နိုင်ငံနှင့် ဥရောပနိုင်ငံတိုက အတိုင်းအတာတစ်ခုထိ ပိုင်ပိုင်နိုင်နိုင် သိုင်းဝန်း စေ့စပ်ဆွေးနွေးရန် ဒိုင်ယာလော(ခ်)များဖြင့် တဆင့်တဆင့်ပြီး တဆင့် တက်လှမ်းသွားရန် အတွက်သာ လုပ်ဆောင်ကြတော့မည်ဖြစ်သည်။

အရပ်သားအစိုးရကို သံတမာန် နည်းဗျူဟာတွင်လည်း၊ စီးပွားရေး၊ လူမှုရေးဝိုင်းဝန်း လုပ်ဆောင်ရေးတို မှတဆင့် လက်ရှိအနေအထား ထက်ပိုမိုကောင်းမွန်သော အနေအထား တစ်ခုရောက်အောင်အတွက် အရပ်သားအစိုးရအား မြန်မာနိုင်ငံဒီမိုကရေစီ ဖေါ်ဆောင်မှု အောက်တွင်နှင့် ကျဆင်းနေသော ဘက်စုံ အခြေအနေ အားလုံးတို့တွင် အတိုက်အခံ အုပ်စုအားလုံးနှင့် အတူတကွ အပြုသဘောများ ဖြင့် ပူးပေါင်း ဆောင်ရွက် ပြောဆိုရန် ၀ိုင်းဝန်းလမ်းဖွင့်ကြ ပေလိမ်မည်။ ထိုသို့သော အကြောင်းကိုသာလျှင် ၀ိုင်းဖေါ်ဆောင် ပေးဖိုသာ အားလုံးသောနိုင်ငံများ အာရုံစိုက်လာ ကြရတော့မည်ဖြစ်သည်။

ကုလသမဂ္ဂအဖွဲချုပ် အထွေအထွေအတွင်းရေးမှူးချုပ်အပါအ၀င် ကမ္ဘာနိုင်ငံကြီးများရဲတံခါးပိတ် အစည်းအဝေးအတွင်း အဖြေရှာ ကြည့်နေကြပြီးသားဖြစ်ပါသည်။ ကုလသမဂ္ဂအနေနှင့် အဖက်ဖက်က အကောင်းဆုံး ဖြစ်ရန်အတွက် ကမ္ဘာကုလသမဂ္ဂရဲ့ ပြဌာန်းထား သော ဥပဒေသများ၊ ကျင့်ဝတ်ဘောင်နှင့်အညီ ၀ိုင်းဝန်ခင်းကျင်း ကူညီလုပ်ဆောင်ပေးသည်ကို ကိုယ့်ဆန္ဒအတိုင်း ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည် ဖြစ်စေ ဖြစ်လာသောအခြေအနေကို ကြည်ဖြူ စွာပင်လက်ခံကြိုဆိုရပေမည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို အပေါ်မှလာသော တည်ဆောက်မှသာလျှင် ဒီမိုကရေစီနိုင်ငံသို့ ရှေးရှု သွားနိုင်မည်ဟု ယုံကြည်စွာနှင့် လုပ်ဆောင် အကောင်အထည်ဖေါ်နေသော လက်ရှိစစ်အစိုးရနှင့် ၁၉၉၀ပြည့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်များရဲ့ မိခင်ပါတီ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အားလုံးနှင့် တွေဆုံဆွေးနွေးကာ မကြာသေးခင်ကမှ အတည်ပြုလိုက်သော အခြေခံ ဥပဒေပြန်လည် ညှိနိုင်းရေးဆွဲ စေချင်သော အဖြစ်တိုသည် အမှန်တကယ် ပေါ်ထွန်းလာဖိုကား အလားလာ မရှိနိုင်တော့ သည်အခင်း အကျင်းသို့ ရောက်ရှိသွားတော့မည်ဖြစ်သည်။

ပကတိအခြေအနေကို သုံးသပ်ရန် အထပ်ထပ်တိုက်တွန်း ပြောဆိုနေခဲ့ကြသော အခြားသောမြန်မာ့ အရေးကို စိတ်ဝင်စားကာ ထယ်ထယ်ဝါ၀ါ သိမြင်သော ပြင်ပနိုင်ငံများမှ နိုင်ငံရေး အတတ်ပညာရှင်တချို့နှင့် မြန်မာ့နိုင်ငံရေး အတတ်ပညာရှင်တချို့က စစ်အာဏာရှင်အောက်တွင် ကြာညောင်းခဲ့သည် မြန်မာနိုင်ငံကို နိုင်ငံတကာ စံချိန်မှီ ဒီမိုကရေစီ တည်ဆောက်နိုင်ရန် ဆိုတာထက် အစပထမတွင် မြန်မာနိုင်ငံတ၀ှမ်းတွင်" ဒီမိုကရေစီဝါဒေါ်ေါ်သီသီလက်ခံ ကျင့်သုံးနိုင်ရန် အတွက် လုပ်ပေးဖိုသည်သာ အဓိကဖြစ်ကြောင်း နှင့် ထိုသည်သာလျှင် အလွန်အရေးပါသည" ဟု ခိုင်ခိုင် မာမာဆိုကြသည်။

ထိုအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်း အနေနှင့်သော်လည်း၊ မိခင်ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် အနေနှင့်လည်း မိမိတိုလိုချင်သော တွေဆုံဆွေးနွေးရေး၊ "၁၉၉၀ ပြည့်ရွေးကောက်ပွဲ အနိုင်ရ လတ်တော်ကိုယ်စားလှယ်များဖြင့် အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ အပြုသဘော ဆောင် သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် သုံးပွင့်ဆိုင် သဘော တူညီချက်မျိုး ရရှိရန် အချိန်ကားအလွန် နည်းပါးသွားသည်တွေ့ ဆုံဆွေးနွေး ရေးသည် အချိန်တိုတိုနှင့် အောင်မြင်မည်၊ ထိရောက်မည်၊ ဆိုတာကို လည်း ယတိပြတ် မပြောနိင်တော့ သောအခင်း အကျင်းဖြစ်" လာတော့မည်ကို ကြိုတင် လက်ခံသိရှိထား ကြတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အမြူတေရေး၊ ဖွံဖြိုးတိုးတက်သော လူဘောင်အသိုင်းအ၀ိုင်းတရပ် ပြန်လည်ဖြစ်ရန်နှင့် လက်ရှိ ခံစားနေရသော အထွေထွေအကျပ်တည်းမှ လွတ်မြေက်ရန်အတွက် အခြေအနေအားလုံးကို လက်တွေသိုမဟုတ် ပကတိအတိုင်း နားလည်စွာ သဘောပေါက်ရန်နှင့် အနုပညာ မြောက်စွာ ပါးနပ်ရန်အမှန်လို အပ်နေသည့် အဓိက ခေါင်းဆောင်တိုမှာ " ဒေါ်အောင်ဆန်း စုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် အပါအ၀င်၊ ကျန် လက်နက် ကိုင်တိုင်းရင်းသားများ" တို့ပင် ဖြစ်သည်။ ထိုအတူ ကျန်ရှိသောနိုင်ငံရေးပါတီအသီးသီးတိုနှင့် ပြည်တွင်း၊ပြည်ပတွင် စစ်အစိုးရနှင့် သဘောတရား မတိုက်ဆိုင်သော အဖွဲ့အစည်းအားလုံးတိုသည်လည်း အထက်ပါအခြေအနေကို မည်သို့မည်ပုံ လိမ်မာပါးနပ်စွာ လုပ်ဆောင်ရမည်ကို ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်သည်။

ထိုအတွက်ကြောင့် များမကြာမှီတွင်ဖြစ်လာနိုင်ချေရှိသော အခြေအနေများကို ကျွန်တော်တို့ အတိုက်အခံ များဖက်မှ ကောင်းသော အမြင်၊ကောင်းသော တုံးပြန်မှုအဖြစ် ကြိဆိုကြမည်လား၊ တခြား အကြောင်းအရာ အခင်းကျင်းကို ဖန်တီးမလား၊ သို့မဟုတ် မည်သို့သော အနေအထားကို လုပ်ဆောင်မည် ဆိုတာတော့ ကြိုတင်စဉ်းစား ကြစေလိုပေသည်။ ထိုအတွက်ကြောင့် ဆုံးဖြတ်၊ချိင့်ချိန် လှုပ်ရှားပြောဆိုမှုကိုလည်း သေသေချာချာ ဆောင်ရွက်ရတော့မည်၊ တာဝန်ခံ၊ တာဝန်ယူ ရတော့မည့် အချိန်သည်မကြာမီ ရောက်လာတော့မည်ဆိုတာ ကတော့ အသေအချာဖြစ်ပါသည်

သမိုင်းတွင်နိုင်သည့် အပြောင်းအဠဲတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်နှင့် ကျန်မဟာမိတ် အတိုက်အခံပါတီများအခြားသော အတိုက်အခံပါတီတို့သည် ကြီးမားသောစိမ်ခေါ်မှု ကြီး သို့မဟုတ် သိက္ခာ၊သမိာတိုနှင့် ရင်းကာ၊ စိတ်တည်ငြိမ်စွာနှင့် စစ်အစိုးရကို ရရှိထားသည် နိုင်ငံရေး အတွေအကြံတိုဖြင့် သတိပြု လက်ဆွဲနှုတ်ဆက်ရတော့မည့် အခြေအနေကတော့ စစ်အစိုးရ (န၀တ) မှ ခင်းကျင်းနေပြီဖြစ်ပါသည်။

၂၀၀၇ တွင် ၉၂% ဖြင့် ရေးဆွဲအတည်ပြ ထားသည်ဟုဆိုသော အခြေခံဥပဒေ အရ အရပ်သား အစိုးရ ပေါ်ပေါက်ရန် ကျင်းပမည် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် မလွဲမသေ ဖြစ်တည် ရောက်လာမည် ဖြစ်သလို တဖြေးဖြေးလည်းနီးကပ်လာနေပြီဖြစ်ပါသည်။

အထက်ပါ ထင်မြင်ချက်သည် ဖြစ်နိုင်သော အခြေအနေ ဆိုတာထက် ဖြစ်လာသောအခင်းအကျင်း ဖြစ်နေပြီး စစ်အစိုးရ အနေနှင့် ရရှိသော အခွင့်အရေးကို အမှန်တကယ်ကို အပြည့်အ၀ လက်ဦးမှုယူကာာ တမတ်သား ဒီမိုကရေစီစနစ်နှင့် မြန်မာနိုင်ငံနိုင်ငံ၏ နိုင်ငံရေးတွင် ခေါင်းဘဲဖြစ်ဖြစ်၊ ပန်းပဲဖြစ်ဖြစ်၊ ဒေါင်လိုက်ဘဲ ဖြစ်ဖြစ် မြန်မာနိုင်ငံရေးတွင် ၀င်ရောက်လုပ်ဆောင်သွားမည် ဆိုတာကတော့ ငြင်းဖွယ်ရာ မရှိကြောင်း ဆိုတာက တော့ သေချာနေသည် ဖြစ်ပါသည်။

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.