Monday, December 15, 2008

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: နှမ လက်လျှော့နေလေတော့ (မစ္စတာ ခရီရေတာ)

နှမ လက်လျှော့နေလေတော့ (မစ္စတာ ခရီရေတာ)

Yadanabon Super Center ဆောက်လုပ်မှုအခြေအနေ သတင်းပေးပို့ခြင်း

• မီးလောင်ခံ ရတနာပုံဈေးနေရာတွင် M.G.W co.ltd က Yadanabon Super Center အား ဆောက်လုပ်ရန် အတွက် မြေတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ မြေအောက်ထပ်ပါသဖြင့် မြေများတူးဖော်ရပြီး တူးဖော်ရရှိသော မြေများကိုလည်း ၁၀ ဘီးကား တစ်စီးလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့် ရောင်းစားပါသည်။

• လွန်ခဲ့သော ၁ လကျော်က ဈေးတူးဖော်မှုရပ်ခဲ့သဖြင့် စုံစမ်းကြည့်ရာ မြေ၀ယ်မည့်သူမရှိသဖြင့် မြေအောက် တွင် မြေတူးဖော်ခြင်း ရပ်ထားကြောင်း သိရပါသည်။ လုပ်ငန်း ၁ လကျော် ရပ်ဆိုင်းခဲ့ပါသည်။ လွန်ခဲ့သော ၁၀ ရက်ခန့်မှစပြီး ၁၀ ဘီးကားကြီးများဖြင့် မြေသယ်နေသည်ကို တွေ့ရပြန်ပါသည်။ လုပ်ငန်းပြန်စသည့်သဘော ဖြစ်ပါသည်။

• ထို့အပြင် M.G.W မှ မြေညီထပ်ရှိ ဆိုင်ခန်းနေရာ တော်တော်များများကို မူလဈေးသည်များ မဟုတ်သည့် ငွေ ရှင်ကြေးရှင်များကို ရောင်းချပြီးနေကြောင်း ကြားရပါသည်၊ မူလဈေးသည်များကိုတော့ မြေအောက်ထပ်ခန်းပို့ မည်ဟု ကြားနေရပါသည်။ M.G.W အနေဖြင့် ဆောက်လုပ်ရန်ငွေမရှိသဖြင့် ဈေးဆိုင်ခန်းများကို ကြိုတင် ရောင်းချပြီးမှ ရသည့်ငွေဖြင့်ပင် ပြန်ဆောက်ရမည်ဟု ကြားနေရပါသည်။

• မြို့တော်ဝန်မှ ဈေးသူဈေးသားများအား ပြောခဲ့သည်မှာ ဈေးဖျက်ချိန် ၃ လ အသစ်တည်ဆောက်ချိန် ၂ နှစ် ကြာမည်ဖြစ်ပြီး မူလဈေးသည်များအား မူလအကျယ်အ၀န်းအတိုင်း မြေညီထပ်တွင်ပေးမည်ဟု ပြောခဲ့ပါသည်။ သို့သော် ဈေးကြီးဖျက်ချိန် ၆ လကျော်ကြာခဲ့ပါသည်။

• ကျွန်တော်တို့ တင်ပြလိုသည်မှာ ထိုကဲ့သို့ ကြီးမားသော လုပ်ငန်းကြီးအတွက် မြေ၀ယ်မည့်သူမရှိသဖြင့် မြေမ တူးခြင်းသည် သဘာဝမကျပါ။ ဆောက်လုပ်ရန် ငွေကြေးမရှိသဖြင့် ဈေးဆိုင်များ ကြိုတင်ရောင်းချပြီး ဆောက် လုပ်မည်ဆိုပါကလည်း မဟုတ်သေးဟု ထင်ပါသည်။

• ရတနာပုံဈေးကြီး တည်ဆောက်ရန်အတွက် လူတိုင်းစိတ်ဝင်စားသော်လည် M.C.D.C မှ လေလံမခေါ်ဘဲ M.G.W သို့သာ ချပေးခဲ့ပါသည်။ စည်ပင်အနေဖြင့် လုပ်ချင်ရာ လုပ်သည့်သဘော ဖြစ်ပါသည်။

• Mandalay မြို့တွင်းသို့ ၃ တန်နှင့် အထက်ယာဉ်များ မ၀င်ရ သတ်မှတ်ထားပါသည်။ သို့သော် ရတနာပုံဈေး ဆောက်လုပ်ရေးမှ ၁၀ ဘီးကား မြေသယ်ယာဉ်များသည် ၇၇ လမ်းမှ ၃၅ လမ်းသို့လာပြီး အရှေ့သို့တက်ပြီး အောင်ပင်လယ်ဘက်သို့ မြေသွားရောင်းစားနေပါသည်။ ၃၅ လမ်းမှာ ၇၃ လမ်းမှ ၇၈ လမ်း အထိ နိုင်လွန် ကတ္တရာလမ်းဖြစ်ပြီး ယခု ၇၃ လမ်းမှ အောင်ပင်လယ်ဆုံအထိ နိုင်လွန်ကတ္တရာလမ်း ခင်းနေပါသည်။ မြေသယ် ကားကြီးများသွားလာနေသဖြင့် ယာဉ်လမ်းပိတ်ဆို့ပြီး လမ်းပျက်စီးကာ လမ်းလည်းညစ်ပတ်ပါသည်။ ၇၃ လမ်း မှ အောင်ပင်လယ်လမ်းဆုံအထိ ယခုမှ နိုင်လွန်ကတ္တရာလမ်းခင်းနေဆဲ ဖြစ်ပါသည်။ မြေသယ်ကားကြီးများ သွားပါက ထိုနိုင်လွန်ကတ္တရာလမ်းမှာ မည်မျှခံနိုင်မည်နည်း။ စဉ်းစားစရာပါ။ ထိုကားကြီးများ သွားလာနေ သော်လည်း M.C.D.C မှ ပိတ်ပင်တားဆီးခြင်း မရှိပါ။ မြို့တော်ဝန် ဗိုလ်မှူးချုပ် ဘုန်းဇော်ဟန်နှင့် M.G.W တို့ မည်သို့ ဆက်နွယ်ပက်သက်သည်ကို စဉ်းစားသာ ကြည့်ကြပါတော့။

မီးလောင်ခံ ရတနာပုံဈေးမှ
ဈေးသူဈေးသားများ

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.