Friday, November 28, 2008

[ပန်းခရမ်းပြာ] 1 New Entry: ပေါချောင်ကောင်း ဂျပန်စာ

ပေါချောင်ကောင်း ဂျပန်စာ

ဈေးသက်သက်သာသာနဲ့ ဂျပန် အစားအစာ စားလို့ရတဲ့ နေရာလေး ညွှန်းချင်လို့ ...
ရီရွှန်းရွာလေးက တောသူ ညီအစ်မနှစ်ယောက် ဂျပန်စာ သွားစားတာ ကြွားချင်တာလည်း ပါသပေါ့ ။ အဟမ်း ... အဟမ်း …

North point မှာ ဂျပန် အစားအစာတွေချည်း ရောင်းတဲ့ Food court အသစ် ဖွင့်လိုက်ပြီ။ အဆင် အပြင်က လှလှပပ၊ မျက်နှာကြက်မှာ မီးအိမ် မီးဆိုင်းလေးတွေနဲ့ တကယ့် စားသောက်ဆိုင်ကြီး အတိုင်း။ ဒါပေမဲ့ စကာင်္ပူ အနှံ့မှာ အလွယ်တကူ တွေ့ရတဲ့ Food court က ဈေးနှုန်း တွေနဲ့ အတူတူပဲ။ Hawker fare လို့ပဲ ဆိုပါစို့ ...။


ညီမ မညိုရဲ့ မွေးနေ့မှာ သွားစားကြတာလေ။ ညစာစားချိန်ဆိုတော့ လူတွေကလည်းများ၊ ဆိုင်တွေ အားလုံးကလည်း ကိုယ်မြင်ဘူးနေကြ မဟုတ်တဲ့ ဂျပန်စာတွေ ချည်းပဲရောင်း၊ တလည်လည်နဲ့ ဘာစားရမှန်း မသိ ဖြစ်နေတာ။ ဆူရှီကိုတော့ လုံးဝ မကြိုက်ဘူး။

နောက်ဆုံး ထမင်းနဲ့ဟင်း ရတယ်ဆိုတဲ့ ဆိုင်ကိုပဲ ရွေးမိလိုက်ရော။ ဆိုင်းဘုတ်မှာ ရေးထားတဲ့ "တန်ဘိုးရှိသော အစားအစာ တစ်စုံ" ဆိုတာကိုပဲ လက်ညှိးထိုးပြလိုက်တယ်။ Value Set Meal ကို ပြောတာပါ ။ ဟီဟိ..

ယွန်းခွက်လို အကန့်လေးတွေနဲ့ ခွက်ထဲ တစ်ခုပြီးတစ်ခု ထည့်ပေးတော့တာပဲ။ ရေးထားတော့ ထမင်းလည်း ပါတယ်တဲ့။ ဒါပေမဲ့ ထည့်ပေးတဲ့ အထဲမှာ ထမင်း မပါဘူး။ မမေးတော့ဘူး။ တန်းစီနေတဲ့ လူတွေ အများကြီး။

ကိုယ့်စားပွဲကို ရောက်မှ ဘာတွေပါလဲ ကြည့်ရတယ်။

ပထမ တစ်စုံက .... ကြက်သားကြော် အရိုးမပါ အသားချည်း၊ ဖက်ထုတ်ပေါင်း သုံးခု၊ ပန်းဖူးစိမ်းကြော်၊ ဗိုက်ထဲမှာ ဥတွေ အပြည့်ပါတဲ့ ငါးကြော် အသေးသုံးကောင်။

နောက်တစ်စုံက .... ဆယ်လမွန်ငါး သုံးတုံး၊ ဝက်သားနဲ့ ဟင်းရွက်ရိုးကြော်၊ ပဲသီးကြော်၊ အလယ်ခွက်ထဲမှာ မှိုနဲ့ ကြက်ဥပေါင်း၊ ဟင်းချို တစ်ခွက်။

နှစ်စုံစလုံးမှာ တူညီတာ တစ်မျိုးပါတယ်။ ဘာမှန်း မသိတဲ့ သုံးမြှေင့်တုံး သုံးခုစီ။ နှမ်း အပြည့်ကပ်ထားတဲ့ အတုံးကို မရဲတရဲ ကိုက်ကြည့်လိုက်တယ်။ အယ်... ထမင်းခဲကြီးပါလား ... ဟာဟ .... နောက်တစ်တုံးက စိမ်းစိမ်း အမှုန့်တွေ ကပ်ထားတယ်။ Seaweeds လို့ထင်တာပဲ။ နောက်ထပ် နှမ်းရော၊ မဲမဲ ဖတ်တွေရော ကပ်ထားတဲ့ ထမင်းခဲ၊ ပုဇွန်ခြောက်မှုန့် အရသာနဲ့တော့ တူတယ်။

ခုမှ ထမင်း ရှာတွေ့ပြီဟဲ့လို့ ဝမ်းသာ အားရနဲ့စား ... ဟင်းတွေ လဲ အားလုံးကုန် ... ရုံးက အပြန် လမ်းမှာ ဝယ်လာတဲ့ Birthday ကိတ်မုန့် ပိစိလေးကို အချိုတည်း ... နောက်ဆုံးပိတ် အိမ်က ယူလာတဲ့ ရေဗူးက ရေကို သောက် ... အိမ်ကို လမ်းရှောက် ပြန်လာကြလေ သတည်း ........။

မွေးနေ့ပွဲ အတွက် ကုန်ကျစရိတ်များကို စာရင်းလုပ်ထားတယ်။

Set Meal 1 …….. $ 5.90
Set Meal 2 …….. $ 5.90
Cake ……………… $ 3.00
Drink …………….. $ 0.00 (အိမ်မှ သယ်လာသော ရေဗူး)
Transport ………. $ 0.00 (လမ်းလျှောက် လာ/ပြန်)

Total ……………………………… $ 14.80

ကိတ်မုန့် အကြီးကို $15 ပေး ဝယ်ပြီး ဖရောင်းတိုင် မီးမှုတ်မလား ....
ခုလို ဗိုက်ဝအောင် စားမလား ....

ဟမ် ... သိပ်ကပ်စေးနဲတာပဲလို့ ထင်တယ်...
ဟုတ်ကဲ့ ... ရှာရဖွေရတာ မလွယ်လွန်းလို့ပါ။

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.