Monday, December 15, 2008

[Sai Wunna] 4 New Entries: သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ

သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ

( စစ်အစိုးရမှ မတရားနှစ်ရှည်ထောင်ချထားသော သျှမ်းခေါင်းဆောင်များ)

ဗုဒ္ဓဟူးနေ့၊ 10 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်
ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌ အကျဉ်းကျခံနေရသူ သျှမ်းခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကို အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြင့်ခဲ့ပါသည်။ ယခုလ ၉ ရက်နေ့က မွန်ဇာ မြို့တော်ခန်းမ၌ ကျင်းပ သောဆုပေးပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး ကိုယ်စား ဘရပ်ဆဲလ် အခြေစိုက် ဥရောပ မြန်မာရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးဘိုဒီဇော်မင်းက တက်ရောက် လက်ခံခဲ့ပါသည်။

http://shanhumanright.blogspot.com/

၎င်းနဲ့ပတ်သက်ပြီး ဥရောပ-မြန်မာရုံး ညွန်ကြားရေးမှူး စ၀်ဟန်ယောင်ဟွေ့က " ကျနော်တို့ သျှမ်းခေါင်းဆောင် တွေတကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တာပါဘဲ။ နှစ်ရှည်ထောင် ကျခံ နေရပေမဲ့ ကျန်းမာရေး ကောင်းဖို့အဓိက ဖြစ်နေတဲ့အတွက် စိတ်ဓါတ်မကျဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ကျနော် က အားပေးစကားပြောချင်ပါတယ်။ ဆက်လုပ်စရာရှိတာကို ကျနော်တို့နောင်လာနောက်သားတွေ ဆက်လုပ်သွား မယ်လို့လဲ ပြောချင်ပါတယ်" လို့ပြောပါတယ်။
သျှမ်းခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်ကျခံရမှုကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သျှမ်းမျိုးဆက်သစ် လူငယ်များ အနည်းငယ်တုန့်နှေးသွားခြင်းနှင့်ပတ်သက်၍ စ၀်ဟန်ယောင်ဟွေ့က "ဖြစ်နိုင်တယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတိုင်းကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေပေးပြီး မိသားစုထောင်ဝင်စာတွေ့ဖို့ခက်တဲ့ ဗမာ ပြည် နယ်စွန်နယ်ဖျားကို ပို့ပို့ပစ်တာဟာ မျိုးဆက်သစ်လူငယ်တွေနိုင်ငံရေး၊ အမျိုးသားရေးမလှုပ်ရှားရဲအောင် လုပ်ပြတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မြန်မာပြည်ကြီးဒီမိုကရေစီ မရမချင်း၊ စစ်မှန်သော ပြည်ထောင်စုကြီးမဖြစ်မချင်း၊ စစ်အာဏာရှင်မကျဆုံးမချင်း ကျနော်တို့တိုင်းရင်းသား တွေဟာဖိနှိပ်မြဲဖိနှိပ်ခံနေရဦးမှာဘဲ။ ဒါကြောင့်ကြောက်ရွံ့လို့မနေနဲ့၊ တုန့်နှေးလို့မနေနဲ့၊ လုပ်စရာရှိတာလုပ်သွားပါ။ သူများကိုသွားအားကိုးနေလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်အားကိုးရမယ်။ ကိုယ့်အချင်းချင်း စည်းလုံးရမယ်။ စည်း စည်းလုံးလုံးနဲ့ လုပ်စရာရှိတာလုပ်သွားရင် ကိုယ်မျှော်မှန်းတဲ့ပန်းတိုင် မလွဲမသွေရောက်မှာဘဲ။ ယခုနအဖရဲ့ လုပ် ရပ်ဟာ ခြိမ်းခြောက်တာသက်သက်ဘဲဖြစ်တယ်။ လုပ်စရာရှိတာဆက်လုပ်သွားရင် သူတို့လဲ ဘယ်လိုမှမတတ် နိုင်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ အဖမ်းခံရသည့်တိုင်အောင် မကြောက်မရွံ့ စိတ်ဓါတ်ကြံ့ခိုင်နေသေး တာဘဲ။ သူတို့လမ်းပြတဲ့အတိုင်း ဆက်လုပ်သွားဖို့ ကျနော်တိုက်တွန်းအားပေးချင်တယ်" ဆက်ပြောပါတယ်။
ယခုလက်ရှိအခြေအနေသည် နိုင်ငံရေး၊ စီးပွါးရေး အခက်အခဲကြုံနေရသည့်အခြေအနေဖြစ်သော်လည်း လွတ် မြောက်သည့်နေ့ တစ်နေ့ရှိမည်မလွဲဟုယုံကြည်ကြောင်း၊ မတရားအကျဉ်းချခံရသည့် မြန်မာဒီမိုကရေစီခေါင်း ဆောင်များအကြောင်းကိုလည်း ယခုကဲ့ သို့ ကမ္ဘာကသိအောင် မိမိတို့အနေဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဦးဟန်ယောင်ဟွေ့ကပြောပြသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရနှင့်လူ့အခွင့် အရေး လှုပ်ရှားသူ မစုစုနွေးတို့လည်း ဂုဏ်ထူးဆောင်ဆု ချီးမြင့်ခြင်းခံခဲ့ရဖူးသည်။ အီတလီနိုင်ငံ ပြည်သူလူထုနှင့် အစိုးရတို့သည် အဖိနှိပ်ခံ မြန်မာပြည်သူများနှင့် တသားတည်းရှိနေကြောင်း ပြသသည့်အနေဖြင့် ကျောင်းသား ရဟန်းရှင်လူ ပြည်သူအား စစ် အစိုးရဖမ်းဆီးကာ နှစ်ရှည်ထောင်ချနေသည်ကို အီတလီနိုင်ငံအနေနှင့် ကန့်ကွက်ကြောင်း အကြောင်းကြားစာပေးပို့ဦးမည်ဟု လည်းသိရပါသည်။

သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက် သျှမ်းပြည် နယ် နေ့ ညစာစားပွဲ ကို အကြောင်းပြု၍ ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ကို ရန်ကုန်မြို့နေအိမ်၌၀င်ရောက်ဖမ်းဆီးခဲ့သည်။ သျှမ်းပြည်အတိုင်ပင်ခံ ကောင် စီဖွဲ့စည်းမှု စွပ်စွဲချက်အပြင်အခြားသော အမှုပေါင်းများ စွာဖြင့်ထောင် ဒဏ် ၉၃ နှစ် စီရင်၍ ဥက္ကဌကြီးအား ရာသီဥတု ဆိုးဝါးလှသော ကချင်ပြည်နယ်ပူတာအိုထောင်သို့ပို့လိုက်သည်။ ထို့အပြင်စစ်အစိုး ရတို့ ဆက်တိုက် ဖမ်းဆီးခဲ့သော SSA အပစ်ရပ် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန့်၊ စိုင်းညွန့်လွင် အပါအ၀င် ၂၀၀၆ မေလ က သံတွဲထောင်၌ ကွယ်လွန်သွားသော သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် ဆရာဦးမြင့်သန်းနှင့် အဖွဲ့ဝင်များကို ထောင် ဒဏ် ၇၅ မှ ၁၀၆ နှစ်အထိ နှစ်ရှည်ချမှတ်၍ ရာသီဥတုဆိုးဝါးလှသော မြန်မာပြည်နယ်စွန် နယ်ဖျား အသီးသီးသို့ ပို့ဆောင်ခဲ့သည်။

KNU အောင်ပွဲသတင်း

၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။ နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။

၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။

ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။

KNU victory news

On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township, killing one enemy soldier.

Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township, killing two men.

On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township, killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp.

On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades.

On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet’s unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

NCGUB - Border Office
PO Box 70
Mae Sot, Tak
63110
Thailand
Ph: (+66)(0)55-532847
Fax: (+66)(0)55-532847
www.ncgub.net
http://malaria88.blogspot.com/

Sim Card တွေ ကို ဒီနေ့ စရောင်း ပြီ။

ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း ရဲ့ သမီး ဒေါ်စန္ဒာဝင်းဟာ မနေ့ က ပြန်လွတ်လာတယ်လို့ သိရပါတယ်။ သူမနဲ့ အတူ အထိမ်းသိမ်းခံရတဲ့ ခင်ပွန်း အေးဇော်ဝင်း ၊ သား များဖြစ်တဲ့ ဇွဲနေ၀င်း၊ကျော်နေ၀င်း တို့ ကတော့ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပါဘူး။

ဒေါ်စန္ဒာဝင်းဟာ၂၀၀၂ခုနစ်မှာသူဖြစ်သူတွေနဲ့အတူအာဏာသိမ်းဖို့ကြံစည်မှုတွေနဲအထိမ်းသိမ်းခံရသူဖြစ်တယ်။ သူမဟာဦးနေ၀င်းရဲ့ အားကိုးရဆုံးသမီးအဖြစ်လူသိများခဲ့သူဖြစ်တယ်။ သူမအဖေနဲ့ စစ်တပ်ကြား မှာ အာဏာဝေချမ်းရေးလုပ်ငန်းတွေမှာ သူမဟာ ခြေသွက်လက်သွက်လုပ်ပေးခဲ့တယ်။

မဆလခေတ်လျောက်လုံးမှာတော့ ဒေါ်စန္ဒာဝင်းဟာ ဦးသန်းရွေသမီးလိုပဲ ဟေ့ရမ်းမှုတွေနဲလည်း နာမည်ထွက်ခဲ့သူဖြစ်ပါတယ်။ တပ်အတွင်းဗိုလ်မှုးကြီးရာထူးကို ရရှိခဲ့တယ်လို့သိရတယ်။ ၈လေးလုံးလူထုအရေး တော်ပုံကြီးကာလမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူအကြမ်းဖက်လုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြခဲ့သူတွေကို ခေါင်းဖြတ်မှုတွေ၊ အစာထဲအဆိပ်ခတ်မှုတွေ ကို မီးရှို့မှု ၊ ဂိုလ်ဒေါင်ဖေါက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပန်းမှုတွေကို လုပ်ဆောင်ခဲ့တယ်။

သူမကို လူထုမြင်ကွင်းမှာနောက်ဆုံးမြင်ခဲ့ရတဲ့ပွဲတွေ ကတော့ သူမဖခင် ဦးနေ၀င်း အသက်၉၀ ပြည့်မွေးနေပွဲမှာ သူမကိုတွေ့ ခဲ့ရတယ်။ ဦးနေ၀င်း လူရင်းကြီးတွေ သာတက်ရောက်ခဲ့တယ်။ ဒီိထဲက အဖွားကြီးတယောက်က တော့ ဒီလိုသမီးမျိုးကတော့ရှားတယ် လို့ ချီးကြူးခဲ့တယ်။ နောက်တခုပွဲကတော့ မက်သဒစ်ကျောင်းသားဟောင်းများစုံစည်းတဲ့ ပွဲတပွဲမှာ သူမဟာ ဖိလစ်ပိုင် တီးဝိုင်း တီးတဲ့ တန်ဂို တီးလုံးများ ကြားမှာ လိပ်ပြာ တကေင် လို ၀ဲကာပျံကာ ကခုန်နေတာကိုတွေ့ ရပါတယ်။ ဦးနေ၀င်း ဇရာထောင်းလာတာနဲ့ အမျှ သူမရဲ့ စစ်တပ်အတွင်း သြဇာလွမ်းမိုးမှု တွေကျဆင်းလာတယ်။ နောက်ဆုံးမှာ နေအိမ်မှာအကျယ်ချုပ် ခံထိမ်းသိမ်းခဲ့ရ ပါတယ်။

ဘာဖြစ်လို့ နအဖ အနေနဲ့  ဒေါ်စန္ဒာဝင်း ကို ပြန်လွတ်လာတာလဲဆိုတာ မေးခွန်း ရှိနေပါါတယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင်စေချင်တာလား၊ ဦးသန်းရွေက အာဏာကို ထိမ်းသိမ်းထားနိင်တဲ့ အခြေအနေကို ယုံကြည်မှုရှိနေလို့ လား ဆိုတာတွေကတော့ ထည့် သွင်းစဉ်းစားရမဲ့အချက်တွေဖြစ်ပါတယ်။ ဖြစ်နိင်ချေတခုကတော့ ဒေါ်စန္ဒာဝင်း အပါအ၀င် မဆလအဟောင်းများ၊ စစ်တပ်မှာ ဗိုလ်ချုပ်ဟောင်းများ၊တစည များ၊ ယခင်ထောက်လှမ်းရေး များအားလုံးဟာ အားလုံးဟာ အာဏာ စည်းဝိုင်းအပြင်ဖက် ကို ရောက်ရှိနေကြပြီး လူထုအတွင်း၊ ဒီမိုကရေစီအင်အားစုများနဲ့ စစ်တပ်အတွင်းမှာ သြဇာမရှိ သူများဖြစ်နေကြပါတယ်။

http://komoethee.blogspot.com/

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.