Monday, October 27, 2008

[Maung Myo's Heartfelt] 1 New Entry: မြင်ဖူးသောသူငယ်ချင်း Blogger များ (၂)

မြင်ဖူးသောသူငယ်ချင်း Blogger များ (၂)

ဒီအကြောင်းဆက်ရေးဖို့ က ခပ်ကြောက်ကြောက်ပဲ ပြီးခဲ့တဲ့ ပို့ စ်ရေးတုန်းက အထင်လွဲကြပြီး ကိုယ်မြင်ဖူးတဲ့သူငယ်ချင်းတွေကိုမကောင်းရေးသလိုဖြစ်သွားတယ်ထင်တယ် ။ အဲ့လိုမဟုတ်ပါဘူးခင်ဗျာ ကိုယ့်သယ်ရင်းတွေကောင်းကွက်တွေက အများကြီးပါ ကောင်းတာကြီးပဲရေးရင် တော်ကြာမြှောက်နေတယ်ထင်မှာကြောက်လို့  ပေါက်ကရလိုက်ရေးနေတာပါခင်ဗျာ အများကြီးမတွေးပဲ ပေါ့ပေါ့ပါးပါးလေး ဖတ်ပေးကြပါလို့  မေတ္တာရပ်ခံပါတယ်း)။

၂။
သူ့ နာမည်က ဘလော့ဂါ မုတ်သုန်လေ

( အခုတော့ ဘာအရူးထပြီး တောကျောင်းဆရာဖြစ်သွားတာလဲမသိ)
ကျနော်ခေါ်တဲ့ နာမည်တွေကတော့ မုတ်သုန်၊ မျက်မှန် ၊ ငမုတ် (အဲ့နာမည်ခေါ်တာ သူ့ ကိုနာမ်နှိမ်ပါတယ်ဆိုပြီး ဆဲခံထိသေးတယ် ) သူနဲ့ ကျနော်က တစ်သုတ်တည်းပေါ့ ဘလော့စရေးကြတာ နိုဝင်ဘာ ၂၀၀၇ လောက်ကပါ ။ မ99စနေ ရဲ့ သူ့ အကြိုက် ဘလော့ဂါအသစ် 7 ဦး ကိုကြော်ငြာပေးတဲ့ ပို့ စ်မှာ သူနဲ့  ကျနော်လည်းပါတယ် ( ကြွားတာ :P ) အဲ့တော့မှ စေ၇ာက်ဖူးတာ တန်းပိတ်လေးလည်း လှ စာရေးတာတွေကလည်း ရင့်ကျက်ပြီး လေးစားအားကျခဲ့တဲ့ တစ်ယောက်ပေါ့ ။နောက်တော့ အလုပ်ကိစ္စလေးတစ်ခုက စပြီးတော်တော်ရင်းနှီးသွားတာ ။စကားပြောတာက အဖိုးကြီးလေ သံ သူ့ အစားမောလိုက်တာ စာတက်ပေတက် အတက်လွန်သွားတော့ ဟီးး အမှန်တွေကြီးပဲ ပြောတာ အပြင်မှာဆို သတ်ပွဲခဏခဏဖြစ်မှာ အွန်လိုင်းမှာတောင် တုတ် တွေ ဓားတွေနဲ့  သိုင်းချနေပြီး ။ စတွေ့ ဖူးတော့ သြော် ဒါလား မုတ်သုန် သူလည်း 0 နေ p ဟဟားး အတည်ပြောတာပါဆို ထီးကြီးကတစ်ချောင်း ဘေးလွယ်အိတ်ကြီးတစ်လုံး မျက်မှန်ကထူထူနဲ့ ဆိုတော့လေ ရုပ်ရှင်ထဲက ကိုသျှားညို အတိုင်းပဲ ( ၀န်ခံချက် = သူများမျက်ချေးပဲမြင်တယ် ကိုယ့်မျက်ချေး ကိုယ်မမြင်ပါ )။

သူကလည်း အားကျမခံ မှတ်ချက်ချလိုက်တာ ငပျော့တဲ့ ပျော့မလိုလိုနဲ့  ခေါင်းကလည်း မာလိုက်တာဆိုပဲ ။ပြီးတော့ ဆူးလေက ဆိုင်မှာ မုန့် လိုက်ကျွေးတယ် ကုလားမ နှပ်ချေးတစ်ခွက် ၊ အသုတ်တစ်ပွဲ ထမင်းဆီဆမ်း သူကျွေးတာဆိုတော့ ထိုးထည့် သိပ်ထည့် ကောင်းမှကောင်း ။ စာပေ သမားဆိုတဲ့ အတိုင်း ပေးတဲ့ စာအုပ်က ဘယ်သူရေးတာလည်းမမှတ်မိဘူး မုတ်သုန်မှ မောင်မျိုး အတွက် အမှတ်တရ ဆိုပြီး ဘာပဲတွေးတွေး ဆန့် ကျင်ဘက်တွေး ဆိုတဲ့ စာအုပ် နားမလည်လို့  အိမ်မှာ သိမ်းခဲ့တယ်း) ။ ပြီးတော့ ရွှေတဂုံဘုရားလိုက်ပို့ ပေးတယ် ၃ ယောက်ပေါ့ ဟဲဟဲ ပြောဖို့ မေ့နေတယ် ကျနော် သူ့ ကိုအပြင်မှာ ခေါ်တဲ့ နာမည်က ဦးလေး ။ဘုရားပေါ်ကဆင်းတော့ ကျနော်ဆိုက္ကားစီးချင်သေးတယ်ဆိုလို့  ကားဂိတ် နီးနီးကို ဆိုက္ကားစီးကြသေးတယ် ဘာလို့ လဲ မသိ ဆိုက္ကားစီးရတာ ပျော်တယ်။

ခဏလေးပဲတွေ့ ဖြစ်ပါတယ် သူကလည်း တော်တော် အလုပ်ရှုပ်တာဆိုတော့ စကားတောင်သေချာမပြောရဘူးး မုန့် ဝယ်ကျွေး စာအုပ်လက်ဆောင်ပေးတဲ့ အတွက် ကျေးဇူးပါ ဦးလေးမုတ်သုန် နောက်များလည်းများများ ကျွေးနိုင် ပေးနိုင်ပါစေလို့  ငါတော့ ပေးစရာမရှိဘူးး မိန်းမက မှာထားတယ် ရှင့်အခ နဲ့ မှ ရှင်ပေးတဲ့ ငါ့အခက ဘာမှရှိဘူးး ချဲပေါက်ရင်တော့ မျက်မှန်ကောင်းကောင်းတစ်လက် လက်ဆောင်ပေးမယ်နော့် သယ်ရင်းကြီးးးးးးးးးးးးးးး ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.