Wednesday, November 12, 2008

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: Alphabet တွေမှပြောသောစကားများ

Alphabet တွေမှပြောသောစကားများ


ဒီတစ်ခါတော့ ကိုယ့်နာမည်ကို အင်္ဂလိပ်လို ပေါင်းပြီး သင်ဟာ ဘယ်လိုလူမျိုး၊ ဘယ်လိုစိတ်ဓာတ် ရှိတဲ့လူလဲ ဆိုတာကို ကြည့်ကြရအောင်နော်။ မိမိနာမည်ကို အင်္ဂလိပ်လို ချရေးလိုက်ပါ။ အဲဒီမှာ စာလုံးတစ်လုံး ချင်းစီရဲ့ အဓိပ္ပါယ်လေးတွေကို ဖတ်ကြည့်ရင်း သင့်ရဲ့ စိတ်နေ စိတ်ထားကို သိနိုင်ပါတယ်တဲ့။ ၁၀၀% မှန်ရမယ်လို့ မဆိုလိုပါဘူး။ တိုက်ဆိုင်ရင်လည်း တိုက်ဆိုင်မယ်။စာလုံးတိုင်း စာလုံးတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့ သူရှိပါတယ်တဲ့။

ဥပမာ ပြောမယ်နော်၊ အိပ်မက် ဆိုတာကို အင်္ဂလိပ်လို ပေါင်းတော့ DREAM ဒါဆိုရင် သူ့အဓိပ္ပါယ် လေးတွေ ကြည့်ကြ ရအောင်နော်

D-အယုံလွယ်သူ
R-အပေါင်းအသင်းမင်တတ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
M-အောင်မြင်မှုတွေကိုရရှိသူ ဆိုပြီးနိုင်ပါတယ်။


အစအဆုံးဖတ်ချင်ရင်တော့
A-ရင်ထဲခံစားရသည့် အရာကို ထုတ်ဖော် မပြောတတ်သူ
B-အရာရာသတိရှိသူ
C-အရှက်ကြီးသူ
D-အယုံလွယ်သူ
E-စိတ်လှုပ်ရှားလွယ်သူ
F-လူတိုင်းရဲ့ချစ်ခင်ခြင်းကိုခံရသူ
G-အကောင်းမြင်ဝါဒရှိသူ
H-သမာသမတ်မရှိသူ
I-အမြဲပျော်ပျော်နေတတ်ပြီး၊သူတစ်ဖက်သားကိုလည်းပျော်စေတတ်သူ
J-မနာလိုတတ်သူ
K-အသစ်အဆန်းကို အမြဲစမ်းသပ်နေသူ
L-အချစ်ကို ကိုးကွယ်သူ
M-ကိုယ်လုပ်ခဲ့သည့် အရာအတွက် အောင်မြင်မှု အလွယ်တကူ ရရှိခံစားနိုင်သူ
N-အလုပ်အကိုင် အတည်အကျ မလုပ်ချင်ဘဲ ခဏခဏ ပြောင်းတတ်သူ
O-ပွင့်လင်းတတ်သူ
P-ဖော်ရွေတတ်ပြီး နာလည်မှု့ မပေးနိုင်သူ
Q-တစ်ကိုယ်ကောင်းဆန်သူ
R-အပေါင်းအသင်း မင်တတ်သူ
S-စိတ်အပြောင်းအလဲမြန်သူ
T-စိတ်သဘောထား အင်မတန်ကြီးမြတ်သူ
U-အဆင့်အတန်း ခွဲခြားတတ်သူ
V-ခန္ဒာကိုယ်အချိုးအစားပြေပြစ်ချောမောသူ
W-တစ်ကိုယ်တည်းသီးသန့်နေလိုသူ
X-သူများအပြောမခံချင်သူ
Y-အကြောင်းမရှိဘဲ စိတ်ပူပန် တတ်သူ၊စိုးရိမ် ကြောင့်ကြနေသူ
Z-အမြဲရန်လို တတ်သူ၊ပြဿနာတွေကို ဖန်တီးသူ

ဒီလောက်ပါဘဲ။ သင်တို့ နာမည်ကိုလည်း အင်္ဂလိပ်လို စာလုံးပေါင်း ကြည့်ပြီး၊ ကိုယ်ဟာ ဘယ်လိုလဲဆိုတာ သိနိုင်တာပေါ့နော်။

မေးလ်ပေးပို့သည့် နိုင်ငံခြားသား သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်ကို ဆီလျော်အောင် မြန်မာမူ ပြုလိုက်တာပါ။

တစ်စုံတစ်ရာ မှားယွင်းခဲ့သည် ရှိသော် ဘာသာပြန်သူ မက်မက်ခေါ် Dream ၏ညံ့ဖျင်းမူကြောင့်သာ ဖြစ်ပါသောကြောင့် နားလည်ပေး နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊
:) :)

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.