Saturday, October 4, 2008

[ဆိုးသွမ်း] 1 New Entry: အစ်ကိုရဲ့ ဇနီး ( ၂ )

အစ်ကိုရဲ့ ဇနီး ( ၂ )

လေးသက်နွယ်

ကျမက အလှအပကို မြတ်နိးတယ်။ ကျမရဲ့ ချစ်သူနဲ့ အိမ်ထောင်ကျပြီး သူအိမ်ကိုလိုက်နေဖြစ်တာပေါ့။ သူက ရိုးသားတယ် ၊ ကြိုးစားတယ် ၊ အမေကိုလည်း ချစ်တက်တဲ့ သားတစ်ယောက်။ စီးပွားလည်း အရှာကောင်းတော့ ငွေကို ကျမတို့အနေနဲ့ ရေလို သုံးနိင်တဲ့ အဆင့်ရှိပါတယ်။ နောက်ပြီး ကျမက အနုပညာကို ၀ါသနာပါတယ်လေ။ သူဆီမှာ ညီတစ်ယောက်ရှိတယ် ဆိုပေမယ့် တခါတလေမှ ပဲတွေ့ရတယ် ။ လူကတော့ ရည်ရည်မွန်မွန်ပါပဲ။ ကျမယောင်္ကျားထက် အရပ်အနည်းငယ်ပုပေမယ့် ခပ်ချောချာမောမောပါ။ သူက အိမ်ကို ၁ လတခါလောက်မှ လာတယ်။ အမေလာရင် ကျမတို့ မိသားစု လေးယောက်ထမင်းအတူတူ စားနေကြပေါ့။ အဲဒီအချိန်ဆိုရင် သူလာပြီလေ။ သူနဲ့ကျမနဲ့က လူငယ်လည်း လူငယ်ဖြစ်ပြန် ၊ အနုပညာလည်း ၀ါသနာပါ ၊ လွတ်လွတ်လပ်လပ် နေထိုင်ရတာလည်း စရိုက်တူပါတယ်။

ဒီလိုနဲ့ တစ်နေ့တော့........

ကျမ ယောင်္ကျား ကိုကိုကြီးက ကျမကို ကျွန်မတို့ ကလေးယူရအောင်တဲ့ ။ တကယ်ဆို ကျမက မလိုချင်သေးဘူး။ ကလေးယူရင် ကျမ အရင်လို မလှတော့မှာကို စိုးရိမ်တယ်လေ။ ကျမလွတ်လွတ်လပ်လပ် မနေရတော့ဘူး။ စားချင်တာ မစားရတော့ဘူး။ မိခင်စိတ်မရှိတာ မဟုတ်ပေမယ့် ကျမအနေနဲ့ စောသေးတယ်လို့ ထင်လို့ပါ။ အဲဒီနေ့က ကျမနဲ့သူနဲ့ စကားအကြီးအကျယ် များကြတယ်။ သူကလည်း ကလေးယူဖို့ ကိစ္စကို တိုက်တွန်းလာတာ ၂ နှစ်ကျော်လောက် ရှိပြီဆိုတော့ ဒီတခါတော့ အလျော့ပေးမဲ့ပုံ မပေါ်ဘူး။ ဒါနဲ့ ကျမလည်း ဘယ်လိုမှ ပြောမရတဲ့ အဆုံး စိတ်ညစ်ပြီး အိမ်ကနေ ခဏထွက်လာခဲ့တယ်။ ဘယ်ဆီဘယ်ဝယ် ဆိုတာ ရည်ရွယ်ချက် မရှိပေမယ့် ကားမောင်းနေရင်း နောက်ဆုံး ခင်မောင်လတ် ( သူ့ညီ ) ဆီသွားဖို့ ဆုံးဖြက်လိုက်တယ်။ ကျမ ယောင်္ကျားကတော့ ရုံးကို ပြန်သွားခဲ့ပါပြီ။

ခင်မောင်လတ် နေတဲ့ အိမ်ကိုရောက်တော့ ပန်းချီကားချပ်တွေနဲ့ အလုပ်ရှုပ်နေတာကို သူ့သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ သူက ကျမကိုမြင်တော့ ထလာပြီး " ဒီကို မလာတာကြာပြီ ဖြစ်ကြောင်း ၊ အိမ်က အစ်ကိုရော နေကောင်းရဲ့လား ၊ အမရော အဆင်ပြေလား " စသည့်ဖြင့် မေးမြန်းပါတယ်။ ကျမလည်း လက်ရှိဖြစ်လာတဲ့ ပြဿာနာကို သူ့ကို အရင်ပြောပြပြီး စိတ်ညစ်လို့ ခဏထွက်လာတာ ဖြစ်တယ်လို့။ နင့်အစ်ကိုလည်း စိတ်ဆိုးသွားလို့ သူ့ကို ပြန်ချော့ရအောင် လက်ဆောင်ပေးချင်လို့ ပန်းချီကား လာဝယ်တာဆိုတော့ သူက ကျမကြိုက်တဲ့ ပန်းချီကား တစ်ချပ်ကို ရွေးပြီး အလကားပေးလိုက်ပါတယ်။ နောက်လည်း လာလည်နိင်ပါတယ်တဲ့။ မတွေ့တာ ကြာလို့ ကျမ ပိုချောလာတဲ့ အကြောင်းတောင် အညွှန်းဖွဲ့ပြောပြနေသေးတယ်။ ကျမလည်း ကျေနပ်တာပေါ့။ ကိုယ့်အလှကို လှကြောင်းပြောတာကို။ ဒါနဲ့ ပန်းချီကားကို ယူပြီး သူ့ကို နုတ်ဆက်ကာ အိမ်ကို ပြန်လာခဲ့ပါတယ်။

အိမ်ရောက်တော့ သူပေးလိုက်တဲ့ ပန်ချီးကားကို ကျမတို့ အိမ်ရဲ့ ဧည့်ခန်းမှာ ချိတ်ထားရင်း ညနေယောင်္ကျား ပြန်အလာကို စောင့်နေလိုက်တယ်။ ညနေစောင်း သူပြန်လာတော့ ဒါဟာ ကျမရဲ့ လက်ဆောင်ဖြစ်ကြောင်း ၊ ရှင့်ညီဆီက သွားဝယ်တာ ၊ ကျမကို အလကားပေးလိုက်ကြောင်း ၊ ဒီကားတချပ်ဟာ လက်၇ှိပေါက်ဈေးနဲ့ ၅ သိန်းအထက်မှာ ရှိကြောင်း ၀မ်းသာအားရ ပြောပြလိုက်တာကို သူတုံပြန်လိုက်တဲ့ ပုံစံက ကျမကို အရမ်းကို အံသြစေခဲ့ရပါတယ်။

" အဲဒီကားအတွက် အဖိုးအခ မင်းဘာပေးခဲ့ရလဲတဲ့ "

ကျမ ရှက်လည်းရှက် ၊ ဒေါသလည်း ဖြစ်သွားခဲ့တယ်။ တကယ်ဆို ကျမတို့က မောင်နှမတွေ မဟုတ်လား။ သူ့ညီတစ်ယောက်နဲ့ ဒီလို မပြောသင့်ဘူး ။ ကျမရဲ့ သူ့အပေါ် ထားခဲ့တဲ့ စေတနာတွေဟာ သဲထဲ ရေသွန်ဖြစ်ခဲ့ရတယ်လေ။ ကျမအဲဒီလို ဖြစ်သွားတာ တွေ့တော့မှ သူက ပြန်ပြီး

" ကိုယ်ပြောတာ မင်းသူ့ကို ပိုက်ဆံ ပေးခဲ့ရသေးလား ဆိုတာပါ ၊ မင်းလက်ဆောင်ကို ကိုယ်ကြိုက်ပါတယ် ၊ အခုတော့ ပင်ပန်းလို့ ကိုယ်ရေးချိုးလိုက်ဦးမယ် " ဆိုပြီး ထထွက်သွားခဲ့ပါတယ်။ အဲဒီညက တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဘဲ ကိုယ်စီအိပ်ရာဝင်ခဲ့ကြပါတယ်။ ကျမလည်း ဟိုတွေး ဒီတွေးရင်း အိပ်ပျော်သွားခဲ့ပါတယ်။ မနက်မိုးလင်းတော့ သူကျမကို နမ်းပြီး ရုံးသွားဖို့ နုတ်ဆက်သွားတာကိုတော့ သိလိုက်ပါတယ်။

ဆက်ရန်......

You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.