Monday, October 27, 2008

[ရွှေပြည်သူ] 1 New Entry: မှားသောရှေ့နေ

မှားသောရှေ့နေ

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ..." အောက်က ဘာသာပြန်ဇာတ်လမ်းလေး မရေးခင် အရင် စာတန်းထိုးတာပါး))

ရှားလတ် (Charlotte) မြို့က ရှေ့နေတစ်ယောက်ဟာ အလွန်ရှားပါး ဈေးကြီးတဲ့ ဆေးပြင်းလိပ်တစ်ဗူးကို ၀ယ်ပြီး တခြားပစ္စည်းတွေနဲ့အတူ အာမခံထားခဲ့ပါတယ်။ တစ်လအတွင်းမှာပဲ အာခမခံပေါ်လစီအတိုင်း ပေးရမယ့်ပိုက်ဆံရဲ့ ပထမဆုံးအရစ်ကိုတောင် မပေးရသေးဘဲ ဆေးပြင်းလိပ်တစ်ဗူးလုံးကုန်အောင် သောက်ပစ်လိုက်တဲ့ ရှေ့နေဟာ အာမခံကုမ္ပဏီဆီက အာမခံကြေးတွေ တောင်းဆိုပါတော့တယ်။ တောင်းဆိုတဲ့နေရာမှာ ရှေ့နေက "ဆေးပြင်းလိပ်တွေဟာ မီးစလေးတွေ ဆက်တိုက်လောင်ပြီး ဆုံးရှုံးခဲ့ရပါတယ်" လို့ ပြောပါတယ်။ အာမခံကုမ္ပဏီကလည်း သူဟာ ဆေးပြင်းလိပ်တွေကို ပုံမှန်အတိုင်းပဲ သောက်ပစ်လိုက်ကြောင်း သိသာလွန်းတဲ့ အကြောင်းပြချက်ကို ကိုးကားပြီး လျော်ကြေးပေးဖို့ ငြင်းလိုက်ပါတယ်။ အဲဒီအခါ ရှေ့နေက တရားစွဲလိုက်ပြီး အနိုင်လည်းရသွားပါတယ်။

အဆုံးအဖြတ်ပေးတဲ့အခါမှာ တရားသူကြီးက အာမခံကုမ္ပဏီပြောတဲ့အတိုင်း ရှေ့နေရဲ့တောင်းဆိုချက်က သိမ်ဖျင်းတယ်ဆိုတာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရှေ့နေအခိုင်အမာ ကိုင်စွဲထားတဲ့ ကုမ္ပဏီရဲ့ အာမခံပေါ်လစီထဲမှာ ဆေးပြင်းလိပ်ကိုလည်း အာမခံလို့ရတဲ့ ပစ္စည်းအနေနဲ့ အာမခံပေးထားသလို မီးဘေးကနေလည်း တာဝန်ယူပေးထားတဲ့အပြင် ဘယ်လိုမီးမျိုးကို လက်မခံနိုင်စရာ မီးမျိုးအဖြစ်သတ်မှတ်တယ် ဆိုတာကိုလည်း ဖော်ပြထားခြင်းမရှိတာကြောင့် ကုမ္ပဏီက အာမခံလျော်ကြေးငွေကို ပေးဖို့တာဝန်ရှိကြောင်း တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။ အာမခံကုမ္ပဏီဟာ အချိန်လည်းကြာ ငွေကုန်ကြေးကျလည်းများတဲ့ အယူခံဝင်တာမျိုး မလုပ်တော့ဘဲ တရားရုံးရဲ့ အဆုံးအဖြတ်ကို လက်ခံပြီး ရှေ့နေရဲ့ရှားပါးတဲ့ဆေးပြင်းလိပ်တွေ မီးလောင်ဆုံးရှုံးမှုအတွက် ဒေါ်လာ ၁၅,၀၀၀ ကို ပေးလျော်လိုက်ပါတယ်။

ချက်လက်မှတ်ကနေ ငွေသားတွေ ထုတ်ပြီးတဲ့အချိန်မှာပဲ အာမခံကုမ္ပဏီရဲ့ တိုင်ကြားချက်ကြောင့် ရှေ့နေဟာ ၂၄ ကြိမ် မီးရှို့မှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ်။ ပထမအမှုတုန်းက အာမခံလျော်ကြေးအတွက် တောင်းဆိုချက်တွေ၊ ပြောခဲ့တဲ့ ထွက်ဆိုချက်တွေနဲ့ပဲ သူ့အမှုကို စစ်ဆေးအပြီးမှာ မိမိရဲ့အာမခံပစ္စည်းကို တမင်ရည်ရွယ်ပြီး ကိုယ်တိုင်မီးရှို့မှုနဲ့ ရှေ့နေဟာ ငွေဒဏ် ဒေါ်လာ ၂၄,၀၀၀ ပေးဆောင်ရပြီး ထောင်ဒဏ် ၂၄ လ (၂နှစ်) ကျခံရပါတော့တယ်။

ရွှေပြည်သူ (ဘာသာပြန်ပါသည်)

မူရင်းကို ဒီနေရာ မှာ ဖတ်နိုင်ပါတယ်။

ဒီဇာတ်လမ်းဟာ တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး Criminal Lawers Award Contest မှာ ပထမဆုရခဲ့တယ်လို့ ဆိုပါတယ်။ မမှားသောရှေ့နေ မသေသောဆေးသမား မရှိဘူး ဆိုပေမယ့် ဒီရှေ့နေကတော့ အမှားကြီးကို မှားခဲ့တာပါပဲ။ ကိုယ်တတ်တဲ့ပညာကို မရိုးမသား အသုံးချခဲ့တာကြောင့် ကိုယ်စိုက်တာကို တန်ဖိုးကြီးကြီးပေးပြီး ကိုယ့်ဘာသာ ရိတ်သိမ်းလိုက်ရတယ်လို့ပဲ ထင်မိပါတယ်။ အားလုံး ရိုးဂုဏ်နဲ့ အောင်မြင်နိုင်ကြပါစေရှင်...း)

You received this email because you are subscribed to the real_time feed for http://shwepyithu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.